Monday, December 4, 2017


အစိုးရကို ကျော်၍ ‘ဝ’ နှင့် စာချုပ်သည့် ယူနန်အစိုးရ၏ လုပ်ရပ် နည်းလမ်းမမှန်ဟုဆို တရုတ်နိုင်ငံ ယူနန်အစိုးရအနေဖြင့် မူးယစ်တိုက်ဖျက်ရေး စာချုပ်ချုပ်ကို ပြည်ထောင်စု အစိုးရ သို့မဟုတ် ရှမ်းပြည်နယ် အစိုးရနှင့် မဟုတ်ဘဲ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်များနှင့် ချုပ်ဆိုခဲ့ခြင်းမှာ နည်းလမ်းမကျဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အမတ်တဦးက ဝေဖန်ပြောဆိုလိုက်သည်။ ရှမ်းပြည်နယ်အတွင်းမှ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဘိန်းတိုက်ဖျက်ရေးနှင့် ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ယူနန်အစိုးရ ကိုယ်စားလှယ်များနှင့် UWSA ခေါင်းဆောင်များအကြား ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်း (ပန်ခမ်း) မြို့တွင် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့မှုအပေါ် SNLD အမျိုးသား လွတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ထောက်ပြပြောဆိုခြင်းဖြစ်သည်။ စိုင်းဝမ်းလှိုင်းခမ်း က “ရှမ်းပြည်နယ်အစိုးရ သို့မဟုတ် ပြည်ထောင်စုအစိုးရနဲ့ လက်မှတ်ထိုးမှ မှန်ကန်တဲ့ နည်းလမ်း ဖြစ်တယ်လို့ မြင်ပါတယ်။ တကယ် မူးယစ်ဆေးဝါး ပပျောက်စေချင်ရင်တော့ ဒေသတစ်ခုထဲမကပါဘူး။ နေရာအနှံ့ ဆောင်ရွက်ရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ပန်ဆန်း( ပန်ခမ်း) မြို့တွင် ပြုလုပ်သော ယူနန်အစိုးရ ကိုယ်စားလှယ်များနှင့် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးပွဲသို့ UWSA ဒုဥက္ကဋ္ဌ ရှောက်မင်လျှန် ဦးဆောင်သော အဖွဲ့တက်ရောက်ခဲ့ကြောင်း UWSA မှ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်း က ဧရာဝတီသို့ ပြောသည်။ ယူနန်အစိုးရ ကိုယ်စားလှယ်များနှင့် ‘ဝ’ ခေါင်းဆောင်များအကြား သဘောတူစာချုပ်ချုပ်ဆိုမှုနှင့် ပတ်သက်ပြီး ဦးညီရန်း က “ဘိန်းအစားထိုး စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးကူညီတဲ့အနေနဲ့ပါ။ ဒီလိုပူးပေါင်းကြတာ ၁၀ နှစ်ကျော်လာပါပြီ” ဟု ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၆ (စ) တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့ နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ်တို့အား စုစည်း၍ ခရိုင် ၂ ခရိုင်ဖွဲ့ပြီး ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသအဖြစ် သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ‘ဝ’ ဒေသသည် ပြည်နယ် အဆင့် မဟုတ်သေးပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ အဖြစ်သာ တည်ရှိနေခြင်းကြောင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ဖြစ်သာ ဘိန်းတိုက်ဖျက်ရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးခြင်းက နည်းလမ်းကျကြောင်းထောက်ပြ ပြောဆိုနေကြခြင်းဖြစ်သည်။ “ဒီဘက်ခေတ်မှာ ပိုမိုဆိုးရွားတဲ့ အဓိက ပြဿနာက စိုက်ပျိုးတဲ့ ဘိန်းမဲရဲ့အန္တာရာယ်က အဲ့လောက် မဟုတ်ပါဘူး။ အဓိကလူတွေကိုပျက်ဆီးပြီး မှောင်ခိုကူး ရောင်းဝယ်ဖောက်မှု ကြီးထွားနေတဲ့ တရားမဝင် ဓာတုဆေးဝါး စိတ်ကြွဆေး အန္တရာယ်ပါ။ အဲ့ဒါကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာလို့ ပြောလိုပါတယ်” ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောသည်။ UWSA ခေါင်းဆောင်များက ၂၀၀၅ ခုနှစ်ကစတင်၍ ‘ဝ’ ဒေသသည် ဘိန်းစိုက်ပျိုးမှု ကင်းစင်နယ်မြေအဖြစ် ကြေညာခဲ့သည်။ သို့သော် နိုင်ငံတကာမူးယစ်စောင့်ကြည့်ရေးအဖွဲ့ (DEA) ၏ စာရင်းထဲတွင် UWSA တပ်ဖွဲ့သည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများနှင့် ပတ်သက်သည်ဆိုသော မှတ်တမ်းကိုဖယ်ဖျက် ပေးထားခြင်း မရှိသေးကြောင်းသိရသည်။ The post အစိုးရကို ကျော်၍ ‘ဝ’ နှင့် စာချုပ်သည့် ယူနန်အစိုးရ၏ လုပ်ရပ် နည်းလမ်းမမှန်ဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2nqfna7
via IFTTT

No comments:

Post a Comment