နည်းပြ ဘာရစ်ဇ်ဇိုကို ဆီဗီလာအသင်း ရာထူးထုတ်ပယ် ဆီဗီးလ်၊ ဒီဇင်ဘာ ၂၃ ဆီဗီလာအသင်းတာဝန်ရှိသူများသည် အသင်း၏ရလဒ်များ ဆိုးရွားလာခဲ့သည့်အတွက် နည်းပြ ဘာရစ်ဇ်ဇိုကို ရာထူးထုတ်ပယ်လိုက်ပြီဖြစ်ကာ ဘာရစ်ဇ်ဇိုနေရာတွင် အစားထိုးမည့်နည်းပြသစ်ကို လာမည့် ဒီဇင်ဘာနားရက်ကာလအတွင်း ရှာဖွေသွားမည်ဖြစ်ကြောင်း ဆီဗီလာက သတင်းထုတ်ပြန်ထားသည်ဟု Marca က ဖော်ပြထားသည်။ ဘာရစ်ဇ်ဇိုသည် ဆီဗီလာနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရအပြီး ခုနစ်လအကြာတွင် ရာထူးထုတ်ပယ်ခံရလိုက်ရခြင်းဖြစ်ကာ ၎င်းမှာ လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းကမှ တံတွေးဂလင်းကင်ဆာကို ခွဲစိတ်ကုသမှု ခံယူထားသူလည်းဖြစ်သည်။ ဆီဗီလာသည် လက်ရှိတွင် လာလီဂါအမှတ်ပေးဇယား၌ အဆင့်ငါးနေရာတွင် ရပ်တည်လျက်ရှိပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် အမှတ်ပေးပွဲစဉ် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သည့်အခြေအနေဖြစ်ခဲ့ရအပြီးတွင် ၎င်းကို ရာထူးထုတ်ပယ်ရန် အသင်းတာဝန်ရှိသူများက ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။ ဆီဗီလာသည် ဘာရစ်ဇ်ဇို လက်ထက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ် ၁၇ ပွဲ၌ ရှုံးပွဲခြောက်ပွဲအထိ ကြုံဆုံခဲ့ပြီး ယင်းပွဲစဉ် ၁၇ ပွဲတွင် သွင်းဂိုး ၂၀၊ ပေးဂိုး ၂၂ ဂိုး ရှိခဲ့သည့်အချက်ကလည်း ဘာရစ်ဇ်ဇို ရာထူး ထုတ်ပယ်ခံရခြင်း၏ အကြောင်းရင်း တစ်ရပ်ပင် ဖြစ်သည်။
Source : https://goo.gl/goJhfz
via IFTTT
No comments:
Post a Comment