Tuesday, December 5, 2017


မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ဥပဒေ (Bar Council Act) အသစ် ပြင်ဆင်ရေးဆွဲနေ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ဥပဒေ (Bar Council Act) ကို ပြန်လည် ပြင်ဆင် ရေးဆွဲနေကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းက ပြောသည်။ Bar Council Act ဥပဒေ ဆိုသည်မှာ ရှေ့နေ ရှေ့ရပ်များ နှင့် ပတ်သက်သည့် အကြောင်းအရာများကို စိစစ်ပေးပြီး မြန်မာနိုင်ငံ အတွင်းရှိ ရှေ့နေများအား လိုင်စင် ထုတ်ပေးခြင်း၊ လိုင်စင်ပြန်လည် ရုပ်သိမ်းခြင်း စသည့် ကိစ္စရပ်များကို ဆောင်ရွက် ရာတွင် ကျင့်သုံးသည့် ဥပဒေ တရပ်ဖြစ်သည်။ ယင်း ဥပဒေကို ၁၉၂၉ ခုနှစ်က စတင် ကျင့်သုံးခဲ့ရာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) တပ်မတော် အစိုးရ လက်ထက်တွင် ပြန်လည် ပြင်ဆင်မှု ပြုလုပ်၍ ဆက်လက် ကျင့်သုံးခဲ့ကြောင်း သိရသည်။ ၁၉၈၈ အရေးအခင်း၌ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Bar Council) မှ အတွင်းရေးမှူး နှင့် တွဲဖက် အတွင်းရေးမှူး အပါအဝင် ရှေ့နေများက ဆန္ဒပြခဲ့ခြင်းကြောင့် Bar Council Act ဥပဒေကို ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြင်ဆင်ရာတွင် Bar Council တွင် ယခင် ပါဝင်သည့် ပုဂ္ဂိုလ်များအား ထုတ်ပယ်လိုက်ပြီး တရားသူကြီးများ၊ အငြိမ်းစား များ၊ အငြိမ်းစား တရားလွှတ်တော်ချူပ်၊ တရားရုံးချူပ်ရှေ့နေများကို ထည့်သွင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းမှ ပြန်ကြားရေးမှူး ဦးခင်မောင်ဇော်က ရှင်းပြသည်။ ဦးခင်မောင်ဇော် က “၁၉၈၈ နောက်ပိုင်း လုပ်ငန်းလိုင်စင် အသိမ်းခံရတဲ့ရှေ့နေ တသောင်းကျော် ရှိတယ်။ ရာသက်ပန် လိုင်စင် အသိမ်းခံရ တာတွေလည်း ရှိတယ်။ အဲ့ဒီလိုမျိုး ရှေ့နေတွေရဲ့ အခွင့်အရေးကို ပြန်ရရှိဖို့ အတွက် ရှေ့နေတွေ ကိုယ်တိုင်ရေးဆွဲတဲ့ Bar Council ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ၁၉၂၉ ခုနှစ် ဥပဒေတွင် အဓိက ပြင်ဆင်သည့် အချက်မှာ ၁၉၂၉ Bar Council ဥပဒေအရ တရားလွှတ်တော် ရှေ့နေ တဦးကို အရေးယူ ဆောင်ရွက်မည် ဆိုပါက စုံးစမ်းစစ်ဆေးကာ ရှေ့နေချူပ်ရုံး၊ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Bar Council)၊ စွပ်စွဲခံရသည့် တရားလွှတ်တော် ရှေ့နေတို့သည် သုံးပွင့်ဆိုင် တရားလွှတ်တော်ချုပ် ရှေ့၌ ကြားနာ ခုခံပိုင် ခွင့် ပေးပြီးမှသာ သင့်လျော်သည့် အမိန့်တရပ် ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။ “အခုချိန်ထိလည်း ဒီအတိုင်းပဲ ဖြစ်နေသေးတယ်၊ ခုခံပိုင်ခွင့် မရဘူး၊ ခရိုင်တရားရုံးမှာ စုံစမ်းစစ်ဆေးတယ်၊ အပြန် အလှန် မေးခွင့်ရတယ်၊ ဒီလောက်နဲ့ မလုံလောက်ဘူး”ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦး က ပြောသည်။ ထို့ကြောင့် ရှေ့နေများ လိုက်နာရမည့် အချက်များ၊ ရှောင်ရမည့် အချက်များ နှင့် ရှေ့နေများအား အရေးယူ ဆောင် ရွက် သည့် အခါ၌ မည်သည့် ပုံစံဖြင့် အရေးယူ ဆောင်ရွက်ရမည်လဲ၊ မည်သု့် ခုခံ ချေပခွင့် ပေးရမည်ဆိုသည့် အချက် များကို အကျယ်တဝင့် အသစ်ပြန်လည် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ဦးသိန်းသန်းဦးက “၁၉၂၉ Bar Council ဥပဒေကို ပြင်ဖို့ အတွက် သတ္တမအကြိမ် မူကြမ်းအထိ ရောက်နေပြီ၊ ရှေ့နေ ချုပ် ရုံး၊ လွှတ်တော် နှစ်ရပ်နဲ့ပါ ညှိနှိုင်းဆွေးနွေး နေပါတယ်။ ကျနော်တို့ဘက်က အဆင်သင့် ဖြစ်နေပါပြီ” ဟု ပြော သည်။ အဆိုပါ Bar Council ဥပဒေကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ အသစ် ပြန်လည်ရေးဆွဲခဲ့ပြီး အဓိက ပါဝင်သည့် အချက်များမှာ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အသစ် ပေါ်ထွက်လာပါက ရှေ့နေများအား ကိုယ်စားပြုသည့် အဖွ့ဲ အမှန် တကယ် ဖြစ်ပြီး ကောင်စီတွင် ပါဝင်မည့် သူများက မြန်မာ နိုင်ငံမှ ရှေ့နေများ ကိုယ်တိုင် ရွေးကောက် တင်မြှောက်သည့် သူများ ဖြစ်ရမည် စသည်တို့ ဖြစ်ကြောင်း သိရသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံရသည့် ရှေ့နေပေါင်း တသောင်းကျော်မှာ ငွေရေးကြေးရေး ကိစ္စရပ် များ၊ နိုင်ငံရေး ကိစ္စရပ်များကြောင့် လိုင်စင် ပိတ်သိမ်း ခံရခြင်းဖြစ်ပြီး ယခု ပြန်လည် ပြင်ဆင်သည့် Bar Council Act ဥပဒေ အသစ်အား အတည်ပြုပြီးပါက လုပ်ငန်းလိုင်စင်များ ပြန်လည်ရရှိနိုင်မည် ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြ သည်။ လိုင်စင်ပိတ်သိမ်း ခံရသူ တဦးလည်း ဖြစ်သည့် ဦးသိန်းသန်းဦး ကလည်း“၁၉၂၉ ခုနှစ် Bar Council Act ဥပဒေနဲ့ လိုင်စင် ပိတ်သိမ်း အရေးယူခံရတာ မဟုတ်ဘဲ၊ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါလို့ အလုပ်ကြမ်းနဲ့ ထောင် ၁၄ နှစ် ချခံရတယ်။ ၂၀၀၁ မှာ ပြန်လွတ်တော့ အသားနားခံစာ တင်ခိုင်းတယ်၊ မတင်ခဲ့တဲ့ အတွက် လိုင်စင်ကို ရုပ်သိမ်းသွား တာ”ဟု ပြောပြသည်။ Bar Council Act ဥပဒေသစ်ကို ပြဌာန်းနိုင်ပြီ ဆိုပါက ရှေ့နေများ၏ အသက် မွေးဝမ်းကျောင်း လက်မှတ်အား အလွယ် တကူ ရုပ်သိမ်းခံရတာမျိုး၊ အရေးယူ ခံရတာမျိုး မရှိတော့ဘဲ အမှန်တကယ် မှားယွင်းနေပြီး ရှေ့နေ ကျင့်ဝတ် သိက္ခာနှင့် ပျက်ပြား မှသာ အသေအချာ စစ်ဆေးပြီးမှ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရ သည်။ ဒက္ခိသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက “မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ဟာ ပြုပြင် ပြောင်းလဲ ရမယ့်အထဲမှာ ပါတယ်။ ရှေ့နေတွေရဲ့ အခန်းကဏ္ဍဖြစ်တဲ့ ကျင့်ဝတ်တွေ၊ စွမ်းဆောင်ရည် တွေကိုပါ ပြောင်းလဲ ဖို့ လိုအပ်ပါတယ်။ သူတို့ အဖွဲ့အစည်းတရပ် အနေနဲ့လည်း အားကောင်းဖို့ လိုအပ်တဲ့အတွက် အခုလို ပြုပြင်ပြောင်းလဲမှု တွေကို ကျနော်တို့က ကြိုဆိုပါတယ်” ဟု ပြောဆိုသည်။ The post မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ဥပဒေ (Bar Council Act) အသစ် ပြင်ဆင်ရေးဆွဲနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2BLVwFh
via IFTTT

No comments:

Post a Comment