Ethan Ampadu သို့မဟုတ် ချဲလ်ဆီးအသင်းရဲ့ လင်းလက်လာမယ့် ကြယ်တစ်ပွင့် ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား အီသန်ဟာ ချဲလ်ဆီးအသင်း အတွက် ဘုရားပေးတဲ့ ဆုလဒ်လို့တောင် တင်စားရမလိုပါ။ သူဟာ ကျွန်တော်တို့ အားလုံး မမျှော်လင့်တာတွေထက် ပိုမို ခြေစွမ်းပြနိုင်ခဲ့သူပါ။ သူဟာ အသက် ၁၇ နှစ်အရွယ်သာ ရှိပေမယ့် ကမ္ဘာ့ပြိုင်ဆိုင်မှု အပြင်း ထန်ဆုံး လိဂ်ဖြစ်တဲ့ Premier League မှာတောင် ကစား ခွင့် ရရှိထားသူ တစ်ဦးပါ။ ဒါတွေ တင်မကသေးပါဘူး နိုင်ငံအသင်းအတွက်လဲ ပုံမှန်ပွဲထွက် ခွင့်တွေ ရရှိပိုင်ဆိုင်ထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြ ကွန်တီဟာ မကြာသေးမီက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ရတဲ့ ခါရာဘောင် ဖလားပွဲစဉ်မှာ သုံးယောက် တန်း ခံစစ်ကြောင်းမှာ ၁၇ နှစ်သားလေးကို ရဲရဲဝံ့ဝံ့ ပွဲထွက်ကစားစေခဲ့ပြီး ပရိသတ်တွေအနေနဲ့ သူ့ကို အချက် ၃ ချက်နဲ့ သဘောကျ နှစ်သက်ခဲ့ကြ တယ်လို့ သိရပါတယ်။ ဘောလုံးအမြင် .. ချဲလ်ဆီးအသင်း အဖွင့်ဂိုးမရခင် ဖာဘရီဂတ်ခြေထဲမှာ ဘောလုံး ရှိနေချိန်မှာ အမ်ပါဒူဟာ နောက်တန်းကနေ ဝီလျံကို ဘောလုံးပေးဖို့ အမူအရာ လုပ်ပြနေတာကို တွေ့ရပါတယ်။ အမ်ပါဒူရဲ့ ယခုလို ဘောလုံး အမြင်ကို ပရိသတ်တွေက သဘောတွေ့ခဲ့ကြပြီး လူမှုကွန်ယက်မှာလည်း ချီးကျုးခဲ့ကြပါတယ်။ ဘောလုံးဖြန့်ဝေမှု . ၁၇ နှစ်သားလေးဟာ အဆိုပါပွဲမှာ ဘောလုံးပေးပို့မှု ၈၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ကစားသမားတွေထဲမှာ အများဆုံးဖြစ်ပြီး ပေးပို့မှုဟာ 98.9% လောက်အထိ အောင်မြင်ခဲ့ပါတယ်။ ဖျက်ထုတ်နိုင်မှု . အမ်ပါဒူဟာ ခံစစ်တာဝန်ကို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို သူ့ထက် စီနီယာကျတဲ့ တစ်ဖက်အသင်းရဲ့ ကစားသမားများနဲ့ ဘောလုံးယှဉ်လုရာမှာ လုံးဝကြောက်ရွံ့ခြင်း မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျာမိန်းဒီဖိုးကိုတောင် လျောထိုးပြီး ဖြတ်ထုတ်ဖို့ တစ်စက္ကန့်တောင် တွေဝေ နေခဲ့ခြင်း မရှိပါဘူး။ Man Of The Match . အဆိုပါ ၁၇ နှစ်သား အရွယ်လေး အမ်ပါဒူဟာ တစ်ပွဲလုံးအတွက် အကောင်းဆုံး ကစားသမားဆု Man Of The Match ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Ladies News
Source : http://ift.tt/2CZ7c7E
via IFTTT
No comments:
Post a Comment