Monday, December 4, 2017


ကမ္ဘာ့ အရှည်ဆုံးနဲ့ အတိုဆုံး လေကြောင်း ခရီးစဉ်များ အကြောင်း တချို့က ခရီးသွားလာရာမှာ ရထားတွေ ကားတွေထက် လေယာဉ်နဲ့ သွားရတာကို ပိုပြီး သဘောကျကြပါတယ်။ ခရီးအဝေးကြီး သွားလာဖို့ အတွက် လေယာဉ်နဲ့ ဆိုရင် ပိုပြီး စိတ်ချရတယ်၊ မြန်လည်း မြန်ဆန်တယ် ပေါ့။ ပြီးတော့ လူတိုင်းလိုလို မြေပြင်ကနေ ပေ ၃၅၀၀၀ အမြင့်လောက်ထိအောင် ပျံသန်းနေတဲ့ လေယာဉ်နဲ့ လိုက်ပါ စီးနင်းနိုင်ဖို့လည်း လွယ်ကူ အဆင်ပြေအောင် စီစဉ်ပေးတာတွေ ရှိလာပါတယ်။ ကားစီးရင် ကားမူးတတ်သူတွေ၊ သဘောၤစီးရင် သင်္ဘောမူးတတ်သူတွေလိုပဲ ယာဉ်စီးတဲ့ အခါ မူးတာတွေ ရှိပေမယ့် ကျန်းမာရေး ထိခိုက်မှု သိပ်မရှိဘဲ လေယာဉ် စီးနင်းနိုင်တယ် လို့ ဆိုပါတယ်။ လေယာဉ်က မီးပွိုင့်တွေမှာ ရပ်နားဖို့ မလိုတဲ့ အတွက် ခရီးမြန်မြန် ရောက်တယ်၊ လမ်းမှာ ကြာချိန် မရှိတော့ဘူး၊ ပြီးတော့ တပ်ဆင် အင်ဂျင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပျံသန်းနိုင်မှု အမြန်နှုန်းတွေ အရ လိုရာခရီးကို အမြန်ဆုံး ရောက်နိုင်တာကလည်း အားသာချက် တခုပါ။ ရာသီဥတုရဲ့ အတားအဆီးတချို့တော့ ရှိနိုင်ပေမယ့် တချိန်လုံး ကြုံတွေ့နေရတာမျိုးတော့ မဟုတ်ပါဘူး။ အချိန်ပိုင်း၊ ရက်ပိုင်းလောက်သာ တွေ့ကြုံရတာပါ။ ကမ္ဘာ့အရှည်ဆုံး လေကြောင်း ခရီးစဉ် ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာကနေ နယူးဇီလန်နိုင်ငံ အက္ကလန်းကို ပါးရှန်းပင်လယ်ကွေ့ကြီး ဖြတ်ပြီး ခရီးနှင်ရပေမယ့် ခဏလေးနဲ့ ရောက်နိုင်နေပြီ ဖြစ်ပါတယ်။ ကာတာ လေကြောင်းလိုင်းကတော့ အခုဒိုဟာကနေ အက္ကလန်းဆီကို ခရီးချိန် ၁၆ နာရီ ၁၀ မိနစ်နဲ့ ရောက်အောင် ခရီးစဉ် ဆွဲပြီးပျံသန်းမှု စတင်နေပါပြီ။ ခရီးစဉ်က လေစုန်၊ လေဆန် အနေအထားနဲ့ ဖြတ်သန်း ခရီးနယ်ပယ်တွေ အရ ဒိုဟာကနေ အက္ကလန်းကို ၁၆ နာရီ ၁၀ မိနစ်နဲ့ ရောက်ပေမယ့် အပြန်မှာတော့ အချိန် ပိုပေးရပါလိမ့်မယ်။ အက္ကလန်းကနေ ဒိုဟာခရီးစဉ်မှာတော့ ၁၇ နာရီနဲ့ မိနစ် ၃၀ ပေးရပါလိမ့်မယ်။ ဒိုဟာ-အက္ကလန်း ခရီးစဉ်က လက်ရှိကမ္ဘာရဲ့ ဒေသ အသီးသီးမှာ ပြေးဆွဲနေတဲ့ လေယာဉ် ခရီးစဉ်တွေထဲမှာ အချိန်အကြာဆုံးနဲ့ ခရီးအဝေးဆုံး မောင်းနှင် ပျံသန်းတဲ့ ခရီးစဉ် တခု ဖြစ်ပါတယ်။ ခရီးစဉ်က အချိန်ဇုန် ၁၀ ခုလောက်ကို ဖြတ်သန်း မောင်းနှင်သွားတယ်၊ ပြီးတော့ အစ၊ အဆုံးမိုင်ပေါင်း ၉၀၃၂ မိုင် ရှိတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခရီးစဉ် စတင် မိတ်ဆက် စတင် ပျံသန်းမှုမှာ ဒိုဟာကနေ တနင်္ဂနွေ မနက်မှာ ထွက်လာတဲ့ လေယာဉ်က နောက်တရက် မနက်စောစော နယူးဇီလန်ကို ရောက်နေပြီ ဖြစ်ပါတယ်။ မကြာခင်မှာတော့ စင်ကာပူ လေကြောင်းလိုင်းက ကမ္ဘာ့ ခရီးစဉ် အရှည်ဆုံး ဖြစ်လာမယ့် လေကြောင်းခရီးကို ပြေးဆွဲသွားဖို့ စီစဉ်နေပြီး ဒီခရီးစဉ်က စင်ကာပူကနေ အမေရိကန်နိုင်ငံ၊ နယူးယောက်ကို တိုက်ရိုက် ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီခရီးမှာ မိုင်ပေါင်း ၉၅၀၀ ကို ဖြတ်သန်းမောင်းနှင် ပြေးဆွဲမှာ ဖြစ်ပေမယ့် အခုလက်ရှိမှာတော့ ဒိုဟာ-အက္ကလန်းခရီးစဉ်ကပဲ ကမ္ဘာ့အရှည်ဆုံး လေကြောင်း ခရီးစဉ် ဖြစ်နေဆဲပါ။ ဒီလိုခရီးစဉ် အရှည်ကြီးတွေကို လေယာဉ်နဲ့ သွားလာရမယ် ဆိုရင်တော့ ကျန်းမာရေး အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင် စီးနင်းဖို့တော့ လိုပါတယ်။ မူးတတ်သူတွေ၊ ဗိုက်အဆင်မသင့် ဖြစ်တတ်သူတွေ ကတော့ ပိုပြီး ဂရုစိုက်ရမှာပေါ့။ ကမ္ဘာ့အတိုဆုံး လေကြောင်း ခရီးစဉ် ဒါကလက်ရှိ ကမ္ဘာ့ အရှည်ဆုံးလေယာဉ် ခရီးစဉ် အကြောင်း ဖြစ်ပြီး ကမ္ဘာ့ အတိုဆုံးလို့ သတ်မှတ်ရင်လည်း ရနိုင်မယ်၊ ဒါပေမယ့် သတ်မှတ်ထားချက် မရှိသေးပေမယ့် အမေရိကန်မှာတော့ အတိုဆုံး လေယာဉ် ခရီးစဉ် အဖြစ် ပြေးဆွဲနေတဲ့ အကြောင်းကို နည်းနည်း ဆက်ပြောချင်ပါတယ်။ United Airlines ကနေ ပြေးဆွဲနေတာ ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုကနေ ဆန်တာရိုဆာကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းက ခရီးစဉ် အတွက် အချိန် ၁၆ မိနစ်ပဲ ကြာပါတယ်။ ခရီးအကွာအဝေးက ၆၂ မိုင်တည်းပါ။ လေယာဉ်ကွင်းကို ရောက်တယ်၊ လက်မှတ်ဝယ်တယ်၊ စစ်ဆေးခံတယ်၊ လေယာဉ်ပေါ်တက်တယ်၊ လိုက်ပါ စီးနင်းတယ်၊ ပြန်ဆင်းတယ်၊ အထုပ်အပိုးထုတ်ယူတယ်၊ အချိန် အားလုံးပေါင်းမှ ၄၅ မိနစ်ပဲ ပေးရပါတယ်။ ဒါနဲ့ အခုလောက် ၆၂ မိုင် ခရီး၊ လေယာဉ် စီးဖို့ ၁၆ မိနစ်ကို ဘာလို့ လူတွေ ပေးပြီးစီးနင်းနေပါသလဲ ဆိုတော့ လမ်းပိတ်မှုတွေကို ကြောက်လို့ အခုလေယာဉ် ခရီးစဉ် အတိုလေး ဖြစ်ပေမယ့် လူစီးရှိနေဆဲ ဖြစ်တယ် လို့ သိရပါတယ်။ Ref: www.rd.com The post ကမ္ဘာ့ အရှည်ဆုံးနဲ့ အတိုဆုံး လေကြောင်း ခရီးစဉ်များ အကြောင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2AohBf5
via IFTTT

No comments:

Post a Comment