အာဆင်နယ်ထံသို့ အော်ဘာမီယန် တရားဝင် ပြောင်းရွှေ့ရောက်ရှိ လန်ဒန်၊ ဇန်နဝါရီ ၃၁ အာဆင်နယ်အသင်းသည် ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၆ သန်းဖြင့် ခေါ်ယူရရှိလိုက်ပြီဖြစ်ကာ ယင်းပြောင်းရွှေ့ကြေးပမာဏမှာ အာဆင်နယ်အသင်းသမိုင်းကြောင်းတစ်လျှောက် ကစားသမားတစ်ဦးခေါ်ယူရန်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ အသုံးပြုမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။ အသက် ၂၈ နှစ်အရွယ်ရှိ အော်ဘာမီယန်သည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် အာဆင်နယ်နှင့် သုံးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီထားမှုများအရ အော်ဘာမီယန်မှာ အာဆင်နယ်ထံတွင် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင် ၁၈၀,၀၀၀ ရရှိလိမ့်မည်ဖြစ်သည်။ အော်ဘာမီယန်သည် ဒေါ့မွန်ထံတွင် ကစားသမားဘဝဖြတ်သန်းခဲ့သည့် လေးနှစ်ခွဲသက်တမ်းအတွင်း အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၂၁၂ ပွဲ ပါဝင်ကစားပေးခွင့် ရရှိခဲ့ရာ၌ သွင်းဂိုးပေါင်း ၁၄၁ ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး ဒေါ့မွန်ထံတွင် အောင်မြင်သော တိုက်စစ်အတွဲအဖက်ဖြစ်ခဲ့ဖူးသည့် မစ်ခီတာယန်နှင့် အော်ဘာမီယန်တို့ အာဆင်နယ်ထံတွင် တစ်ကျော့ပြန်လည် တွဲဖက်မိတော့မည်မှာလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်လျက်ရှိသည်။ အာဆင်နယ်အသင်းအမှုဆောင်အရာရှိချုပ် ဂါဇီဒစ်နှင့် ကင်းထောက်ချုပ် မစ်ဆလင်တတ်တို့သည် အော်ဘာမီယန်ကို ခေါ်ယူရရှိနိုင်ရေးအတွက် ဂျာမနီနိုင်ငံသို့တိုင် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ဒေါ့မွန်အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကာ အော်ဘာမီယန်မှာ မန်ယူထံသို့ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ပြီဖြစ်သော ဆန်းချက်ဇ်၏ကွက်လပ်ကို အကောင်းဆုံးအစားဝင်နိုင်မည့်သူအဖြစ် နည်းပြအာစင်ဝင်းဂါးက အခိုင်အမာ ယုံကြည်လျက်ရှိသည်။
Source : https://goo.gl/jHBneR
via IFTTT
Wednesday, January 31, 2018
လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် မြန်မာနိုင်ငံသို့ ရောက်ရှိနေ အင်္ဂလန် ပထမတန်း လိဂ် ချန်ပီယန်ရှစ်၏ နာမည်ကြီး လိဒ်ယူနိုက်တက်အသင်း၏ ဥက္ကဋ္ဌနှင့် ပိုင်ရှင်ဖြစ်သူ အန်ဒရီးယား ရာဒရစ်ဇ်ဇန်နီ (Andrea Radrizzani) သည် ဇန်နဝါရီ ကစားသမား အပြောင်း အရွှေ့ရာသီပိတ်ချိန် နောက်ဆုံးရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ အနေဖြင့် ပရီးမီးယားလိဂ် မြှင့်တင်ရေးနှင့် ရာဒရစ်ဇန်နီ၏ အကြိုရာသီအတွင်း ထိပ်တန်း ၆ လ ကုန်ဆုံးရန် သတ်မှတ်ထား သဖြင့် အဆိုပါ ဘောလုံးရာသီကာလ မကုန်ဆုံးမီ အဖြူရောင်ဝတ်စုံဝတ် လိဒ်ယူနိုက်တက်အသင်း တာဝန်ရှိသူများက တိုက်စစ်မှူးတဦး ရရှိရန် မျှော်လင့်ကြထားသည်။ သို့ရာတွင် ယခုအခါ မြန်မာနိုင်ငံသို့ ရာဒရစ်ဇန်နီ ရောက်ရှိနေပြီး ၎င်းသည် ကစားသမား အပြောင်းအရွှေ့ကိစ္စမျိုး၊ သို့မဟုတ် လိဒ်ယူနိုက်တက်အသင်း အနေဖြင့် ကစားသမား အရွှေ့အပြောင်းကိစ္စ ဆွေးနွေးစရာမျိုး မရှိလျှင် အရေးပါသူ အဖြစ် အများမြင်ကွင်းတွင် ထွက်ပေါ်လာလေ့ရှိသူ မဟုတ်ချေ။ အီတလီ လူမျိုးဖြစ်သူ ရာဒရစ်ဇန်နီသည် မြန်မာနိုင်ငံရှိ နိုဗိုတယ် ရန်ကုန်မက်စ် ဟိုတယ်တွင် ၎င်းရိုက်ကူးထားသည့် ဓာတ်ပုံကို အင်စတာဂရမ် လူမှုကွန်ရက်သို့ ၎င်းကိုယ်တိုင် လွှင့်တင်ခဲ့ပြီး ပုံစာကို “မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနေရှင်နယ်လိဂ် ဥက္ကဋ္ဌနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မစ္စတာဇော်ဇော်နှင့် အထူးတွေ့ဆုံခြင်း” ဟု