Tuesday, December 5, 2017


အနည်းဆုံး အခကြေးငွေနှုန်းထားသစ် အတည်ပြုနိုင်ရေး သုံးပွင့်ဆိုင် ထပ်မံဆွေးနွေးမည် အနည်းဆုံး အခကြေးငွေ နှုန်းထားသစ် သတ်မှတ်နိုင်ရန်အတွက် လက်ရှိလျာထားသော အဆိုပြုနှုန်းထား များမှာ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအကြား သိသိသာသာ ကွာဟနေသဖြင့် လုပ်ငန်းရှင်များ၊ အစိုးရနှင့် အလုပ်သမားကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နှုန်းထားသစ်ကို အမြန်ဆုံး သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုကို လာမည့် ဒီဇင်ဘာလ တတိယပတ်အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဧရာဝတီသို့ ပြောသည်။ ဦးဝင်းရှိန်က “တတိယပတ်မှာ ဖိုရမ်လုပ်မယ် ရန်ကုန်မှာပဲ။ လွှတ်တော်အဖွဲ့တွေ ခေါ်မယ်၊ သက်ဆိုင်ရာ အလုပ်ရှင် အလုပ်သမားအဖွဲ့တွေ ခေါ်ပြီး ညှိနှိုင်းမယ်” ဟု ဆိုသည်။ လုပ်ငန်းရှင်များဘက်မှ အနည်းဆုံးအခကြေးငွေနှုန်းထားသစ်ကို ကျပ် ၄၀၀၀ ဝန်းကျင်သာ ပေးရန် အဆိုပြု ထားကာ အလုပ်သမားများဘက်မှ အနည်းဆုံး ၅၆၀၀ ကျပ်ပေးရန်အတွက် အဆိုပြုထားပြီး လာမည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် နှုန်းထားသစ်ကို ညှိနှိုင်းမည်ဖြစ်ကြောင်းသိရသည်။ လှိုင်သာယာ အခြေခံအထည်ချုပ် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေး က “ကျနော်တို့ကတော့ ပေးနိုင်တာကို ပြောပြီးသွားပြီလေ။ မဖြစ်နိုင်တာကိုတော့ ပေးလို့မရဘူး။ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ ဆွေးနွေးထားတာကတော့ ၄၀၀၀ လောက်ဆိုရင်တော့ အဆင်ပြေမယ်။ အဲဒီထက် ကျော်ရင်တော့ ကျနော်တို့ အခက်အခဲတွေ ရှိတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး” ဟု ပြောသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ စစ်တမ်းကောက်ယူ တွက်ချက်ထားမှုများ အရ လူတဦး၏ တနေ့တာ ပျှမ်းမျှ အသုံးစရိတ်သည် ၆၆၀၀ ကျပ်ဝန်းကျင် ရှိနေသည့်အတွက် လာမည့်ဖိုရမ်၌ ယင်းအခြေအနေပေါ်တွင်သာ ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ “အခုလုပ်မှာက အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်မှာဆိုတော့ CTUM အဖွဲ့ချုပ် အနေနဲ့ကတော့ မူဝါဒနဲ့ ပေါ်လစီ ချထားတာကတော့ လူတဦးရဲ့ ကုန်ကျစရိတ်က ၆၆၀၀ ကျပ် ရှိတယ်ပေါ့။ အဲဒီ ၆၆၀၀ ပေါ်မှာပဲ အခြေခံပြီး နှုန်းထားတခုကို အဆိုပြုတင်သွင်းသွားမှာလေ။ အဲဒီပေါ်မှာပဲ ဆွေးနွေးမှာပါ” CTUM မှ ဗဟိုကော်မတီဝင် ကိုဝင်းဇော်က ဧရာဝတီသို့ ပြောသည်။ အနည်းဆုံး အခကြေးငွေ တရက် ၅,၆၀၀ ထက်မနည်း သတ်မှတ်ပေးရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက် နေ့က ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အလုပ်သမားများက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။ ၂၀၁၃ ခုနစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနစ်၊ မတ်လ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားများကို နှစ်နှစ်လျှင် တကြိမ်နှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဖြစ်သည်။ The post အနည်းဆုံး အခကြေးငွေနှုန်းထားသစ် အတည်ပြုနိုင်ရေး သုံးပွင့်ဆိုင် ထပ်မံဆွေးနွေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2BM6jzx
via IFTTT

No comments:

Post a Comment