Monday, December 4, 2017


ကျွဲ၊ နွား အကောင်ရေ ၅ သိန်းအထက် ဝယ်ယူရန် တရုတ် ကမ်းလှမ်း မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို ၁ နှစ်လျှင် အကောင်ရေ ၅ သိန်း နှင့်အထက် ဝယ်ယူရန် တရုတ်နိုင်ငံမှ ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက”တရုတ်က ဝယ်ဖို့ရှိနေတယ်။ ဒါကြောင့် ပြည်တွင်းမှာ မွေးမြူရေးနဲ့ ပတ်သက်တဲ့ တောင်သူတွေ၊ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာတယ်ဆိုရင် ပို့ကုန်တိုးလာမယ်။ နိုင်ငံထဲမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာမယ်”ဟု ပြောသည်။ ကျွဲ၊ နွားအရှင်များ တင်ပို့ရန်မှာ ယခုနှစ်အတွက် ပို့ကုန် အမယ်သစ်အဖြစ် တင်ပို့ရန် တိုးလာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ယခင်က ကျွဲ၊ နွားအရှင်များ ပြည်ပ တရားဝင်တင်ပို့ခွင့် ပိတ်ထားခဲ့သော်လည်း ယခု ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ တရားဝင်စတင် တင်ပို့ခွင့် လိုင်စင်ကို လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း သို့သော် လက်ရှိအချိန်အထိ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ “ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့မယ်ဆိုရင် မွေး/ကု ဦးစီးဌာနမှာ ဝယ်ယူစုဆောင်းခွင့်လိုင်စင်အရင် လုပ်ပေးရမယ်။ အဲဒီ ဌာနကနေ ပို့မယ့်ကျွဲ၊ နွားတွေကို တိရိစ္ဆာန် ကျန်းမာရေး ဥပဒေအရ စစ်ပေးရမယ်။ အဲဒီလိုစစ်ပြီး ထောက်ခံချက်ပေးလာပြီ ဆိုရင် စီးပွားကူးသန်းက တင်ပို့ခွင့်လိုင်စင် ထုတ်ပေးမှာဖြစ်တယ်”ဟု ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပြောသည်။ သို့သော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လိုင်စင်ထုတ်ပေးရန်အတွက် ကျွဲ၊ နွား ဝယ်ယူစုဆောင်းရေးဇုန်နှင့် ပိုး၊မွှား အရည်အသွေး စစ်ဆေး သန့်စင်သည့် မွေးမြူရေးဇုန် မလုပ်ရသေးသဖြင့် လိုင်စင်ထုတ်ပေးရန် အဆင်သင့်မဖြစ်သေးကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က” ကျနော်တို့ဆီကနေ တရုတ်ကို ပိုးမွှားသန့်စင်တဲ့ ဆိတ် နဲ့ သိုး ကို ပို့နေတာ အခုရှိပါတယ်။ ဒီဘက်က မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဌာန ကနေ ပိုးမွှား ကင်းစင်ကြောင်း စစ်ဆေးထားတာကို တရုတ်ဘက် သက်ဆိုင်တဲ့ဌာနတူ ကနေ စစ်ဆေးလက်ခံ သွားမယ်။ စနစ် ၂ ခုတူအောင် လုပ်ပြီးတော့ သူတို့ဘက်က လက်ခံနိုင်တဲ့ပုံစံဖြစ်အောင် လုပ်နေပါတယ်”ဟု ပြောသည်။ ထို့ကြောင့် ဆိတ်နှင့် သိုးအပြင် ပိုးမွှားသန့်စင်သော နွား၊ ကျွဲတို့ကို တင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံနယ်စပ် တွင် ပိုးမွှားကင်းစင်ရေးဇုန် ဖြစ်စေရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းသို့ စနစ်တကျ လုပ်ကိုင်ပြီးမှ တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် တိရိစ္ဆာန် တင်ပို့မှု အတွက်သာမက သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက် တင်ပို့မှု များ အတွက် ပိုးမွှားကင်းစင်မှု ရှိ၊ မရှိ အား နိုင်ငံတိုင်းတွင် ကန့်သတ်ချက်ရှိပြီး ယင်းကန့်သတ်ချက်များ နှင့် အညီတရားဝင် တင်ပို့သွား နိုင်ပါက နှစ်ဖက်ကုန်သွယ်မှု ပိုမိုချောမွေ့လာစေမည် ဖြစ်သည်။ ဆိတ် နှင့် သိုးတို့ကို ပြည်ပသို့ တရားဝင် တင်ပို့မှုကို ပြီးခဲ့သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်၌ အကောင်ရေ ၆ သောင်း၊ ယခု ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ၇ လအတွင်း အကောင်ရေ ၈ သောင်းခန့် တင်ပို့နိုင်သဖြင့် တင်ပို့မှု မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။ လက်ရှိတွင် နယ်စပ်မှ တဆင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ကျွဲ ၊ နွား နှင့် ဆိတ်များကို မှောင်ခို တင်ပို့မှုများလည်းရှိနေသည်။ The post ကျွဲ၊ နွား အကောင်ရေ ၅ သိန်းအထက် ဝယ်ယူရန် တရုတ် ကမ်းလှမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2jcUIBT
via IFTTT

No comments:

Post a Comment