ရေးသားထားသည်။ ရာဒရစ်ဇန်နီ မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း လိဒ်အသင်းအနေဖြင့် နောက်တနေ့ညနေ ကစားသမား အပြောင်းအရွှေ့ရာသီ မကုန်ဆုံးမီ မည်သည့် လုပ်ငန်းများ လုပ်ကိုင်ရန် ရှိသေးသနည်း ဟူသော မေးခွန်းများ မြင့်တက်နေခဲ့သည်။ အဖြူရောင် ဝတ်စုံနှင့် လိဒ်ယူနိုက်တက် အသင်းသည် ချန်ပီယံရှစ်တွင် ရလဒ်များ လွဲချော်ခဲ့ရသလို အဆင့် ၉ သို့ပါ လျှောကျသွားခဲ့ရာ ပရိသတ်များကလည်း တိုက်စစ်မှူးတဦး ခေါ်ယူရန် တောင်းဆိုလျက်ရှိသည်။ (www.insidefutbol.com တွင် ဖော်ပြထားသည့် Leeds United Supremo In Myanmar As Transfer Window Approaches Climax ကို ဘာသာပြန်သည်။) The post လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် မြန်မာနိုင်ငံသို့ ရောက်ရှိနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2ntZNXP
via IFTTT
Source : http://ift.tt/2ntZNXP
via IFTTT
ဖြိုးကိုကိုတင့်ဆန်း လက်နက်မှု နေပြည်တော် တရားရုံး စတင် စစ်ဆေး လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ အရေးယူခံထားရသည့် (ဦး) ဖြိုးကိုကိုတင့်ဆန်း၏ အမှုများထဲမှ လက်နက်မှု ၂ ခု၏ တရားလို ရဲအရာရှိ ၂ ဦးကို နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံးတွင် ယနေ့ စတင် စစ်ဆေး သည်။ ပုဒ်မပေါင်း ၁၀ ခုဖြင့် အရေးယူထားသည့် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လူ ၈ ဦး၏ အမှုများထဲမှ လက်နက်မှု ၂ မှု၏ တရားလို ရဲမှူး မင်းအောင်မြင့်ဦး၊ ဒုရဲမှူး မြင့်စိုး တို့ကို စတင် စစ်ဆေးခြင်း ဖြစ်သည်။ နေပြည်တော် လေဆိပ်တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက ဖြိုးကိုကိုတင့်ဆန်းနှင့် လူ ၂ ဦးကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသော်လည်း ရဲက မူးယစ်မှုဖြင့်သာ အမှုဖွင့်ခဲ့ပြီးနောက် ယင်း အမှုကို လွှဲပြောင်း စစ်ဆေးခဲ့ရသည့် မှုခင်း ရဲတပ်ဖွဲ့ ရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံခဲ့ရာ လက်နက် ဥပဒေ ၁၉ (စ)ဖြင့် တရားစွဲရန် ညွှန်ကြားချက်အရ အောက်တိုဘာလ ၂၁ ရက်နေ့ရောက်မှ အမှုဖွင့်ခဲ့ရသည် ဟု တရားလို မှုခင်း ရဲတပ်ဖွဲ့မှ ရဲမှူး မင်းအောင်မြင့်ဦးက တရားခွင်တွင် ပြောသည်။ ယင်းသို့ လက်နက်မိသော်လည်း လက်နက်ပုဒ်မတပ် အရေးမယူဘဲ နောက်ပိုင်းမှ လက်နက်ပုဒ်မဖြင့် အရေးယူခြင်းကို တရားခံ ရှေ့နေ ဦးမြင့်အောင်က မေးခွန်းထုတ်ခဲ့ပြီး လေဆိပ်တွင် သိမ်းဆည်းရမိခဲ့သည့် ပစ္စတို ၂ လက်သည် ဖြိုးကိုကို တင့်ဆန်း၊ ရဲမင်းဆွေနှင့် ဇော်ဝင်း ထိုက်တို့၏ လက်ဝယ်တွင် တွေ့ရှိခဲ့ခြင်း မဟုတ်ကြောင်းလည်း ပြောဆို သည်။ ဖြိုးကိုကိုတင့်ဆန်းသည် အဖမ်းမခံရမီ တရက်အလို ၎င်းပိုင် ဟိုတယ် ACE မန်နေဂျာဖြစ်သူ ကျော်ချမ်းငြိမ်း ဆိုသူအား ၎င်းကို အသိပေးခြင်း မရှိဘဲ ကားများတွင် စတစ်ကာကပ်ခြင်း၊ မီးများ တပ်ဆင်ခြင်းတို့ ပြုလုပ်သဖြင့် ဝန်ထမ်းများ ရှေ့တွင်ပင် ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ရာ နောက်တရက် ရန်ကုန်သို့ အပြန်တွင် ကျော်ချမ်းငြိမ်း၏ အစီအစဉ်ဖြင့် သေနတ်ပါသည့် အိတ်များကို လေဆိပ်သို့ ထည့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးမြင့်အောင်က တရားခွင်အတွင်း ပြောဆိုသည်။ ယင်းအချက်များကို ရဲတပ်ဖွဲ့က မသိရှိဘဲ အိတ်သည် ဖြိုးကိုကိုတင့်ဆန်း အမည် ပါသည့် အိတ်ဖြစ်ကြောင်း၊ ကျော်ချမ်းငြိမ်း ဆိုသူမှာ လေဆိပ်တွင် ပြဿနာဖြစ်သည့် နေ့မှစ၍ အစပျောက်သွားသည်မှာ ယခုအခါ တရားခံပြေး