Friday, December 1, 2017

Eleven Media Group

ဂျပန်ဧကရာဇ်က ၂၀၁၉ ခုနှစ် ဧပြီလကုန်၌ နန်းစွန့်မည် ဂျပန်ဧကရာဇ် အာကီဟီတိုသည်၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် နန်းစွန့်မည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီဇင်ဘာ ၁ ရက်တွင် ကြေညာခဲ့သည်။ ယင်းသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး တော်ဝင်မိသားစုတွင် ရာစုနှစ် နှစ်စုကျော်ကာလအတွင်း ပထမဆုံးနန်းစွန့်မှု ဖြစ်လာမည်ဖြစ်သည်။ လူကြိုက်များသည့် အသက် ၈၃ နှစ်အရွယ် ဧကရာဇ်၏နန်းစွန့်မည့်ရက်ကို အင်ပါယာကောင်စီ၏ အထူးအစည်းအဝေးတစ်ရပ်၌ ဆုံးဖြတ်လိုက်ချိန်တွင် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်ဟု အာဘေးက ပြောကြားခဲ့သည်။ “ဧကရာဇ်ရဲ့ထီးနန်းစွန့်မှု၊ အိမ်ရှေ့မင်းသားရဲ့ ထီးနန်းဆက်ခံမှုတို့မှာ ဂျပန်ပြည်သူတွေ ပါဝင်နိုင်အောင် အစိုးရက အစွမ်းကုန်လုပ်ဆောင်ပေးသွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 6 အာကီဟီတို၏ အကြီးဆုံးသားဖြစ်သော အသက် ၅၇ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရူဟီတိုသည် အာကီဟီတိုနန်းစွန့်ပြီး နောက်တစ်ရက်၌ Chrysanthemum ထီးနန်းကိုဆက်ခံလိမ့်မည်ဟု ခန့်မှန်းရသည်။ ယင်းသတင်းသည် ညနေပိုင်းသတင်းစာများ၏ မျက်နှာဖုံးများတွင် နေရာယူခဲ့ပြီး ဆန်ကေးရှင်ဘွန်းသတင်းစာသည် အထူးအချပ်ပို ထည့်၍ပင်ဖော်ပြခဲ့သည်။ ယခုနန်းစွန့်မှုကြောင့် အာကီဟီတို ထီးနန်း၌ရှိနေစဉ် နှစ် ၃၀ ကြာမြင့်သည့် လက်ရှိ Heisei ခေတ်အား အဆုံးသတ်စေလိမ့်မည်ဖြစ်သည်။ ဧကရာဇ်သည် အသက်အရွယ်နှင့် ကျန်းမာရေးပြဿနာတို့ကြောင့် နောက်ကွယ်၌သာ နေလိုတော့ကြောင်း ယမန်နှစ်က အချက်ပြပြောဆိုခဲ့စဉ်က နိုင်ငံတစ်ဝန်းကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အာကီဟီတိုသည် ဧကရာဇ်ဂျင်မူကစတင်ခဲ့သော Chrysanthemum ထီးနန်းကိုဆက်ခံသည့် ၁၂၅ ဦးမြောက်ပုဂ္ဂိုလ်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဒေသဆိုင်ရာကိုးကွယ်မှု ဘာသာဖြစ်သော ရှင်တိုဘာသာတွင် ဧကရာဇ်တို့သည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြရသည်။ ဂျပန်တွင် သမ္မတစနစ်ကိုလိုလားသော ပြောဆိုလှုပ်ရှားမှုမရှိသလို တော်ဝင်မိသားစုသည် ဂျပန်နိုင်ငံသားအများစု၏ ကြည်ညိုလေးစားခြင်းကို ရရှိထားသည်။ ဂျပန်မင်းမျိုးမင်းနွယ်တို့သည် ဗြိတိန်မင်းမျိုးမင်းနွယ်တို့ ကဲ့သို့မဟုတ်ဘဲ အများအားဖြင့် သိုသိုသိပ်သိပ်နေလေ့ရှိသည်။
Source : http://ift.tt/2iyM2IS
via IFTTT

No comments:

Post a Comment