ဒီဇင်ဘာ(၂၈)တွင် နည်းပြသစ် ရွေးချယ်ခန့်အပ်ရန် ဆီဗီလာအသင်း စီစဉ်နေ ဆီဗီလာအသင်းသည် နည်းပြ ဘယ်ရစ်ဇိုကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် အစားထိုးရန် နည်းပြသစ်ရှာဖွေလျက်ရှိပြီး ဒီဇင်ဘာ(၂၈)တွင် ရွေးချယ်ခန့်အပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ ဆီဗီလာအသင်းသည် ပြည်တွင်းမှ စပိန်နည်းပြ ဟာဗီဂရာစီယာနှင့်အတူ လောရင့်ဘလန့်နှင့် တူဟယ်လ်တို့ကို ပစ်မှတ်ထားနေပြီး မာလာဂါနညးပြဟောင်း ဂရာစီယာက ရေပန်းအစားဆုံးဖြစ်နေကြောင်းလည်း သိရှိရသည်။ လက်ရှိအချိန်တွင် လာလီဂါပြိုင်ပွဲမှာ ခေတ္တအနားပေးထားသော်လည်း ယင်းကာလအတွင်း စပိန်ဘုရင့်ဖလားပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ ထို့ပြင် အားလပ်ရက်အနားပေးထားသည့်ကစားသမားများမှာ ဒီဇင်ဘာ(၂၈)တွင် အသင်းနှင့် ပြန်လည်ပူးပေါင်းရမည်ဖြစ်သည့်အတွက် ဆီဗီလာအသင်းတာဝန်ရှိသူများက ယင်းနေ့တွင် နည်းပြသစ်ခန့်အပ်နိုင်ရန် ဆန္ဒရှိနေခြင်းလည်းဖြစ်သည်။
Source : http://ift.tt/2zsoRSP
via IFTTT
No comments:
Post a Comment