အဖြစ် ကြေညာခြင်း ခံထားရကြောင်း တရားလို ရဲအရာရှိက တရားခွင်တွင် ပြောသည်။ လက်နက်မှု ၂ ခုစလုံးတွင် ဖြိုးကိုကိုတင့်ဆန်းကို စွဲတင်ထားသော်လည်း တရားခံရှေ့နေကမူ လက်နက်များ စတင် ဖမ်းမိသည့် အချိန်တွင် ဖြိုးကိုကိုတင့်ဆန်း အနားတွင် မရှိခြင်း၊ ၎င်း၏ လက်ဝယ်တွင် တွေ့ရှိမှု မရှိခြင်း၊ လက်နက်များ ဖမ်းမိသည့် ဟိုတယ် ACE ဝန်းနှင့် လက်နက်များ တွေ့ရှိရသည့် ဟိုတယ် အခန်းများသည်လည်း မန်နေဂျာဖြစ်သူ ကျော်ချမ်းငြိမ်း၏ စီမံခန့်ခွဲမှု အောက်တွင် ရှိနေသည့် အခန်းများ ဖြစ်နေကြောင်း သိပါသလား ဆိုသည့် မေးခွန်းများဖြင့် တရားခံ ရှေ့နေက အမှုများတွင် ဖြိုးကိုကိုတင့်ဆန်းတွင် တာဝန်မရှိသည့် ပုံစံမျိုး လမ်းကြောင်းခဲ့သည်ကို တရားခွင် တွင် ကြားသိရသည်။ ရဲတပ်ဖွဲ့ကမူ လေဆိပ်သို့ ဖြိုးကိုကိုတင့်ဆန်းအား လိုက်ပို့သူများထဲတွင် ကျော်ချမ်းငြိမ်း မပါဝင်ဘဲ ACE ဝန်ထမ်း သီဟ နှင့် အောင်ရဲဖြိုး တို့ဖြစ်ကြောင်း၊ နေပြည်တော် ဒက္ခိဏ ခရိုင် နယ်မြေအတွင်း ဖြိုးကိုကိုတင့်ဆန်းနှင့် ဆက်စပ်၍ ပစ္စတို ၁၂ လက်၊ M-16 ၄ လက်၊ M 21 တလက် စုစုပေါင်း ၁၇ လက် ဖမ်းဆီးရမိကြောင်း ထွက်ဆိုသည်။ “ဖမ်းမိထားတဲ့ သေနတ်တွေ အားလုံးကို ဒက္ခိဏသီရိ မြို့မ ရဲစခန်းရဲ့ လက်နက်တိုက်ထဲမှာ သိမ်းဆည်း ထားတာ ရှိပါတယ်”ဟု တရားလို ဒုရဲမှူး မြင့်စိုးက ပြောသည်။ ပထမ လက်နက်မှုတွင် ဖြိုးကိုကိုတင့်ဆန်းသည် ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့နှင့် စွဲတင်ခံရပြီး နောက်လက်နက်မှုတွင် ACE ဝန်ထမ်း ရန်အောင်စိုး၊ အောင်နိုင် တို့နှင့် စွဲတင်ခံရကာ တရားခံရှေ့နေဖြစ်သူက ရန်အောင်စိုးနှင့် အောင်နိုင်တို့ သည် လည်း ဟိုတယ် ACE မန်နေဂျာ ကျော်ချမ်းငြိမ်း ၏ အုပ်ချုပ်မှုအောက်တွင် ရှိကြောင်း ပြောဆိုသည်။ ထို့ပြင် ဟိုတယ်အတွင်း လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ရဲတပ်ဖွဲ့က ရှာဖွေပုံစံဖြင့် သိမ်းယူရာတွင်လည်း ထို ပစ္စည်းများသည် ကျော်ချမ်းငြိမ်း၏ ပစ္စည်းများ ဖြစ်ကြောင်း၊ ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ ပစ္စည်း များ မဟုတ်ကြောင်း ဟိုတယ် ဝန်ထမ်းတဦးက ပြောဆိုခဲ့သည်ကို သိပါသလားဟု တရားခံရှေ့နေက မေးမြန်းရာ မပြော ပါဟု တရားလို ရဲအရာရှိက ဖြေကြားခဲ့သည်။ ဖြိုးကိုကိုတင့်ဆန်းသည် ဟိုတယ် လုပ်ငန်းများကို နေပြည်တော်၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီတို့တွင် လုပ်ကိုင်ပြီး နေပြည်တော် FC ဘောလုံးအသင်း ပိုင်ရှင်၊ ငါးမွေးကန် လုပ်ငန်းရှင် ဖြစ်၍ ၎င်း၏ လုပ်ငန်းများကို အခြား ကြီးကြပ်သူ များဖြင့် တာဝန်ယူ ဆောင်ရွက်စေကြောင်း၊ ဖြိုးကိုကိုတင့်ဆန်းသည် နေပြည်တော်သို့ ၃ လ တကြိမ်မှ လာရောက်သူ ဖြစ်ကြောင်းကို တရားခံရှေ့နေ၏ ပြောဆိုချက်အရ သိရသည်။ ကျော်ချမ်းငြိမ်းသည် ဟိုတယ် ACE ဝင်းအတွင်းရှိ H1/H2 အဆောင်များတွင် အမြဲရှိနေသည်ကို မသိကြောင်း၊ ဖြိုးကိုကို တင့်ဆန်းသည် H1 အဆောင်တွင် နေထိုင်သည်ကို သိရှိကြောင်း တရားလို ဒုရဲမှူး မြင့်စိုးက ထွက်ဆိုသည်။ H1 အဆောင်သည် လက်နက်များ ဖမ်းမိသည့် အဓိက အဆောင်ဖြစ်သည်။ ထို့ပြင် H1/H2 အဆောင်ရှိ JS 004 အခန်းကိုလည်း ကျော်ချမ်းငြိမ်းက စီမံခန့်ခွဲနေသည်ကို မသိကြောင်း၊ JS 004 သည် ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ နေသည်ကို သိရှိကြောင်းလည်း ဒုရဲမှူး မြင့်စိုးက ထွက်ဆိုခဲ့သည်။ ထိုအခန်းတွင် ပစ္စတိုသေနတ်၂ လက်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ ယနေ့ တရားရုံးတွင် ဖြိုးကိုကိုတင့်ဆန်းပိုင် ဟိုတယ်တွင် သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများကို