မောင်တောတွင် ဒိုင်းနက် ကျေးရွာသား ၄ ဦး သေနတ်အပစ်ခံရ ၂ ဦးသေ ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း အောင်သပြေ ကျေးရွာနေ ဒိုင်းနက်တိုင်းရင်းသား ၄ ဦး သေနတ်အပစ်ခံရပြီး ၂ ဦးသေဆုံး သွားခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဒိုင်းနက် တိုင်းရင်းသား ၄ ဦးမှာ အသက် ၃၀ နှစ်ရှိ မောင်ငယ်လှနှင့် ရွှေသိန်းမောင်၊ အသက် ၃၈ နှစ်ရှိ ဦးစိန်လှ မောင်နှင့် အသက် ၂၂ နှစ်ရှိ မောင်ငယ်ထွန်း တို့ ဖြစ်သည်။ ၎င်းတို့သည် အောက်တိုဘာ ၂၂ ရက်နေ့က သားကောင် လိုက်လံ ရှာဖွေရင်း တောဝက်ခြေရာ တွေ့သည်ဟုဆိုကာ သွားကြရင်း မြန်မာ- ဘင်္ဂလားဒေ့ရ် နယ်စပ် မိုင်တိုင် အမှတ် ၄၆- ၄၇ အရောက်တွင် အကြမ်းဖက် ဘင်္ဂါလီ ၁၅ ဦးခန့်နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်ခဲ့မှု ဖြစ်ကြောင်း သိရသည်။ ဆရာတော် ဦးသုဒဿနက “ မနေ့က ညနေပိုင်းက ဖြစ်တာပါ ။ ဒဏ်ရာ နဲ့ ထွက်ပြေးလာတဲ့ ရွာသား ၂ ယောက်ကို မေးကြည့်တော့ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ပစ်တယ်လို့ ပြောတယ်။ ဒဏ်ရာနဲ့ ၂ ယောက် ကိုတော့ စိုးရိမ်ရတဲ့ အခြေအနေကြောင့် ဆေးရုံကို ပို့လိုက်တယ်။ သေဆုံးသွားတဲ့ ၂ ယောက် အလောင်းကတော့ အခု ဘုန်းကြီးကျောင်းနားမှာ ထားတယ် ” ဟု ဧရာဝတီသို့ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးမောင်ငယ်လှတွင် ခါးပိုင်းဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ပေါင် ၁ ချက်၊ ဦးရွှေသိန်းမောင် တွင် ဦးခေါင်းပိုင်း မေးစေ့ အောက် ဒဏ်ရာ ၁ ချက်နှင့်ယာဘက် လက်မောင်း ဒဏ်ရာ ၁ ချက်စီ အသီးသီး ဒဏ်ရရှိ ပြီး လက်ရှိအချိန်တွင် ဘူးသီးတောင် ဆေးရုံတွင် အရေးပေါ် ခွဲစိတ်ကုသလျက် ရှိကြောင်း သိရသည်။ ၎င်း ဖြစ်စဉ်အား မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးက အတည်ပြုသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ အပိုင် ဖြစ်သည့်အတွက် ဖြစ်စဉ် အသေးစိတ်ကို မသိ ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့ ကဆိုသည်။ The post မောင်တောတွင် ဒိုင်းနက် ကျေးရွာသား ၄ ဦး သေနတ်အပစ်ခံရ ၂ ဦးသေ appeared first on ဧရာဝတီ.
Source : http://ift.tt/2xZM8L9
via IFTTT
No comments:
Post a Comment