ရခိုင်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်သန်းစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွား ရခိုင်ပြည်နယ် ဝန်ကြီး ဦးညီပု လိုက်ပါလာသည့် ယာဉ်တန်း ဖြစ်သွားစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဆုံးရှုံးမှု မရှိဟု သိရသည်။ ဝန်ကြီးချုပ် ဦးညီပု၏ ယာဉ်တန်းသည် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ ကျော်က အမ်းမြို့မှနေ စစ်တွေမြို့သို့ ပြန်လာစဉ် မြေပုံမြို့နယ် မိုင်တိုင်အမှတ် ( ၄၅ ) ယောချောင်း တံတားအနီးတွင် မိုင်းပေါက်ကွဲခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးကျော်ခင်က ဧရာဝတီသို့ အတည်ပြုသည်။ ဦးကျော်ခင်က “ မိုင်းပေါက်တာ ဟုတ်ပါတယ်။ ကျနော်တို့ ကားဖြတ်ပြီးတဲ့အချိန် နောက်က ပေါက်တာဆိုတော့ ဘာမှ ထိခိုက်တာတော့ မရှိဘူး ” ဟု ပြောသည်။ အဆိုပါ ဝန်ကြီးချုပ် ခရီးစဉ်တွင် မော်တော်ယာဉ် သုံးစီးလိုက်ပါလာခဲ့ပြီး သံတွဲ၊ တောင်ကုတ်၊ ဂွ စသည့် ဒေသဖွံဖြိုးရေးခရီးစဉ် သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဝန်ကြီးချုပ်သည် ကျောက်တော်ဘက်သို့ ဆက်လက်ထွက်ခွာလာပြီး မိုင်းပေါက်ကွဲသည့်နေရာသို့ သက်ဆိုင်ရာ အဖွဲ့အစည်းများက စုံစမ်းရှာဖွေမှုများကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့ အဝင် ကားလမ်းမပေါ်တွင် မိုင်း ၂ လုံးတွေ့ရှိခဲ့သည့်အတွက် ကားလမ်းကို ခေတ္တပိတ်ထားခဲ့ပြီး မိုင်းရှင်းလင်းမှု လုပ်ခဲ့ရသေးသည်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ရန်ကုန်- စစ်တွေကားလမ်းမပေါ်တွင် ၂၀၁၇ ခုနှစ် ၊ နိုင်ဝင်ဘာလ ၁၅ ရက်နေ့က တပ်မတော်ထောက်ပံံ့ရေး ယာဉ်တန်း ဖြတ်သွားစဉ် မိုင်း ၃ လုံး တပြိုင်တည်း ပေါက်ကွဲခဲ့ပြီး စတင်ဘာလ ၁၉ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနှစ်အချိန်ခန့်ကလည်း ၎င်းမင်းပြားမြို့နယ်အတွင်း ကားလမ်းပေါ်တွင် မိုင်း ၃ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ The post ရခိုင်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်သန်းစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2k8kBT3
via IFTTT
No comments:
Post a Comment