ပုပ်ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်ကို OIC ကြိုဆို မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက်ခြင်း၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအား သန္နိဋ္ဌာန်ပြုလိုက်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားသင့်မြတ်ရေးကို ထောက်ခံသည့် ပုပ်ရဟန်းမင်းကြီး၏ ထပ်လောင်းအတည်ပြုချက်အပေါ် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)က ကြာသပတေးနေ့တွင် ကြိုဆိုလိုက်သည်။ ဆော်ဒီသတင်းအေဂျင်စီ၏ အဆို ယင်းသို့ လည်ပတ်မှုများသည် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများ အထူးသဖြင့် တရားမမျှတမှုနှင့် ဖိစီးနှိပ်စက်ခံရနေရသော ရိုဟင်ဂျာတို့အား မီးမောင်းထိုးပြနိုင်ကြောင်း ထုတ်ပြန်ကြေညာသည်ဟု သိရသည်။ တိုင်းရင်းသားလူမျိုး အသီးသီးကို လေးစားရန် ပုပ်ရဟန်းမင်းကြီးက မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့မှု၊ ကိုးကွယ်ရာ ဘာသာခြားနားခြင်းသည် ခွဲခြားဆက်ဆံမှုနှင့် မယုံသင်္ကာဖြစ်မှုများ စတင်ပေါက်ဖွားရာ ရင်းမြစ်တခု မဖြစ်ရန် လိုကြောင်း သို့သော် စည်းလုံးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းနှင့် ဉာဏ်အမြော်မြင်ရှိခြင်းတို့နှင့်ပြည့်စုံသည့် တိုင်းပြည်အဖြစ် တည်ဆောက်ရာတွင် တွန်းအားတခု ဖြစ်စေလိုကြောင်း မြန်မာလူထုထံသို့ ပုပ်ရဟန်းမင်းကြီးက ပန်ကြားခဲ့မှုတို့အား OIC က အသိအမှတ်ပြုကြောင်းလည်း ဆိုသည်။ ထို့ထက်ပို၍ ဒုက္ခသည် အမြောက်အမြားကို လက်ခံထား၍ အားထုတ်ကြိုးပမ်းနေသည့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ၎င်း၏ လူသားချင်းစာနာရေးဖော်ဆောင်မှုကို ပံ့ပိုးပေးနေသည့် OIC အဖွဲ့ဝင်နိုင်ငံများအား အသိအမှတ်ပြုကြောင်း OIC က ထပ်မံပြောဆိုသည်။ ဒုက္ခသည်များ မူလနေရပ်ပြန်ရောက်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သဘောတူညီချက်ကို မိမိတို့ မွတ်ဆလင်အသိုင်းအဝိုင်းက မှတ်တမ်းတင်ကြောင်း၊ ဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံရေး အာမခံချက်ဖြင့် ပြန်လာနိုင်စေရန် မည်သည့်သဘောတူညီချက်မဆို စည်းကမ်းချက်နှင့် အခြေအနေများ ရှင်းရှင်းလင်းလင်း သတ်မှတ်ရမည်ဖြစ်ကြောင်း OIC ထုတ်ပြန်သည်။ ဒုက္ခသည်များ လုံခြုံစိတ်ချစွာနှင့် သိက္ခာရှိစွာ ပြန်လာနိုင်ရေး ခွင့်ပြုရန် မြန်မာအစိုးရကို မွတ်ဆလင်အသိုင်းအဝိုင်းက ထပ်မံတိုက်တွန်းကြောင်းနှင့် မွတ်ဆလင် ဆန့်ကျင်ရေး ဆောင်ရွက်နေသည့် အစွန်းရောက်အုပ်စုများ၏ ပြောဆို ဝါဒဖြန့် လုပ်ဆောင်နေမှုအပါအဝင် ရခိုင်ဒေသတွင် တင်းမာမှုများ၏ အကြောင်းရင်းကို ဖော်ထုတ်ရေးအတွက် ခိုင်မာသည့်အဆင့်များ ချမှတ်ဆောင်ရွက်ရန် အာဏာပိုင်များက ကိုင်တွယ်သွားရမည်ဟု ဆိုထားသည်။ The post ပုပ်ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်ကို OIC ကြိုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2nluNw8
via IFTTT
No comments:
Post a Comment