Monday, December 4, 2017


တိုင်ကြားမှုများကြောင့် NLD ပါတီ အမတ် ၂၅ ဦးခန့် အရေးယူခံရဟုဆို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၅၀ ကျော်သည် ပါတီ အမှုဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း၊ အင်းကိစ္စ၊ မြေသိမ်းကိစ္စများ၌ ပြည်သူ့ ဘက်မှ ရပ်တည်မှု မရှိခြင်း စသည့် အကြောင်းတို့ဖြင့် တိုင်ကြား ခံထားရပြီး အတိုင်ခံရသူ ၁၀ ဦးလျှင် တဦးခန့်ကို အရေးယူမှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။ NLD ပါတီမှ တိုင်ကြားစာများ စိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ မျိုးညွှန့်က “တိုင်စာ ၁၀ စောင်မှာ တစောင်တော့ အရေးယူတာ ရှိပါတယ်။ နှုတ်နဲ့ သတိပေးတာ၊ စာနဲ့ သတိပေးတာတွေ လုပ်ပါတယ်။ တချို့ အရေးကြီးတဲ့သူတွေကျတော့လည်း လူကြီးတွေက ထပ်ပြီး ဆုံးဖြတ်မှာပေါ့။ လက်ရှိ အရေးယူရတာက ၁၀ ယောက်မှာ တယောက်လောက်တော့ ရှိပါတယ်”ဟု ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ တိုင်ကြားသူများမှာ မိမိကိုယ်မိမိ နစ်နာသည်ဟု ထင်ကြသူများက တိုင်ကြားခြင်း ဖြစ်ပြီး ပါတီက တိုင်ကြားမှုများကိုု ဆုံးဖြတ်ရာတွင် အထောက်အထား ရရှိမှုပေါ်တွင် အခြေခံကြောင်း၊ သို့သော် တိုင်စာအများစုမှာ အထောက်အထား ပေါ်လွင်မှု မရှိကြောင်း NLD ပါတီက ပြောသည်။ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “ကျနော်က သတိပေးစာ ၂ ကြိမ် အထုတ်ခံရတယ်။ အုပ်ချုပ် ရေးကို ဝင်စွက်လို့ အတိုင်ခံရတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ ပိုက်ဆံတောင်းတဲ့ကိစ္စကို ကျနော်က ဝင်ဟန့်တားတယ်ဆိုပြီး တိုင် တာ။ သူတိုင်လည်း ကျနော်က ဘာမှမဖြစ်ဘူးထင်ပေမယ့် စာထုတ်ပြီး သတိပေးခံရတယ်။ နောက်တစောင်ကတော့ အကြောင်းရင်း မသိရဘဲ သတိပေးတယ်လို့ပဲ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ သို့သော် မကြာခဏ ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူ သတိပေးလေ့ ရှိကြောင်း၊ တိုင်ချက်ပေါ်တွင် မူတည်ပြီး အမေးခံရ ခြင်း ဖြစ်ပြီး NLD ကိုယ်စားလှယ်များသည် အဂတိလိုက်စားမှုဆိုသည့် ပုံစံမျိုး အတိုင်ခံရခြင်း မဟုတ်ဘဲ လုပ်ငန်းဆောင်ရွက်မှုများ တွင် မကျေလည်မှုများသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။ “နောက်ပိုင်းကျတော့ အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်မစွက်တော့ဘူး။ ပထမတုန်းကတော့ အဆင်မ ပြေတာတွေကို ပြေအောင်၊ မြန်သွား အောင် ဝင်ဝင်ပြောတယ်။ နောက်မပြောတော့ဘူး။ ကျနော်အနေနဲ့ အပေါ်ကိုပဲ တိုင်စာ ရေးတော့တယ်။ ကိုယ်တိုင် သွားမပြောတော့ ဘူး။ ပြေလည်အောင် ခေါ်ညှိပေးတာကို ဘောင်ကျော်တယ်ဆိုပြီး ပြောတော့ ပြည်သူတင်ပြတာ ရှိလာရင် သက်ဆိုင်ရာ ဝန်ကြီးဌာနကိုပဲ တိုက်ရိုက် တိုင်တော့တယ်”ဟု ဦးအောင်လှိုင်ဝင်းက ဆိုသည်။ NLD ပါတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာပေါင်း ၄၀၀ ကျော်တွင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ၄ ဦး ပါဝင်လာ၍ ပါတီ၏ စည်မျဉ်း၊ ဥပဒေများနှင့်အညီ စိစစ်မှုများ ပြုလုပ်ခဲ့ရကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင် ဒေါက်တာမျိုးညွန့်က၂၀၁၇ ခုနှစ် သြဂုတ်လက မီဒီယာများသို့ ပြောဆိုခဲ့ဖူးသည်။ ယင်းတိုင်ကြားမှုပေါင်း ၄၀၀ ကျော်တွင် ၂၀၀ ကျော်မှာ ခိုင်မာမှု မရှိ၍ စိစစ်ရန်မလိုဘဲ ၂၀၀ ခန့်ကိုသာ စိစစ်ရာ အပြစ်ရှိသူ ၂၀ ခန့်ရှိကြောင်း၊ ၎င်း ၂၀ ဦးကို ပါတီမှ သတိပေးခြင်း၊ ဒဏ်တပ်ခြင်းနှင့် ထုတ်ပယ်ခြင်းများကို ပြုလုပ်ခဲ့ရသေးသည်။ ယခုနှစ်ဆန်းပိုင်း ဖေဖါ်ဝါရီလအတွင်းက တိုင်စာများနှင့် ပတ်သက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တို့ စစ်ဆေးခံခဲ့ရပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်သွားခဲ့သည်။ အလားတူ ၂၀၁၆ ခုနှစ်အတွင်းကလည်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း အချင်းချင်း အမှုဖွင့် တိုင်ကြားမှုများနှင့် လူမှုရေးအရှုပ်အရှင်းများ ဖြစ်ပွားခဲ့၍ ၎င်းတို့အား သက်ဆိုင်ရာလွှတ်တော် ကော်မတီမှ ထုတ်ပယ်ခြင်းနှင့် လုပ်ငန်းတာဝန်ရပ်ဆိုင်းခြင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ The post တိုင်ကြားမှုများကြောင့် NLD ပါတီ အမတ် ၂၅ ဦးခန့် အရေးယူခံရဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2Asy3ZK
via IFTTT

No comments:

Post a Comment