ရှာဖွေပုံစံဖြင့် သိမ်း ဆည်း ထားရာ ယင်းပစ္စည်း အားလုံး၏ အမျိုးအမည်များကိုလည်း တခုချင်း အသေးစိတ် တရားရုံးသို့ ရဲတပ်ဖွဲ့က တင်သွင်းခဲ့သည်။ နောက်ရုံးချိန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မများနှင့် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ပုဒ်မများကို တရားရုံးက ဆက်လက် စစ်ဆေးမည်ဟု သိရှိရသည်။ The post ဖြိုးကိုကိုတင့်ဆန်း လက်နက်မှု နေပြည်တော် တရားရုံး စတင် စစ်ဆေး appeared first on ဧရာဝတီ.
Source : http://ift.tt/2DQzXbx
via IFTTT
Source : http://ift.tt/2DQzXbx
via IFTTT
The Voice
မြန်မာအစိုးရအဖွဲ့အတွင်း ပြင်ဆင်ပြောင်းလဲမှုများ ဖြစ်ပေါ်လုနီး လယ်ရီဂျေဂင် ရေးသားသည်။ မြန်မာအစိုးရအဖွဲ့အတွင်း အလုံးစုံ ပြင်ဆင်ပြောင်းလဲမှုများ စတင်ပြုလုပ်နေပြီး စီးပွားရေးတိုးတက် ပြောင်းလဲရေး၊ ပွင့်လင်းမြင်သာမှု တိုးတက်ရေးနှင့် ဗျူရိုကရေစီယန္တရား ပိုမိုထိရောက်ရေး လမ်းကြောင်းပေါ်တွင် ရှိနေသော အတားအဆီးများကို ကိုင်တွယ်ရန် အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။ မဟာဗျူဟာအသစ်သည် ပုဂ္ဂိုလ်ဆိုင်ရာ၊ မူဝါဒဆိုင်ရာနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာတို့အပေါ်တွင် အဓိကထားမည်ဟု အစိုးရအတွင်းသိများက ဆိုသည်။ “အစိုးရက အဂတိလိုက်စားမှုတွေ၊ ဗျူရိုကရေစီ လေးလံတုံ့ဆိုင်းမှုတွေ၊ အပြုသဘောဆောင်တဲ့ မူဝါဒမရှိတာတွေကို အရေးပေါ်ကိုင်တွယ်ဖို့ လိုအပ်နေပါတယ်”ဟု နိုင်ငံရေး၊ စီးပွားရေးလေ့လာသူ ဦးကိုကိုလှိုင်က မှတ်ချက်ပေးသည်။ “ဝန်ကြီးအများစုက စွမ်းရည်မရှိဘူး၊ ဖန်တီးတွေးခေါ်နိုင်စွမ်း မရှိဘူး၊ အမှီအခိုကင်းကင်း လုပ်ဆောင်နိုင်စွမ်းမရှိဘူး”ဟု ၎င်းက ဆိုသည်။ နိုင်ငံတော် အတိုင်ပင်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့၏ ချို့ယွင်းချက်များကို ပိုမိုသိရှိလာပြီး လာမည့်အပတ်အတွင်း အဆိုပါပြဿနာများကို ထိပ်တိုက် ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်နေသည်ဟု သတင်းများက ဆိုသည်။ ဥပမာအနေနှင့် ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ပြီးခဲ့သော ၁၈ လ အတွင်း ဒုတိယဝန်ကြီးမရှိခဲ့သော ဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်းဖြစ်သည်။ ယခင်က အစိုးရဌာနဆိုင်ရာ အတွေ့အကြုံများစွာ ရှိခဲ့သူ အင်ဂျင်နီယာ ဦးဟန်ဇော်ကို ဆောက်လုပ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားပြီး ဖြစ်သည်။ သို့မှသာ ဩဂုတ်လကတည်းက စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှစ်ခုကို ပူးတွဲကိုင်တွယ်နေရသူ ဦးဝင်းခိုင်အနေနှင့် လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်သုံးစွဲနိုင်သူ ၃၇ ရာခိုင်နှုန်းသာရှိသည့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ကွန်ရက်တိုးချဲ့ရေးကိစ္စကို အာရုံစိုက်နိုင်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်ဆလင်များ ပြန်လာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရာတွင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်နေသည့် ဆောက်လုပ်ရေးကဏ္ဍကို သီးသန့်အာရုံစိုက်နိုင်မည့် ဝန်ကြီးတစ်ဦးရှိရန် အရေးကြီးသည်ဟု အစိုးရအကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဝန်ကြီးအပြောင်းအလဲများ နောက်ထပ်ရှိဦးမည်ဟု အမည်မဖော်လိုသော NLD အကြီးတန်း တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း၊ ပညာရေး၊ ဟိုတယ်ခရီးနှင့် ကုန်သွယ်ရေး