Tuesday, December 5, 2017


လေယာဉ်ပစ်ကျည်များ တွေ့ရှိမှုဖြင့် ဖမ်းဆီးထားသူ ၂ ဦးကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည် လေယာဉ်ပစ်ကျည် အမျိုးအစား ကျည်ဆန်များ ရှာဖွေတွေ့ရှိမှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဖမ်းဆီး ထိန်းသိမ်း ခံထားသူ ၂ဦးကို ကရင်ပြည်နယ် မြဝတီမြို့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းကာ လက်နက်ဥပဒေဖြင့် အရေးယူသွားမည်ဟု သတင်း ရရှိသည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုပြည်နယ် ရဲမှူးကြီး လွင်မောင်သိမ်းက “အမှုကတော့ ကရင်ပြည်နယ်၊ မြဝတီ၊ သင်္ကန်းညီနောင် က ဖွင့်တဲ့ အမှုပါ။ တရားခံတွေက မြစ်ကြီးနားမှာ နေတယ်ဆိုလို့ ကျနော်တို့က ကူညီပြီးတော့ ထိန်းသိမ်းထားတာပါ။ မြဝတီ မြို့နယ် ရဲတပ်ဖွဲ့က လာခေါ်ပြီး ဥပဒေ အတိုင်း ဆက်ဆောင်ရွက်မှာပါ” ဟု ဧရာဝတီကို ပြောသည်။ အရပ်သားများ ကိုင်ဆောင်ခွင့်မရှိသည့် စစ်သုံးလက်နက် အမျိုးအစားဝင် ကျည်ဆန်များ ရှာဖွေတွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရ သူ ၂ဦးမှာ ကိုစံလင်း (ခ) ကိုဂျွန်နှင့် ၎င်း၏ ဇနီး ဒေါ်လဘန်ခါးဘူ တို့ဖြစ်ပြီး လေယာဉ်ပစ် ကျည်အမျိုးအစား ကျည်ဆန် ၁၀၂၀ တောင့်ကို ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်း ညီနောင်တွင် ၎င်းတို့ ငှားရမ်းထားသည့် နေအိမ် အောက်ထပ်၌် ပလတ်စတစ်ပုံး ၂ပုံး၊ လက်ဆွဲခြင်း တခုဖြင့် ထုပ်ပိုးထားသည်ကို ကရင်ပြည်နယ်ရဲ တပ်ဖွဲ့က ဒီဇင်ဘာလ ၄ ရက်တွင် ရှာဖွေ တွေ့ရှိသွားခြင်း ဖြစ်သည်။ ကျည်ဆန်များကို သိမ်းဆည်းရမိစဉ် ကိုစံလင်း (ခ) ကိုဂျွန်နှင့် ဒေါ်လဘန်ခါးဘူ တို့သည် သင်္ကန်းညီနောင်တွင် ရှိမနေဘဲ မြစ်ကြီးနားမြို့ရှိ နေအိမ်တွင် နေထိုင်နေသဖြင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ကို အကူအညီ တောင်းပြီး ဒီဇင်ဘာလ ၄ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဒုရဲမှူးကြီး လွင်မောင်သိမ်းက “ကျနော်တို့ အပိုင်းကတော့ ယာယီထိန်းသိမ်းတဲ့ အပိုင်းပါ။ တရားခံရဲ့ လုံခြုံရေးအရ ကျနော် တို့ တာဝန်ရှိတဲ့ အပိုင်းကို စနစ်တကျ ဆောင်ရွက်မှာပါ။ ပြီးရင် ကရင်ပြည်နယ်က လာ ခေါ်မှာပါ။ လာခေါ်ရင်လည်း သူတို့ ဘယ်လို လာခေါ်မယ်ဆိုတဲ့ အနေအထားကတော့ မသိပါဘူး”ဟု ပြောသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသည့် လေယာဉ် ပစ် ကျည် အမျိုးအစား ကျည်ဆန် ၁၀၂၀ တောင့်သည် အရှည် ၆ လက်မခန့် ရှိပြီး အချင်း ၁၂ ဒသမ ၇ မီလီမီတာ ရှိသည်ဟု ရေးသားထားသည်။ ဧရာဝတီက ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးကို မေးမြန်းရာ ကိုစံလင်း (ခ) ကိုဂျွန်ကို ဖမ်းဆီးရန် ပြင်ဆင်နေသည် မှာ အချိန်ကာလ အတိုင်းအတာ တခုရှိပြီဖြစ်ပြီး သတင်းအတိအကျ ရသဖြင့် ဝင်ရောက် ရှာဖွေရာ လေယာဉ်ပစ် ကျည်ဆန် များ တွေ့ရှိခြင်း ဖြစ်သည်ဟု ပြောသည်။ မြဝတီမြို့ ရဲတပ်ဖွဲ့မှ နယ်ထိန်း သက်နိုင်စိုးကလည်း “လူက ကချင်မှာ။ ကျနော်တို့ သွားခေါ်ရမှာပါ။ ကျနော်တို့ လိုက်နေ တာ က ကြာပြီ။ မနေ့ည (ဒီဇင်ဘာလ ၄ရက်) ကတော့ လူရော ကျည်ရော တခါတည်း ဖမ်းတာပါ။ လူကိုလည်း ကချင် ပြည်နယ် ကို တခါတည်း ချိတ်ပြီး ဖမ်းခိုင်းလိုက်တာ။ သူတို့ကို လက်နက် ဥပဒေပုဒ်မ ၁၉(က) နဲ့ ဖွင့်ထားပါတယ်” ဟု ပြောပြသည်။ လက်နက်ဥပဒေ ဥပဒေပုဒ်မ ၁၉ (က) တွင် မည်သူမဆို နိုင်ငံတော်ကို ပုန်ကန်မှု ကျူးလွန်ရန် အကြံအစည်ဖြင့် လက်နက် ခဲယမ်းမီးကျောက်များ၊ စစ်ပစ္စည်းများကို တရားဝင်ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ မိမိ၏ ကြီးကြပ်မှု အောက်တွင် ထားရှိခြင်း၊ အခြားကို တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ခြင်းနှင့် သက်ဆိုင်ရာကို အပ်နှံရန် ပျက်ကွက်ခြင်း ဖြစ်ပါက အရေးယူခံရမည်ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် တရားရုံးမှ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရ သည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၂ဦးလုံးကို စစ်ဆေးနေဆဲ ဖြစ်သဖြင့် ကျည်ဆန်များသည် မည်သည့် အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ကို ပြောဆိုနိုင်ခြင်း မရှိသေးပါဟု ပြောဆိုသည်။ The post လေယာဉ်ပစ်ကျည်များ တွေ့ရှိမှုဖြင့် ဖမ်းဆီးထားသူ ၂ ဦးကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2iUiOV6
via IFTTT

No comments:

Post a Comment