၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ အခမ်းအနား ယနေ့ ကျင်းပမည် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၉ နာရီခွဲ (ဒေသစံတော်ချိန် ညနေ ၆ နာရီ) တွင် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အုပ်စုမဲခွဲရန်အတွက် ဦးစားပေးအဆင့် (၁) မှ (၄) အထိ မဲအိုးများခွဲခြားထားပြီး မဲအိုး (၁) တွင် အိမ်ရှင်ရုရှားအသင်းနှင့် ကမ္ဘာ့အဆင့် ထိပ်ဆုံးရပ်တည်နေသည့် ခုနစ်သင်း၊ မဲအိုး (၂) မှ (၄) တွင် အောက်တိုဘာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အလိုက် တစ်အိုးလျှင် ရှစ်သင်းစီ ပါဝင်ကြောင်း သိရသည်။ အုပ်စုခွဲ ဝေပုံမှာ ယခင်ပြိုင်ပွဲများကဲ့သို့ပင် သက်ဆိုင်ရာ တိုက်တစ်ခုတည်းမှအသင်းများ မဆုံတွေ့စေရန် စီစဉ်ထားပြီး အိမ်ရှင်ရုရှားအပါအဝင် ဥရောပတိုက်မှ အသင်းများမှာမူ ၁၄ နေရာ အထိ ဝင်ခွင့်ရထားသဖြင့် အများဆုံးနှစ်သင်း အထိ ဆုံတွေ့နိုင်ကြောင်း သိရသည်။ မဲအိုး (၁) တွင် ရုရှား၊ လက်ရှိချန်ပီယံ ဂျာမနီ၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ပြင်သစ်၊ မဲအိုး (၂) တွင် စပိန်၊ ပီရူး၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ဥရုဂွေး၊ ခရိုအေးရှား၊ မဲအိုး (၃) တွင် ဒိန်းမတ်၊ အိုက်စလန်၊ ကော်စတာရီကာ၊ ဆွီဒင်၊ တူနီးရှား၊ အီဂျစ်၊ ဆီနီဂေါ၊ အီရန်၊ မဲအိုး (၄) တွင် ဆားဘီးယား၊ နိုင်ဂျီးရီးယား၊ ဩစတြေးလျ၊ ဂျပန်၊ မော်ရိုကို၊ ပနားမား၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျအသင်းတို့ ပါဝင်နေသည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များအား ဇွန် ၁၄ ရက်မှ ဇွန် ၂၈ ရက်၊ ရှုံးထွက်ပွဲစဉ်များအား ဇွန် ၃၀ ရက်မှ ဇူလိုင် ၃ ရက်၊ ကွာတားဖိုင်နယ်ပွဲစဉ်များအား ဇူလိုင် ၆/၇ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များအား ဇူလိုင် ၁၀/၁၁ ရက်၊ တတိယနေရာလုပွဲအား ဇူလိုင် ၁၄ ရက်နှင့် ဗိုလ်လုပွဲအား ဇူလိုင် ၁၅ ရက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2jBaeqp
via IFTTT
No comments:
Post a Comment