Monday, December 4, 2017


ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် လက်လုပ်မိုင်း တွေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးတွင် ယနေ့မနက်ပိုင်းက လက်လုပ်မိုင်း တွေ့ရှိခဲ့သဖြင့် သံရုံးလုပ်ငန်းစဉ်များ ယာယီ ရပ်ဆိုင်းလိုက်ရပြီး သံရုံးရှေ့အဝင် အထွက်လမ်းကိုလည်း ယာယီ ပိတ်ထားခဲ့ရကြောင်း မြန်မာသံရုံး တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။ လက်လုပ်မိုင်းဟု ယူဆရသော ဗုံး ၂ လုံးကို ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က သံရုံးရှေ့တွင် တွေ့ရှိခဲ့ပြီး မနက် ၁၁ နာရီ ၄၀ ခန့်တွင် ထိုင်းရဲတပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့ကြောင်း သံရုံးလုပ်ငန်းစဉ်များ ပြန်၍ လည်ပတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် က ပြောသည်။ ဦးမိုးအောင်ခိုင် က “ကျနော်တို့က ထိုင်းရဲကို အကြောင်းကြားတယ်။ မိုင်းရှင်းတဲ့ အဖွဲ့ရောက်လာတယ်။ ၁၁ နာရီ ၄၀ လောက်မှာ ပြီးသွားတယ်။ လက်လုပ်မိုင်းပုံစံမျိုးပေါ့။ နာရီတို့ ဘာတို့ပါတယ်။ ထောင်ထားတာ။ ရုံးလုပ်ငန်းတွေကိုတော့ ၃ နာရီလောက် ယာယီ ရပ်ထားလိုက်ရတယ်။ ခုတော့ ပြန်စနေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။ မြန်မာသံရုံးရှေ့တွင် လက်လုပ်မိုင်းတွေ့၍ ထိုင်းရဲတပ်ဖွဲ့ ဝင်ရော… မြန်မာသံရုံးရှေ့တွင် လက်လုပ်မိုင်းတွေ့၍ ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ရှင်းလင်း.ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်ရှိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံရုံးတွင် ယနေ့မနက်ပိုင်းက လက်လုပ်မိုင်း ၂ လုံး တွေ့ရှိ၍ သံရုံးလုပ်ငန်းစဉ်များ ယာယီ ရပ်ဆိုင်းလိုက်ရပြီး သံရုံးရှေ့အဝင် အထွက်လမ်းကိုလည်း ယာယီ ပိတ်ထားခဲ့ရကြောင်း မြန်မာသံရုံး တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။ ရုပ်သံ – Johny Adhikari Posted by The Irrawaddy – Burmese Edition on Sunday, December 3, 2017 အခင်းဖြစ်ပွားချိန်တွင် သံရုံးရှေ့နှင့် သံရုံးအထဲတွင် ပတ်စပို့စ် စာအုပ်လုပ်ငန်းစဉ် ဆောင်ရွက်နေသည့် ရာနှင့် ချီသော ရွှေ့ပြောင်း အလုပ်သမားများ ရောက်ရှိနေချိန်ဖြစ်ပြီး ဗုံးသတင်းကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ရကြောင်း မြန်မာသံရုံးကို နိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူနေသည့် ကိုဂျွန် က ဧရာဝတီသို့ ပြောသည်။ ကိုဂျွန် က “ချိန်ကိုက်ဗုံးဆိုတော့ ကြောက်ကြတာပေါ့ဗျာ။ အဲဒီအချိန် သံရုံးရှေ့ လူကများတော့ ပေါက်ကွဲရင်တော့မလွယ်ဘူး။ တချို့က၊ သံရုံးထဲမှာ၊ တချို့က သံရုံးအပြင်ဘက်မှာ၊ လမ်းတွေပါ ပိတ်လိုက်တော့ လူတွေလည်း ပိုပြီး စိုးရိမ်တယ်။ ရဲက ရှင်းလိုက်ပြီ ပြောမှ အားလုံးစိတ်ချမ်းသာသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်သည်ကို ချက်ချင်း ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း ထိုင်းရဲတပ်ဖွဲ့က CCTV ကင်မရာ မှတ်တမ်းများအပါအဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ The post ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် လက်လုပ်မိုင်း တွေ့ appeared first on ဧရာဝတီ.
Source : http://ift.tt/2ALPMhg
via IFTTT

No comments:

Post a Comment