မြန်မာနိုင်ငံအတွင်း နေထိုင်သူများဖြစ်ကြောင်း မည်သည့်စာရွက်စာတမ်း သက်သေခံ အထောက်အထားကိုမျှ ကိုင်ဆောင်ထားခြင်းမရှိသေးသူများ NV Card ကိုင်ဆောင်ပြီး နိုင်ငံသားစိစစ်မှုခံယူကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို) မှ တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန် နေပြည်တော် ဒီဇင်ဘာ ၅ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ ဖြစ်ကြောင်း မည်သည့် စာရွက်စာတမ်း သက်သေ အထောက်အထားကိုမျှ ကိုင်ဆောင်ထားခြင်း မရှိကြသေးသော သူများနှင့် ၎င်းတို့မှ မွေးဖွားလာကြသော သားသမီး၊ မြေး၊ မြစ်များ အနေဖြင့်NV Card (ခေါ်)National Verification Card ကိုကိုင်ဆောင်ပြီး နိုင်ငံသားစိစစ်မှု ခံယူကြပါရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီအဖွဲ့ ချုပ်(ဗဟို)က ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် ရက်စွဲဖြင့် တိုက်တွန်းနှိုးဆော်ချက် တစ်စောင်ထုတ်ပြန်ထားကြောင်း သိရှိရသည်။ အဆိုပါ တိုက်တွန်းနှိုးဆော်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း နေထိုင်လျက်ရှိကြသောသူ အားလုံးသည် ၁၉၄၉ ခုနှစ်၊ ပြည်ထောင် စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင် သူများ မှတ်ပုံတင်ရေးနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ နည်းဥပဒေပါ ပုံစံ(၁)စာအုပ်တွင် မှတ်ပုံတင်ခဲ့ကြရကြောင်း၊ ယင်းနည်းဥပဒေပါ ပုံစံ(၁) တွင် မှတ်ပုံတင်ခဲ့ကြသောသူများနှင့် ¤င်းတို့၏ သားသမီး၊ မြေး၊ မြစ်များ သည် ထိုပုံစံ(၁)ပါ မှတ်တမ်းအထောက်အထားများကို အကြောင်းပြု၍ ပုံစံ(၂) သက်သေခံ ကတ်ပြား၊ ပုံစံ(၃) ယာယီသက်သေခံလက်မှတ်၊ (၁ဝ)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင် ကတ်ပြား၊ (၁ဝ)နှစ်ပြည့် နိုင်ငံသားစိ စစ်ရေးကတ်ပြား၊ (၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသား ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ထုတ်ပေးသည့် ဧည့်နိုင်ငံသားလက်မှတ်နှင့် ဧည့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ နိုင်ငံသားပြုခွင့်ခံရသူ ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ထုတ်ပေးသည့် နိုင်ငံသားပြုခွင့် လက်မှတ်နှင့် နိုင်ငံသား ပြုခွင့် စိစစ်ရေးကတ်ပြားများ စသည့် လက်မှတ်နှင့် ကတ်ပြားများကို ကိုင်ဆောင်ခွင့် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ နည်းဥပဒေပုံစံ(၁)တွင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် နိုင်ငံသားဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မည်သည့်သက်သေခံ အထောက်အထားကိုမျှ ကိုင်ဆောင်ခွင့် မရရှိကြသေးသူများနှင့် ထိုသူတို့၏ သားသမီး၊ မြေး၊ မြစ်များ အနေဖြင့် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက် ဥပဒေပုဒ်မ-၅(၂)(ဂ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား Identity Card for National Verification (ခေါ်) NV Card ကို ကိုင်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်လျက် ရှိကြသော အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း နိုင်ငံတော် ကပြဋ္ဌာန်းထားသော တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ နိုင်ငံတော်ကနည်းလမ်းတကျ ထုတ်ပေးထားသော သက်သေခံ ကတ်ပြား တစ်စုံတစ်ရာကို ကိုင်ဆောင်ကြရန် တာဝန် ရှိကြသဖြင့် မည်သည့် သက်သေခံ အထောက်အထားကိုမျှ ကိုင်ဆောင်ခြင်း မရှိကြသေး သူများနှင့် ¤င်းတို့မှ မွေးဖွားလာကြသော သားသမီး၊ မြေး၊ မြစ်များအနေဖြင့် ယခု နိုင်ငံတော်၏ အစီအမံဖြင့် ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်မှု ခံရမည့်သူ၏ သက်သေခံကတ်ပြား (ခေါ်)NV Card ကို ကိုင်ဆောင်ပြီး နိုင်ငံသားစိစစ်မှုကို ခံယူ ကြပါရန် တိုက်တွန်းနှိုးဆော် ပါကြောင်းဖြင့် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ ကြောင်း သိရှိရသည်။ သတင်းစဉ်
Source : http://ift.tt/2iWIAb2
via IFTTT
No comments:
Post a Comment