စသောဌာနများမှ ဝန်ကြီးရာထူးများ နောက်သုံးလအတွင်း အပြောင်းအလဲရှိမည်ဟု ခန့်မှန်းရသည်။ ဝန်ကြီးများကို ဖြည်းဖြည်းမှန်မှန် လဲလှယ်သွားမည်ဖြစ်ရာ နေရာရွှေ့ခြင်းမဟုတ်ပေ။ “ပြဿနာတစ်ခုက သင့်လျော်မှန်ကန်ပြီး အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ရှာရတဲ့ကိစ္စပါပဲ”ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင်လည်း သိသာထင်ရှားသော အပြောင်းအလဲများ ပြုလုပ်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဝန်ကြီးချုပ်အသစ် ခန့်အပ်လိုက်ပြီး ပဲခူး၊ ဧရာဝတီ၊ မကွေး၊ ရခိုင်တို့တွင် ဝန်ကြီးရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရနှင့် NLD ပါတီတို့က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသော်လည်း အဂတိလိုက်စားမှုနှင့် စွမ်းရည်ချို့တဲ့မှုတို့ကြောင့် အပြောင်းအလဲများ ပြုလုပ်ရခြင်းဖြစ်သည်ဟု အကဲခတ်လေ့လာသူများက ယုံကြည်ကြသည်။ ပြီးခဲ့သော လအနည်းငယ်အတွင်း ပြည်နယ်နှင့်တိုင်းအဆင့် ဝန်ကြီးများအပါအဝင် လွှတ်တော်အမတ် ၃၀ ခန့်ကို အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲပုံ မှားယွင်းမှုတို့ကြောင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရသည်ဟု NLD ပါတီ၏ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။ “စွမ်းဆောင်ရည် မပြည့်မှု၊ အဂတိလိုက်စားကြောင်း အတိုင်ခံရမှု၊ လူမှုရေးပြဿနာရှိမှု အချက်သုံးချက်ကို အစိုးရက ဝန်ကြီးရာထူး အပြောင်းအလဲလုပ်ရာမှာ ထည့်သွင်းစဉ်းစားပါတယ်”ဟု ၎င်းက ဆိုသည်။ ၂၀၁၆ ဧပြီလတွင် NLD ပါတီ အာဏာလွှဲပြောင်း ရယူပြီးနောက်ပိုင်း လွှတ်တော်အမတ်များနှင့် ဝန်ကြီးများအပေါ် တိုင်ကြားသည့် တိုင်စာပေါင်း ၄၀၀ ခန့် လက်ခံရရှိခဲ့သည်ဟု ပါတီ၏ တိုင်ကြားစာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်က သတင်းထောက်များအား ဩဂုတ်လက ပြောကြားခဲ့သည်။ “NLD အစိုးရဟာ စွမ်းဆောင်ရည် တိုးတက်စေဖို့အတွက် အဓိကကျတဲ့ ပလေယာတွေကို အပြောင်းအလဲလုပ်နေပါတယ်။ လိုအပ်ရင် နောက်ထပ်ရှိလာဦးမှာပါ”ဟု မုံရွာအောင်ရှင်က ပြောကြားသည်။ ရွေးချယ်တင်မြှောက်ခံ အရပ်ဘက်အစိုးရ၏ ခေါင်းဆောင်အဖြစ် အာဏာရလာပြီး ၂ နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ကာလတွင် အရေးကြီးသောနှစ်ကို ရင်ဆိုင်နေရသည်။ အစိုးရနှင့် ဗျူရိုကရေစီယန္တရားကို အရှိန်မြှင့်ရန် လိုအပ်နေသည်ဟု NLD စီးပွားရေးကော်မတီမှ ဦးရဲမင်းဦးက ပြောကြားသည်။ “အပြောင်းအလဲတချို့ လုပ်ပြနိုင်တယ်ဆိုတာကို ပြသဖို့ လိုအပ်နေပါပြီ။ လာမယ့်သုံးလကတော့ ဒီလိုပြသဖို့ ဆုံးဖြတ်ရမယ့်အချိန်ပါပဲ”ဟု ၎င်းက Asia Focus သို့ ပြောကြားသည်။ အစိုးရအနေနှင့် စီးပွားရေးကို ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုအပ်နေပြီး သို့မဟုတ်ပါက အများပြည်သူ၏ ယုံကြည်စိတ်ချမှု ကျဆင်းကာ လာမည့်သုံးနှစ်တွင် ရွေးကောက်ပွဲ အလားအလာကို ထိခိုက်စေလိမ့်မည်ဟု ဝေဖန်သူများနှင့် စီးပွားရေးဦးဆောင်သူများက ယုံကြည်နေကြသည်။ သို့သော် အစိုးရအတွက် ထိပ်တိုက်ရင်ဆိုင်နေရသော အခက်အခဲများမှာ ကြီးမားလှသည်။ ရခိုင်ပြည်နယ်ပြဿနာနှင့် ပင်လုံငြိမ်းချမ်းရေးညီလာခံ ကြိုတင်ပြင်ဆင်ရမှုများကို ဦးစားပေးနေရသည့်အလျောက် အကျိုးဆက်အနေနှင့် စီးပွားရေးစီမံကိန်း ရေးဆွဲရေးကိစ္စများကို ဆိုင်းငံ့ရသည့်အဖြစ်သို့ ရောက်လာသည်။ “အစိုးရဆီက ဘာအကြံဉာဏ်၊ ဘာအမြင်၊ ဘာညွှန်ကြားမှုမှ မရှိဘူး”ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၏ အကြီးတန်းအကြံပေး စီးပွားရေးပညာရှင် ဦးတင်မောင်သန်းက Asia Focus