အင်းတော်မြို့၌ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးမည် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက်ကြီးတွင် ဒီဇင်ဘာ ၃၁ ရက်နှင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်များတွင် မျက်စိ ဝေဒနာရှင်များအား အခမဲ့လာရောက် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မျက်စိဝေဒနာရှင်များအား မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခသမားတော်ကြီး ဒေါ်ရီရီအောင်နှင့် အဖွဲ့မှ လာရောက် ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။ မျက်စိဝေဒနာရှင်များ အနေဖြင့် - ဦးကျင်းထန်-ဒေါ်စန်းစန်းမြိုင် ရွှေအင်းတော် စားသောက်ဆိုင် ဖုန်း-ဝ၉-၇၇၇၁၁၉၆၁၉၊ ဝ၉-၇၈၄၄၄၅၃၈၇၊ ဦးသန်းအောင် ဖုန်း-ဝ၉-၄၂၈၁၂၁၄၃၃ ၊ ဦးမြင့်သိန်း ဖုန်း-ဝ၉-၂၆၅၁၃၇၅၂၈၊ ဦးသန်းဇော်ဦး ဖုန်း-ဝ၉-၇၉၇၉၁၉၉၈ဝ တို့ထံတွင် ကြိုတင်စာရင်းပေး သွင်းထားနိုင်ကြောင်း သိရသည်။ သီတဂူ ရွှေပြည်ဟိန်း ဆရာတော် အရှင်ခေမာသီလင်္ကာရက ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီတွင် ဓမ္မဒေသနာ တရားတော်များ ဟောကြားချီးမြှင့်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ The Ladies News
Source : http://ift.tt/2C636ex
via IFTTT
No comments:
Post a Comment