Saturday, October 21, 2017


Woodside ၏ သဘာ၀ ဓာတ်ငွေ့ ရှာဖွေရေး ၂၀၁၈ ကုန်မှ ပြန်စမည် မြန်မာနိုင်ငံရှိ သဘာ၀ ဓာတ်ငွေ့ ရှာဖွေရေးတွင်းများမှ စိတ်ပျက်စရာ ရလဒ်များသည် Woodside အတွက် ထိခိုက်မှု ကြီးကြီးမားမား မရှိလှကြောင်း ပြောဆိုပြီး ဓာတ်ငွေထုတ်လုပ်ရန် ဆုံးဖြတ်ချက်ကို ၂၀၁၈ ခုနှစ် ကုန်မှ ချမှတ်မည် ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ပီတာ ကိုးလ်မင်း က ကြာသပတေးနေ့တွင် ပြောသည်။ သြစတေးလျနိုင်ငံ၏ ထိပ်တန်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း Woodside သည် မြန်မာ့ကမ်းလွန်တွင် ၂၀၁၇ ခုနှစ် အတွက် စီစဉ်ထားသော တွင်း ၅ တွင်းကို တူးဖော်ခဲ့ပြီးနောက် မြေအောက်တိုင်းတာစစ်ဆေးမှုများ ပြုလုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည် ဟု ပီတာ ကိုးလ်မင်းက တွေ့ဆုံမေးမြန်းမှု တခုတွင် ပြောကြားခဲ့သောကြောင့် လွန်ခဲ့သော သီတင်းပတ်က Reuters သတင်းတပုဒ်ကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။ Woodside ၏ တတိယသုံးလပတ် ဝင်ငွေသည် လွန်ခဲ့သော နှစ်ကထက် ၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၉၁၄ သန်းသာ ရရှိသည် ဟု ကြေညာပြီး ၎င်း၏ နှစ်ပတ်လည် ထုတ်လုပ်မှု ခန့်မှန်းချက်ကို လျှော့ချလိုက်ရာ အချို့သော သုတေသီများ၏ ခန့်မှန်းချက်များနှင့် ကွဲလွဲသွားသည်။ ၎င်း၏ ရှယ်ယာဈေးနှုန်းများလည်း ၂ ရာခိုင်နှုန်းခန့် အထိ ကျဆင်းသွားသည်။ မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်ရှိ လုပ်ကွက် A6 ရှိ တွင်း တတွင်းတွင် သဘာဝဓာတ်ငွေ့ အကြွင်းအကျန်မျှသာ တွေ့ရှိရပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ဖွယ် မရှိကြောင်းနှင့် ကမ်းလွန်လုပ်ကွက် AD7 တွင် အစောပိုင်း ရှာဖွေမှု ၃ ခု အရ ဓာတုပစ္စည်း စိမ့်ဝင်နေသော သဲများကို တွေ့ရှိသည် ဟု ဆိုသည်။ လာမည့် ၂၀၁၈ ခုနှစ်အတွက် တူးဖော်ခြင်း မစတင်မီ လုံလောက်သော အချက်အလက်များ ရရှိပြီး ဖြစ်သောကြောင့် မြေအောက် တိုင်းတာစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ရန် မလိုဟု ဆုံးဖြတ်လိုက်ကြောင်း ကိုးလ်မင်းက ပြောသည်။ “ကျနော်တို့ ဘယ်လောက် ခရီးရောက်နေတယ် ဆိုတာကို ကောင်းကောင်းသိပြီး ရပ်ဆိုင်း ထားလိုက်တာဟာ ကောင်းတယ် လို့ နောက်ဆုံးကျတော့ ဆုံးဖြတ်လိုက်တယ်” ဟု သူက Reuters သတင်းဌာနသို့ ပြောသည်။ Woodside သည် မြန်မာ့ကမ်းလွန်တွင် ရေနံပိုင်နက် နယ်မြေ အများဆုံး လုပ်ပိုင်ခွင့် ရထားသော လုပ်ငန်း ဖြစ်ပြီး ၎င်းနှင့် ပူးပေါင်း ဆောင်ရွက်နေသော လုပ်ငန်းများတွင် Royal Dutch Shell နှင့် ပြင်သစ်လုပ်ငန်း Total SA တို့ ပါဝင်ပြီး ၎င်း၏ ၂၀၂၁ ခုနှစ် နောက်ပိုင်း လုပ်ငန်း တိုးတက်မှု အတွက် မြန်မာနိုင်ငံကို အားထားနေသည်။ “မြန်မာနိုင်ငံမှာ တိုးတက်မှု ဘယ်လိုရှိမယ် ဆိုတာကို ၂၀၁၈ ခုနှစ် နှစ်ကုန်လောက်ကျရင် ကျနော်တို့ သိမယ်လို့ ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ အဲဒီ အစီအစဉ်အတိုင်းပဲ ရှိပါတယ်” ဟု ကိုးလ်မင်းက ပြောသည်။ ရခိုင်ပြည်နယ်အရေးသည် မြန်မာ့ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများကို လုံး၀ ထိခိုက်မှု မရှိသော်လည်း ပဋိပက္ခဒေသမှ ရေလုပ်ငန်း လုပ်ကိုင်သော ရပ်ရွာ အသိုင်းအဝန်းများနှင့် ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်ရ ကြောင်းလည်း သူက ပြောသည်။ “ဒီကိစ္စကို ကျနော်တို့လည်း စိုးရိမ်လို့ အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု သူက ပြောသည်။ နောက်ဆုံးအကြိမ် တူးဖော်မှု ရလဒ်များသည် Woodside ၏ မြန်မာနိုင်ငံဆိုင်ရာ ရည်မှန်းချက်များကို ကြီးကြီးမားမား ထိခိုက်မှု မရှိ ဟုလည်း သုတေသီများက ပြောသည်။ “Woodside ဟာ ခုချိန်အထိ အောင်အောင်မြင်မြင် လုပ်ဆောင်နေတယ်။ တချိန်မဟုတ် တချိန်မှာ ဘာမှ မရှိတဲ့ တွင်းလည်း တူးမိပြီး အရှုံးပေါ်ရင် ပေါ်နိုင်မယ် လို့ လောက သဘာ၀ ပျမ်းမျှခြင်း ဥပဒေသက ဆိုထားတယ်လေ” ဟု Deutsche ဘဏ်မှ သုတေသီ ဂျွန်ဟာဂျီက ပြောသည်။ ကိုးကား ။ ။ Reuters The post Woodside ၏ သဘာ၀ ဓာတ်ငွေ့ ရှာဖွေရေး ၂၀၁၈ ကုန်မှ ပြန်စမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2l3F9iW
via IFTTT

No comments:

Post a Comment