Saturday, December 23, 2017

The Voice

တစ်နှစ်ကျော်အတွင်း ပညာရေးဝန်ထမ်း ၈၄၀ ကျော်ကို အရေးယူ ရန်ကုန်၊ ဒီဇင်ဘာ ၂၃ တစ်နှစ်ကျော်ကာလအတွင်း ပညာရေးဝန်ထမ်း ၈၄၀ ကျော်ကို အရေးယူခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလမှ ယခုနှစ် မတ်လအထိ ပညာရေးဝန်ထမ်း(အရာထမ်း၊ အမှုထမ်း) ၆၄၄ ဦးကို အရေးယူခဲ့သည်။ ယင်းအနက် အရာထမ်း ၃ဦး၊ အမှုထမ်း ၅၃ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ပစ်ခဲ့သည်။ ယခုနှစ် ဧပြီလမှ ဩဂုတ်လအထိ အရာထမ်း၊ အမှုထမ်း ၂၀၀ ဦးကို အရေးယူခဲ့သည်။ ယင်းအနက် အရာထမ်း ၄ ဦး၊ အမှုထမ်း ၂၅ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ အရေးယူအပြစ်ပေးမှုတွင် အနိမ့်ဆုံးအဆင့် စာဖြင့်သတိပေးပြီး အမြင့်ဆုံးအဆင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာန လက်အောင်တွင် ဦးစီးဌာနပေါင်း ၁၁ ခုရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
Source : https://goo.gl/RiCp2c
via IFTTT

No comments:

Post a Comment