၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ဇာတ်ကား ၅၀ ကျော်ရှိပြီး အကယ်ဒမီစိစစ်အကဲဖြတ်ခြင်းများ မကြာမီစတင်မည် ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၅၀ ကျော်ရှိခဲ့ပြီး အကယ်ဒမီစိစစ်အကဲဖြတ်မှုများကို မကြာမီစတင်မည်ဖြစ်ကြောင်း သိရသည်။ ယခင်က တစ်နှစ်တာလုံးတွင် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများ ၂၀ ခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် ဇာတ်ကား ၅၀ ကျော်ရုံတင်ပြသခဲ့သည့်အတွက် နှစ်ဆကျော်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကယ်ဒမီစာရင်းဝင် ဇာတ်ကားများတွင် ဟာသဇာတ်ကား၊ ဒရာမာဇာတ်ကား၊ မေတ္တာဖွဲ့ဇာတ်ကား၊ အက်ရှင်အသားပေးဇာတ်ကား စသဖြင့် ဇာတ်ကားအမျိုးအစားစုံ ပါဝင်ထားကြောင်း သိရသည်။ “အကယ်ဒမီစိစစ်အကဲဖြတ်မှုက ဒီနှစ်မှာဇာတ်ကားအရေအတွက် ပိုမိုများပြားပါတယ်။ ဒါကြောင့် ဒီဇာတ်ကားတွေအားလုံးကို သေချာကြည့်ရှုနိုင်ပြီး စိစစ်အကဲဖြတ်မှုမှာလည်း အစအဆုံးပါဝင်ပေးနိုင်တဲ့ ဝါရင့်အနုပညာရှင်တွေ ပါဝင်နိုင်ဖို့ကို စီစဉ်နေပါတယ်။ ဒါကြောင့် မကြာမီမှာ အကယ်ဒမီစိစစ်အကဲဖြတ်အဖွဲ့ ဖွဲ့စည်းပြီး စတင်ကြည့်ရှုတော့မှာပါ။ ဇာတ်ကားအားလုံးကို စိစစ်အကဲဖြတ်ပြီး အကြိမ်ကြိမ်ထပ်မံကြည့်ရှုတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေး ကြူလေးကဆိုသည်။ အကယ်ဒမီစာရင်းဝင်အဖြစ် ၂၀၁၇ အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများမှာ တီတီနဲ့ဒိုးနတ်၊ ချန်ပီယံလေး၊ ဘယ်ရည်းစားကိုအချစ်ဆုံးလဲ၊ ဟန်းနီးမွန်း၊ ကြီးကြီးကျယ်ကျယ်၊ သားဘီလူး၊ ငါ့အကယ်ဒမီ၊ မာယာစတိုင်၊ ကွမ်းလုံရက် ၄၀၊ ပထမထပ်ဟန်းနီးမွန်း၊ ဂျုံးဂျုံးဂျက်ဂျက်၊ ကြိုးဖြင့်ချည်ထားသော ဗာရာဏသီ၊ ခေါက်ထီးကလေး မလုံ့တလုံ၊ အရွယ်သုံးပါးချစ်တတ်သည်၊ လူများကိုခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်၊ ချိုမြိန်သောလက်စားချေခြင်း၊ အမှောင်မှာရွာချတဲ့မိုးတိမ် (ကျွန်)၊ နေဝင်အိပ်တန်းတက်၊ ဝိညာဉ်ကကြိုး၊ သူငယ်၊ ကပ္ပိယ၊ အော်ရီဂျင်နယ်ဂန်းစတား၂၊ သူငယ်ချင်းယောက္ခမ၂၊ ဘုန်းကညာနှစ်ပါး၊ ည၊ ကြောက်ကြောက်ကြောက်၊ ရာဇဝင်ရိုင်းသူများ၊ ပွဲခံမယ်၊ သိုက်ကလာတယ်စကားမပြောဘူး၊ ဆယ်လီ၊ ဖက်ရှင်၊ နေခြည်မှာရွှေရည်လောင်း၊ သရာစောထိ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့၊ ကြီးမြတ်သောမြန်မာ၊ ထဘီကျွတ်၍လွှတ်လိုက်သည်၊ ဇွတ်ကျား၊ အောင်စေပိုင်စေ၊ ပရိုဂျူဆာမကြီးစိုး၊ အော်တိုဘုရင်၊ ရင်ဘတ်ထဲကဓား၊ မယားကြောက်ရွာ၊ အမည်ပေါက်ကျူး၊ ပက်ပက်စက်စက်ညှို့၊ ဖေ့ဘုတ်ဘုရင်မ၊ တာတေကြီး၊ ငါကဗိုလ်အောင်ဒင်၊ ထာဝရအမေ၊ 3 Girls၊ တောကျီးကန်း၊ ငေါ့ချမ်းခသစ္စာနှင့် ဆိုင်းကြိုက်တဲ့မောင် ဇာတ်ကားများဖြစ်သည်။ writer: လင်းလင်းခိုင်
Source : http://ift.tt/2pp4QNc
via IFTTT
No comments:
Post a Comment