Tuesday, December 5, 2017

7Day News Journal

ပေ၁၀၀ခန့်ရှိသည့် အင်ကြင်းကျောက်ကြီးနှင့်ပတ်သက်၍ မကွေးတိုင်းအစိုးရ ဒီဇင်ဘာ ၆ ရက်တွင် ဆုံးဖြတ်မည် မကွေးမြို့နယ် ပေပင် စမ်းကျေးရွာ၌ တွေ့ရှိသည့် အင်ကြင်းကျောက်ရုပ်ကြွင်းနှင့် ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်မည်ကို ဒီဇင်ဘာ ၆ ရက်တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်း မကွေးတိုင်း သယံဇာတဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။ ‘‘ကုမ္ပဏီအနေနဲ့ ပြည် ထောင်စုကတော့ ခွင့်ပြုချက်တွေ အကုန်ပါလာတယ်ပေါ့။ တိုင်းဒေ သကြီးအဖွဲ့ကလည်း ထိုက်သင့် တဲ့အဆုံးအဖြတ်လုပ်ပါလိမ့်မယ်။ ဗုဒ္ဓဟူးနေ့ အစည်းအဝေးကနေ တရားဝင်ဆုံးဖြတ်ပြီး လုပ်ဆောင် သွားပါ့မယ်’’ ဟု ဝန်ကြီးဦးမြင့် ဇော်က ပြောသည်။ မကွေးမြို့နယ် ပေပင်စမ်း ကျေးရွာတွင်တွေ့ရှိသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းသည် အလျားပေတစ်ရာခန့်ရှိပြီး အရင်း လုံးပတ် ပေ ၂၀ ခန့်နှင့် အဖျားလုံး ပတ် ၁၀ ပေခန့်ရှိကြောင်း ဒေသခံ များကပြောသည်။ အဆိုပါအင်ကြင်းကျောက် ဖြစ်ရုပ်ကြွင်းတွေ့ရှိသည့်နေရာ ကို လွန်ခဲ့သည့်သုံးနှစ်ခန့်က ထရီး ဂျိတ်(Tree Jade) ကုမ္ပဏီက စတင်တူးဖော်သော်လည်းအရည် အသွေး မပြည့်မီသည့် ကျောက် များသာ တွေ့ရှိခဲ့သည်။ ၂၀၁၆ နိုဝင်ဘာအတွင်းက အဆိုပါအင် ကြင်းကျောက်ကြီးကို တွေ့ရှိခဲ့ ကြောင်း ကုမ္ပဏီတာဝန်ရှိသူ ဦးမင်းရွှေက ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံအင် ကြင်းကျောက်လုပ်ငန်းများအ သင်းကတစ်ဆင့် သတ္တုတွင်းဝန် ကြီးဌာနသို့ လုပ်ငန်းများဆက် လက်လုပ်ဆောင်နိုင်ရန် တင်ပြ သဖြင့်၊ ပြည်ထောင်စုအဆင့်မှ သက်ဆိုင်သည့်ဌာနများ၏ ခွင့်ပြု ချက်ကို ၂၀၁၇ ဇွန်လတွင်ရရှိခဲ့ ကြောင်း ၎င်းကဆိုသည်။ ထို့ နောက် လိုအပ်သည်များဆက် လက်ဆောင်ရွက်နိုင်ရန် ပြည် နယ်အစိုးရသို့ တင်ပြထားသည်။ ‘‘ရွာမှာရှိတဲ့ဒေသခံတွေအ နေနဲ့လည်း အထင်မမှားရအောင် စောင့်ရှောက်မှုလုပ်ထားပါတယ်။ ရွာကမကျေနပ်ဘဲနဲ့ ပြည်ထောင် စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ က အာဏာနဲ့ယူသွားတယ်ဆိုတာ မျိုးမဖြစ်အောင် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ကျွန် တော်တို့စီစဉ်နေပါတယ်’’ ဟု ဝန် ကြီးကဆိုသည်။ အဆိုပါကျောက်ဖြစ်ရုပ် ကြွင်း တူးဖော်တွေ့ရှိသည့် ကျေးရွာကို ကုမ္ပဏီကလိုအပ် သည့် အလှူငွေများထည့်ဝင် ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်သ ဖြင့် နစ်နာခဲ့သည့် ယာပိုင်ရှင်၏ တောင်းဆိုမှုများကိုလည်း ပေး အပ်ပြီးဖြစ်ကြောင်း ဦးမင်းရွှေက ပြောသည်။ ၎င်းတို့ကုမ္ပဏီအနေ နှင့် ပြည်ထောင်စုအစိုးရက ခွင့်ပြု၍ အခွန်အခများလည်း ပေးသွင်း ပြီးဖြစ်ကာ စီးပွားကူးသန်းခွင့် ပြုချက်လည်း ရရှိထားကြောင်း၊ ဆက်လက်၍ ကုမ္ပဏီအနေနှင့် မကွေးတိုင်းအစိုးရ ခွင့်ပြုချက် ရရှိရန် ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းကပြော သည်။ သို့သော်မလိုအပ်ဘဲ လုပ် ငန်းကြန့်ကြာခြင်းကြောင့် ရင်းနှီး မြှုပ်နှံသည့်ကုမ္ပဏီများ ဆုံးရှုံးမှု များရှိသကဲ့သို့ လုပ်ငန်းလုပ် ဆောင်ရန် ကုမ္ပဏီများ စိုးရိမ်ပူ ပန်မှုများလည်းရှိလာနိုင်ကြောင်း ဦးမင်းရွှေကဆိုသည်။
Source : http://ift.tt/2kjZxMT
via IFTTT

No comments:

Post a Comment