သို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အစိုးရအဖွဲ့ကို ပြေးလမ်းပေါ်သို့ ပြန်တင်ကာ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ကို ပြန်လည်လှုပ်နှိုးပေးဖို့ လိုသည်ဟု ၎င်းက ဆိုသည်။ အကဲခတ်လေ့လာသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက စိစစ်ပြသော အဓိကပြဿနာနှစ်ခုမှာ အဂတိလိုက်စားမှု ကြီးထွားနေခြင်းနှင့် ဗျူရိုကရေစီယန္တရား လေးလံတုံ့ဆိုင်းနေခြင်းတို့ ဖြစ်သည်။ အဂတိလိုက်စားမှုကို ပိုမိုသတိထားရန်လိုကြောင်း လွှတ်တော်အမတ်များကလည်း သဘောတူကြသည်။ “NLD အစိုးရလက်ထက်မှာ အထူးသဖြင့် တချို့ကဏ္ဍတွေမှာ အဂတိလိုက်စားမှုတွေ ခေါင်းပြန်ထောင်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ယေဘုယျအားဖြင့် ယူဆနေကြတာကို သံသယရှိစရာ မလိုပါဘူး”ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောကြားသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၁၃ တွင် ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို NLD အစိုးရက မကြာသေးမီက ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်ဟောင်း ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည်။ အချို့ အကဲခတ်လေ့လာသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များကလည်း ပြုပြင်ပြောင်းလဲမှုများ၏ အဓိကအတားအဆီးမှာ ဗျူရိုကရေစီယန္တရားဖြစ်သည်ဟု ထောက်ပြကြသည်။ အစိုးရဝန်ထမ်းများမှာ ပြဿနာ၏အဖြေ မဟုတ်သော်လည်း ဖြစ်နေသော ပြဿနာ၏ အစိတ်အပိုင်းဖြစ်သည်ဟု အစိုးရအတွင်းသိများက ပြောကြားသည်။ များစွာလိုအပ်နေသော စည်းကမ်းဖြေလျှော့မှုများအစား အစိုးရဝန်ထမ်းများသည် လုပ်ထုံးလုပ်နည်းများကို ဆုပ်ကိုင်ကာ စည်းမျဉ်း၊ စည်းကမ်းများအပေါ် ခိုင်မာစွာ ကာကွယ်ရပ်တည်ကြရမည်ဟု ဦးတင်မောင်သန်းက ပြောကြားသည်။ “ဝန်ကြီးဌာနရဲ့ မဟာဗျူဟာမှာ မျှော်မှန်းချက် မပါဝင်ပါဘူး။ လိုအပ်နေတာက မဟာဗျူဟာကို ဘယ်သူက တာဝန်ယူမလဲ၊ ဘယ်သူက အကောင်အထည်ဖော်မလဲ ဆိုတာကို စိစစ်သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ဗျူရိုကရေစီယန္တရား တိုးတက်ဖို့ အချိန်အများကြီး ယူရပါလိမ့်မယ်”ဟု ၎င်းက မှန်းဆပြောကြားသည်။ သို့ရာတွင် အစိုးရအဖွဲ့တွင် စီးပွားရေးမူဝါဒအတွက် မည်သူက တာဝန်ရှိကြောင်း မသဲကွဲသောကြောင့် တကယ့်ပြဿနာမှာ ဖွဲ့စည်းပုံကိစ္စဖြစ်သည်ဟု ယုံကြည်ကြသော စီးပွားရေးလုပ်ငန်းရှင်များစွာ ရှိသည်။ မူဝါဒကွဲပြားခြင်း၊ နှစ်ခုဖြစ်ခြင်းနှင့် အမျိုးမျိုးဖြစ်ခြင်းများ ရှိနေသည်ဟု NLD ပါတီဝင်တစ်ဦးဖြစ်သူ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးရဲမင်းဦးက ယုံကြည်သည်။ အစိုးရအဖွဲ့သည် ပါတီနှင့်အပြားလိုက် (Horizontal) ဆက်သွယ်ဆောင်ရွက်မှု အလွန်နည်းပါးသောကြောင့် တစ်ကိုယ်တည်း ဆွေးနွေးမှုပုံစံကို ဖြစ်ပေါ်စေပြီး မူဝါဒများသည် အဖွဲ့ သို့မဟုတ် ဌာနအတွင်းမှာသာ ရေးဆွဲဖြစ်ပေါ်လာသည်ဟု ၎င်းက ပြောကြားသည်။ NLD ပါတီသည် စီးပွားရေးမူဝါဒကို ဆွေးနွေးကာ အကြံပြုချက်များကို ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီမှတစ်ဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့ရသော ပါတီ၏ စီးပွားရေးကော်မတီကို ပြန်လည်ဖွဲ့စည်းထားသည်။ ပါတီကိစ္စများတွင် အစိုးရအဖွဲ့ဝင်များ မပါဝင်ရန် အခြေခံဥပဒေက ကန့်သတ်ထားသောကြောင့် ယင်းကော်မတီတွင် ဝန်ကြီးများ ပါဝင်ခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏အစိုးရ တက်လာပြီး လအနည်းငယ်အကြာတွင် စီးပွားရေးပညာရှင်များ၊ ဝန်ကြီးများနှင့် အစိုးရတာဝန်ရှိသူများ စုံလင်စွာပါဝင်သော အမျိုးသား စီးပွားရေး ညှိနှိုင်းဆောင်ရွက်မှု ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ကော်မတီကို ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တစ်လတစ်ကြိမ် စည်းဝေးရန် ရည်ရွယ်ထားသော်လည်း များသောအားဖြင့် ထိုသို့ ခေါ်ယူစည်းဝေးနိုင်ခြင်း မရှိပေ။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကော်မတီနှစ်ခုထက် အရာရောက်သည်ဟု ယူဆရသော နောက်ထပ် စီးပွားရေးအကြံပေး ကော်မတီတစ်ခုကို လွန်ခဲ့သော လအနည်းငယ်က ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် သူမကိုယ်တိုင် ဆောင်ရွက်သော ထိုကော်မတီတွင် ဝန်ကြီး ၁၁ ဦး ပါဝင်ပြီး တစ်လတစ်ကြိမ် ခေါ်ယူစည်းဝေးသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဖြစ်သူ သံအမတ်ကြီးဟောင်း ဦးကျော်တင့်ဆွေက ထိုကော်မတီကို ဦးဆောင်မှုပေးသည်ဟု အစိုးရအတွင်းသိများက ပြောကြားသည်။ တကယ့်ပြဿနာမှာ စီးပွားရေးကဏ္ဍနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်အာဏာသည် ဘဏ္ဍာရေးဝန်ကြီးထံမှ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ဦးကျော်တင့်ဆွေထံသို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု ဦးရဲမင်းဦး၏ အဆိုအရ သိရှိရသည်။ သံအမတ်များသည် ယခုအခါ စီးပွားရေးကဏ္ဍတွင်သာမကပဲ ပွဲစဉ်တစ်ခုလုံးတွင် ပါဝင်လာကြသည်ဟု ၎င်းက ဆိုသည်။ အစိုးရသည် နောက်ထပ် သံအမတ်ဟောင်း တစ်ဦးဖြစ်သူ ဦးအောင်သူကို ဒုတိယ ကုန်သွယ်ရေးဝန်ကြီးအဖြစ် မကြာသေးမီက ခန့်အပ်ခဲ့သည်။ အစောပိုင်းက အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်းခံရသူ သံအမတ်ဟောင်း ဦးသောင်းထွန်းမှာမူ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်း အစိုးရများအကြား မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရသော ပြည်ထောင်စု အစိုးရရုံးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း ခံရသည်။ နောက်ထပ် သံအမတ်ဟောင်း တစ်ဦးဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့်မှာမူ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဦးစားပေးကိစ္စရပ်များ ဟန်ချက်ညီရန်၊ ထိရောက်သော မူဝါဒများချမှတ်ရန်၊ အကောင်အထည်ဖော်ပြီးကြောင်း သေချာစေရန် ကြိုးစားနေရသော ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင် အများစုက ကရုဏာသက်ကြသည်။ အချို့ စီးပွားရေးလုပ်ငန်းရှင်များကမူ ဦးသိန်းစိန်အစိုးရလက်ထက်က နည်းလမ်းတစ်ခုဖြစ်သော အာဏာအပြည့်ပေးထားသည့် စီးပွားရေး ဂုရုတစ်ဦးအား ခန့်အပ်မှုပုံစံကို ထောက်ခံကြသော်လည်း ထိုပုဂ္ဂိုလ်သည် စီးပွားရေးအတွေ့အကြုံ ပြည့်ဝရမည်ဟု ၎င်းတို့က ဆိုသည်။ နောက်ထပ် ဖြေရှင်းနည်းတစ်ခုမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ဖိအားလျော့စေရန် အစိုးရအဖွဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်နိုင်မည့် ဝန်ကြီးချုပ်ကဲ့သို့ ရာထူးမျိုးကို ခန့်အပ်ခြင်းဖြစ်သည်ဟု အချို့က အကြံပြုကြသည်။ သမ္မတဦးထင်ကျော်သည် ထိုလုပ်ငန်းတာဝန်နှင့် အပြည့်အဝ ကိုက်ညီဖွယ်ရှိသော်လည်း ၎င်း၏ကျန်းမာရေး အခြေအနေကြောင့် နောက်ထပ် အခွင့်အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦး လိုအပ်လိမ့်မည် ဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေကလည်း ဝန်ကြီးချုပ် ရာထူးကို ခွင့်ပြုထားခြင်း မရှိပေ။ “ကျွန်တော်တို့လို ပါတီထဲကလူတွေအနေနဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရကို အပြစ်မတင်သင့်ပါဘူး။ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့ကြတယ် ဆိုတာကိုပဲ ရှင်းပြရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ဆောင်ဖြန့်ဖြူးပေးဖို့လိုတယ်၊ ရလဒ်တွေကို ပြသနိုင်ဖို့ လိုတယ်”ဟု ဦးရဲမင်းဦးက ဆက်လက်ပြောကြားသည်။ ထို့အတွက် အချိန်ကတော့ မရှိတော့ပေ။
