မောင်တောမြို့၌ ဘင်္ဂါလီ ၂ ဦးထံမှ လက်နက် များဖမ်းမိမှု သတင်းပေးသူ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက် တွင် ဘင်္ဂလီ ၂ ဦးထံမှ လက်နက်များ ဖမ်းဆီးရမိခဲ့မှုနှင့် ပတ်သက်၍ အမှုဖွင့်စစ်ဆေးခဲ့ရာ ထူးခြားမှုမရှိသဖြင့် သတင်းပေးသူအား ခေါ်ယူစစ်ဆေးရာမှ ကိုယ်တိုင်သွားရောက် မြှုပ်နှံကာ သတင်းပေးခဲ့ကြောင်း ပေါ်ပေါက် သဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၂၃၀ အချိန် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်နေ ဇော်မီအာမက်(ခ) ဂျော်မီ၊ (၅၃)နှစ် ဘင်္ဂါလီ/အစ္စလာမ်၊ (ဘ)ရော်ဖီအူဒင်(ခ)ရော်ဖီယူဒင်၏ နေအိမ်အား သတင်းအရ မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ ဇော်မီအာမက်(ခ)ဂျော်မီနှင့် ၎င်း၏သားဖြစ်သူ စိုးနိုင်ကျော် (ခ)ဆုနိုင်ဇော်(ခ) အဒူဟာလစ်၊ (၂၄)နှစ် တို့ ၂ ဦးနှင့်အတူ အိမ်နောက် ဖေးရှိ အိမ်သာပိုက်အောက် မြေကြီးအတွင်း မြှုပ်နှံထားသော USA လုပ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၃ တောင့် တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့ ၀၂၁၅ အချိန် ဇော်မီအာမက် (ခ)ဂျော်မီပါ ၂ ဦး(ဖမ်းမိ) အား မောင်တောမြို့မရဲစခန်း (ပ)၂၃၇/၂၀၁၇ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း၊ ၁၆၄၅ နာရီတွင် မောင်တောမြို့မရဲစခန်း(ပ)၂၃၈/၂၀၁၇၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းနောက် ဇော်မီအာမက်(ခ)ဂျော်မီနှင့် ၎င်း၏သားတို့အား စစ်ဆေးခဲ့ရာ ထူးခြားမှုမရှိ၍ ဒီဇင်ဘာလ ၂ ရက်နေ့တွင် သတင်းပေးသူ နိုဂျူမူဒိန်(ခ)နေဂျော်၊ (၂၂)နှစ်၊ (ဘ)အီနူစ်၊ ဖေဇီရွာ မြို့မအနောက်ရပ်ကွက်၊ မောင်တောမြို့နေ သူအား မသင်္ကာသောကြောင့် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ရုံး၌ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းအား တစ်ရပ်ကွက်တည်းနေ ဇော်မီအာမက်(ခ)ဂျော်မီ၏ နေအိမ်ချင်း ကပ်လျက်နေထိုင်သူ အဘူကော်ဆီဒီး (ခ)ရာဇာမြင့်မြတ်၊ (၃၁)နှစ်၊ (ဘ) အဘူထာလတ်၏ စေခိုင်းချက် အရ လက်နက်/ခဲယမ်းများကို ဇော်မီအာမက် (ခ)ဂျော်မီ၏နေအိမ် အိမ်သာပိုက် အောက်တွင် ၎င်းကိုယ်တိုင်သွားရောက်မြှုပ်နှံ၍ ရဲစခန်းသို့သတင်း ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့ ၁၁၃၀ အချိန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ အဘူကော်ဆီဒီး (ခ)ရာဇာမြင့်မြတ်အား ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့် ၁၂၀၅ နာရီ တွင် နိုဂျူမူဒိန်(ခ)နေဂျော်နှင့် အဘူကော်ဆီဒီး(ခ)ရာဇာမြင့်မြတ်တို့ ၂ ဦး(ဖမ်းမိ) အား မောင်တောမြို့မရဲစခန်း (ပ)၂၃၈/၂၀၁၇၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် အမှုဖွင့်ချုပ်နှောင် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ The Ladies News
Source : http://ift.tt/2jdztzA
via IFTTT
No comments:
Post a Comment