Thursday, December 21, 2017


အိန္ဒိယက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဒေါ်လာ ၂၅ သန်း ကူညီမည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယ အစိုးရက အမေရိကန် ဒေါ်လာ ၂၅ သန်း ကူညီ ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။ အခြေခံ အဆောက်အအုံ နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဟုဆိုပြီး အိန္ဒိယအစိုးရက မြန်မာအစိုးရကို ကူညီ ထောက်ပံ့ငွေ အဖြစ် ဒေါ်လာ ၂၅ သန်းကို ၁ နှစ်လျှင် ဒေါ်လာ ၅ သန်းနှုန်း ပေးအပ်သွားမည် ဖြစ်ကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန က ပြောသည်။ “အိန္ဒိယကနေပြီးတော့ နိုင်ငံခြားရေး ဝန်ကြီး ဌာနကနေ အထူးကိုယ်စားလှယ် လာပြီး ကျနော်တို့နဲ့ စာချုပ်ချုပ်တယ်။ ၁နှစ်ကို ဒေါ်လာ၅ သန်းနဲ့ ၅ နှစ်စာ ၂၅သန်း အဲ့ဒါကတော့ ရခိုင်ပြည်နယ်ရဲ့ ကိစ္စဝိစ္စ အဝဝ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက် ရေးလည်း ပါတယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက က ဧရာဝတီကို ပြောပြသည်။ ၂၀၁၈ ခုနှစ်မှ စတင်မည့် အဆိုပါ ထောက်ပံ့ငွေကို ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ် လုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ ဖန်တီးပေးခြင်းများ၊ တံတားငယ်များ ဆောက်လုပ်ခြင်း၊ လမ်းများ ပြုပြင်မွမ်း မံခြင်း၊ အသေးစား စွမ်းအင် စီမံကိန်းများ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများ၊ လေ့ကျင့်ရေးစင်တာ တည်ထောင် ပေးခြင်းများ၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းခြင်းများ၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း နှင့် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ခြင်း စသည့် လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း လည်း သိရသည်။ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က “အသေးစိတ်ကတော့ ၂ နိုင်ငံ အပြန်အလှန် ညှိနှိုင်းပြီးတော့မှ လိုအပ်တဲ့ အချက်အလက်တွေ ကျနော်တို့ဘက်နေ တင်ရမယ်။ ၂၀၁၈ ကနေစပြီ။ ဒါတွေအားလုံးကို စီမံကိန်း ရေးဆွဲ ရမှာပေါ့”ဟု ပြောသည်။ ရခိုင်ပြည်နယ်၏ အခြေခံကျသည့် စီးပွားရေးကဏ္ဍများဖြစ်သော လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ အတွက် လည်း ဖွံ့ဖြိုးရေးရန်ပုံငွေကို အသုံးပြုစေချင်ကြောင်း စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးမောင်ထွန်းလှိုင် က ဧရာဝတီသို့ ပြောသည်။ “ကျနော်တို့ ဆီမှာ အဓိကကျတာ လယ်ယာကဏ္ဍ၊ သား ငါး ကဏ္ဍတွေကို ဖွံ့ဖြိုး တိုးတက်စေချင်တယ်။ အဲဒါတွေကို ဦးစားပေးစေချင်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ကြား ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ ပေးခြင်းနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင်ခြင်းများအား ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နိုင် ရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ဒီဇင်ဘာလ ၂၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် (မေယုဒေသ) အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ၏ အကြမ်းဖက်မှုများကြောင့် ဒေသခံများ၏ နေအိမ်များ မီးလောင် ပျက်စီးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လက်ရှိ ကွင်းဆင်း စာရင်းပြုစုထားမှုအရ မောင်တောဒေသတွင် စပါးစိုက်ပျိုး ထားသော လယ်ဧက စုစုပေါင်း ၇၁၅၀၀ ဧက ကျော်ရှိပြီး ထိုစာရင်းတွင် ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စသည့် ဒေသခံ တိုင်းရင်းသား များ ထွန်ယက် စိုက်ပျိုး လုပ်ကိုင်ခဲ့ သော လယ်ဧက ၇၅၀၀ ကျော်ရှိကြောင်း သိရသည်။ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ် များမှ ရိတ်သိမ်းသူမဲ့ စပါးခင်းဧက ၉ သောင်းကျော်ကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့က ယခုနှစ် နိုဝင်ဘာလတွင် ရိတ် သိမ်း ခဲ့သည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၁၈ သန်းခန့် ရှိကြောင်း သိရသည်။ The post အိန္ဒိယက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဒေါ်လာ ၂၅ သန်း ကူညီမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2CPPIKR
via IFTTT

No comments:

Post a Comment