Friday, December 22, 2017

The Voice

မြောက်ကိုရီးယား တိုက်ခိုက်မှုကြောင့် Facebook နှင့် Microsoft တို့ ရပ်ဆိုင်းသွားမည်ဟု သတိပေး ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ ကမ္ဘာကျော် ဆိုရှယ်ကွန်ရက်ကြီး တစ်ခုဖြစ်သည့် Facebook ကုမ္ပဏီနှင့် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Microsoft တို့သည် မြောက်ကိုရီးယားနိုင်ငံမှ ဟက်ကာများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့် ရပ်ဆိုင်းသွားဖွယ်ရှိကြောင်း အိမ်ဖြူတော်၏ သတိပေးချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။ အိမ်ဖြူတော်မှ တာဝန်ရှိသူများက မြောက်ကိုရီးယားသည် ဆေးရုံများ၊ ဘဏ်များနှင့် အခြား နာမည်ကြီးကုမ္ပဏီ အဖွဲ့အစည်းများကိုပါ ထိုးနှက် တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ယင်းသတင်းက ဆိုသည်။ လက်ရှိ အနေအထားတွင် ဆိုရှယ်ကွန်ရက် တစ်ခုအနေနှင့် လူတိုင်း သုံးစွဲနေကြသည့် Facebook ကို ကြိုတင်ကာကွယ်ထားရန် လိုအပ်နေပြီး Microsoft အနေနှင့် တိုက်ခိုက်မှု အနည်းငယ်ကို စတင် ခံစားခဲ့ရကြောင်းလည်း အိမ်ဖြူတော် လုံခြုံရေး အကြံပေး တွမ်ဘော့စ်ဆတ်က ပြောကြားသည်။ ဘော့စ်ဆတ်သည် နာမည်ကျော် ကုမ္ပဏီကြီးနှစ်ခုအား မည်သို့ တိုက်ခိုက်နိုင်ကြောင်းကို အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း၊ အစိုးရအဖွဲ့အနေနှင့် ဆိုက်ဘာ လုံခြုံရေးအတွက် အခြားအဖွဲ့အစည်းများကို ခေါ်ယူပြီး လုံခြုံရေးကိစ္စများကို အလေးပေး ဆောင်ရွက်ရန် စီစဉ်နေကြောင်း Reuters တွင် ရေးသားထားသည်။ ပြုံးယမ်းသည် WannaCry ဆိုသည့် ဆိုက်ဘာတိုက်မှုတစ်ခုကို စစ်ဆင်ရေးတစ်ခုအသွင်ဖြင့် လုပ်ဆောင်နေပြီး နိုင်ငံပေါင်း ၁၅၀ အထိ ဖြန့်ကြက်တိုက်ခိုက်ရန် စီစဉ်ထားကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေနှင့် ယခုအခါ မြောက်ကိုရီးယားနိုင်ငံ၏ အဏုမြူဒုံးကျည်ဖြင့် ခြိမ်းခြောက်မှုကို ခံနေရသည့်အပြင် ဆိုက်ဘာ တိုက်ခိုက်မှုကိုလည်း အကြီးအကျယ် ခံရဖွယ်ရှိကြောင်း ဘော့စ်ဆတ်က ဆိုသည်။ Facebook မှ တာဝန်ရှိသူများကလည်း လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်းက မြောက်ကိုရီးယားနိုင်ငံမှ Lazarus Group ဆိုသည့်အဖွဲ့၏ လာရောက် ဆက်သွယ်ကာ ခိုးဖောက်မှုများကို တားဆီးနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။ Microsoft ကုမ္ပဏီမှ ဥက္ကဋ္ဌ ဘရက်စမစ်ကလည်း လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်က Lazarus Group က ပို့လွှတ်သည့် ဗိုင်းရပ်စ်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ ကွန်ပျူတာများကို ကူးစက်ခဲ့ပြီး ပယ်ဖျက်ထားသည့် Account များကို အသုံးပြုကာ လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ WannaCry ဗိုင်းရပ်စ်သည် Microsoft က ထုတ်သည့် ဆော့ဖ်ဝဲစနစ်များကို ခိုးဖောက်နိုင်စွမ်း ရှိနေကြောင်း သံသယဖြစ်သဖြင့် U.S. National Security Agency အဖွဲ့သည် မိမိတို့အစီအစဉ်ဖြင့် ကြိုတင် တားဆီးမှုများကို လုပ်ဆောင်နေရကြောင်း Reuters တွင် ရေးသားထားသည်။
Source : https://goo.gl/br5Hm4
via IFTTT

No comments:

Post a Comment