Wednesday, December 20, 2017

Eleven Media Group

ကမ္ဘောဇဘဏ်က ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်းများ ယခင် ၆ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချ ကမ္ဘောဇဘဏ်က ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းများကို ယခင် ၆ ရာခိုင်နှုန်းမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှ စ၍ ၂ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၀) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ ဘဏ်များအသင်း၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အထူးအစည်းအဝေးတွင် ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းကို ၂၀၁၈ ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ ၂% သို့ ပြောင်းလဲ သတ်မှတ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များ အနေဖြင့် အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားသဖြင့် ကမ္ဘောဇဘဏ်လီမိတက် အနေဖြင့်လည်း ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းကို၂၀၁၈ ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ ၂% သို့ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဇဘဏ်သည် ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) ၏ အတိုးနှုန်းကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ငွေပမာဏပိုင်းခြားမှုမရှိဘဲ ငွေပမာဏ အားလုံးကို ၆ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့ကာ ယခုတွင် ၆ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
Source : http://ift.tt/2CLDwdU
via IFTTT

No comments:

Post a Comment