မုန့်ဖတ်လုပ်ငန်းနှင့် ဆေးဆိုင်များအား ရှောင်တခင် စစ်ဆေး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်) သည် မုန့်ဖတ်လုပ်ငန်းနှင့် ဆေးဆိုင်များအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ လှိုင်သာယာမြို့နယ်ရှိ မုန့်ဘုရင် မုန့်ဖတ်လုပ်ငန်းအား ရွေ့လျားဓါတ်ခွဲ ယာဉ်ဖြင့် မုန့်ဖတ်များတွင် Formalin သုံးစွဲခြင်း ရှိ/မရှိ ဒီဇင်ဘာ ၇ ရက်က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ သုံးစွဲထားခြင်းမရှိကြောင်း တွေ့ရှိရ သည် ဟု သတင်းထုတ်ပြန်ထားသည်။ ထို့အတူ ဒီဇင်ဘာ ၆ ရက်ကလည်း အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေး ဦးစီးဌာနခွဲ-ရန်ကုန်မှ တာဝန်ရှိသူ များသည် လှည်းကူးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ (မြို့နယ်ပြည်သူ့ ကျန်းမာ၊ ထွေအုပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်)မှ တာဝန်ရှိသူ များနှင့်အတူ လှည်းကူးမြို့မဈေးနှင့် လှည်းကူးမြို့ပေါ်ရှိဆေးဆိုင် (၈)ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဆေးဆိုင်များတွင် ဆေးဆိုင်လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ စပ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မရှိသော ဆေးဝါးများ (လိုင်းဆေး)ရောင်းချနေခြင်း ရှိ/မရှိ၊ ရက်လွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ၊ ဆေးဝါးများကို စနစ်တကျ ထားသိုရောင်းချနေမှု ရှိ/မရှိ တို့ကိုစစ်ဆေး၍ ဆေးဆိုင်များတွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ(Good Pharmacy Practice)ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မရှိသော ဆေးဝါးများ (လိုင်းဆေးများ) ရောင်းချသော ဆေးဆိုင်များကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ The Ladies News
Source : http://ift.tt/2Ajj33c
via IFTTT
No comments:
Post a Comment