Friday, December 22, 2017

The Voice

မင်္ဂလာဈေးသစ် စီမံကိန်းနှင့် မလွတ်ကင်းသော မြို့တော်စည်ပင်ဘဏ်ကို စဖျက် ရန်ကုန်၊ ဒီဇင်ဘာ ၂၁ မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်သောကြောင့် စီမံကိန်းနှင့် မလွတ်ကင်းသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ် အဆောက်အအုံကို ဒီဇင်ဘာလ တတိယပတ်မှ စတင်ကာ ဖြိုဖျက်နေကြောင်း၊ ဖျက်သိမ်းရေးလုပ်ငန်း ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ အဆိုပါ ဈေးတည်ဆောက်ရေးအတွက် တင်ဒါအောင် ကုမ္ပဏီ ၃ ခုက ဇန်နဝါရီ ၁၅ ရက်တွင် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရန်ကုန်တိုင်းအစိုးရထံ တင်ပြထားကြောင်း၊ မြို့တော်စည်ပင်ဘဏ် ဖျက်သိမ်းရေးအတွက် သီးခြား တင်ဒါအောင်မြင်ထားသော ကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မင်္ဂလာဈေးသစ်ကို ၈ ထပ်မှ ၁၅ ထပ်အတွင်း တည်ဆောက်ရန် စီစဉ်ထားပြီး ပစ္စည်းစုံလင်သည့် ဈေးဝယ်စင်တာကြီး ထည့်သွင်းမည်ဖြစ်ပြီး တည်ဆောက်မှုကာလ ၂ နှစ်ခွဲခန့် ကြာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ မင်္ဂလာဈေးသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင် မီးလောင်ခဲ့ပြီး ယခုဈေးသစ် တည်ဆောက်ရာတွင် ဈေးဆိုင်ခန်းများကို ၂၇ ပေ မှ ၃၂ ပေအထိ တိုးချဲ့ရန် စီစဉ်ထားသည့်အပြင် ဈေးအထပ်တိုင်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နိုင်သည့် ယာဉ်ပတ်လမ်းကြောင်းများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
Source : https://goo.gl/mbsfn4
via IFTTT

No comments:

Post a Comment