Source : https://goo.gl/BzRZVN
via IFTTT
Source : https://goo.gl/BzRZVN
via IFTTT
7Day News Journal
အကြိမ်(၂၀)မြောက် ရွှေကျင်သံဃာ့အစည်းအဝေး ဒုတိယနေ့တွင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ တက်ရောက် မြန်မာနိုင်ငံတွင် အင် အား ဒုတိယအများဆုံး သံဃာဂိုဏ်းအဖွဲ့အစည်းကြီးဖြစ်သည့် ရွှေကျင်နိကာယဂိုဏ်း၏ အကြိမ် (၂၀)မြောက် ဂိုဏ်းလုံးကျွတ်သံဃာ့အစည်းအဝေး ဒုတိယနေ့တွင် သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တက်ရောက်ခဲ့သည်။ မှော်ဘီမြို့နယ် အောက်ဝါး နက်ချောင်းကျေးရွာ ဓမ္မဒူတဇေ တဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် သီတဂူဆရာ တော်ကြီးနှင့် အရှင်ဆေကိန္ဒတို့ အား သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးသန်းဌေး၊ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီတို့က တွေ့ဆုံနေသည့် ဓာတ်ပုံကို ပြည်ခိုင်ဖြိုးပါတီ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ ‘‘သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဇနီး ခေါ်ခင်ခင်ဝင်း မိသားစု က အစည်းအဝေးကြီး ဒုတိယနေ့ အတွက် ဆွမ်းလှူတယ်။ နံနက် မှာ သူတို့ပါတီက တာဝန်ရှိသူတွေ နဲ့အတူ အခမ်းအနားကို လာ ရောက်ပြီး ဆရာတော်တွေနဲ့ တွေ့ဆုံကြခြင်းဖြစ်ပါတယ်’’ဟု ရွှေ ကျင်နိကာယ အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက မိန့်ကြား သည်။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ သည် ဗုဒ္ဓသာသနာတော်လုံးဆိုင် ရာ ရွှေကျင်နိကာယ သံဃာ့အ စည်းအဝေး ကျင်းပရာသို့ တက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများ နာယူခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်သည်။ ရွှေကျင်ဂိုဏ်းလုံးကျွတ် သံ ဃာ့အစည်းအဝေးကြီး ဒုတိယနေ့ ကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး ရွှေကျင်သာ သနာပိုင် ဝါဆိုဆရာတော်ကြီးက သဘာပတိအဖြစ် ထမ်းဆောင်ခဲ့ သည်။ အစည်းအဝေး ပထမနေ့ တွင် နိုင်ငံတော်သမ္မတ ဦးထင် ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့က ဆွမ်းအလှူရှင်အဖြစ် လှူဒါန်း သည်။ အစည်းအဝေး ဒုတိယနေ့ အခမ်းအနားတွင် ဆရာတော်ကြီး နှင့် တွဲဖက်သာသနာပိုင်ဆရာ တော်ကြီးများက ရှေးဦးစွာ ဩဝါဒကထာချီးမြှင့်ပြီး ထင်ရှားကျော်ကြားသော ရွှေကျင်ဆရာတော် ကြီးများ၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ရွှေကျင်ဆရာတော်ကြီးများ အ စဉ်အဆက်တို့၏ အဆုံးအမများ ဖတ်ကြားပူဇော်ခြင်းနှင့် သာသနာ ရေးရာ စာတမ်းဖတ်ကြားခဲ့သည်။ ဇန်နဝါရီ ၂၉ မှ ၃၁ ရက်အထိ သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါအစည်းအဝေးသို့ ပြည်တွင်း၊ ပြည်ပ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်အပါးရေ ၇၀၀ ကျော် ကြွရောက်နေသည်။ လက်ရှိ ရွှေကျင်ဂိုဏ်းတွင် သာသနာပိုင် ဆရာတော်အဖြစ် ဝိဇ္ဇောတာရုံ ဆရာတော်ကြီးက ဆောင်ရွက်နေကာ တွဲဖက်သာ သနာပိုင် ဆရာတော်များအဖြစ် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ မတ္တရာသူဌေးကျောင်း ဆရာတော် ဘဒ္ဒန္တမာနိတသိရီ ဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ် အဓိပတိဆရာတော် ဒေါက် တာဘဒ္ဒန္တ ဉာဏိဿရတို့က ဆောင်ရွက်နေသည်။ ရွှေကျင် ဂိုဏ်း၏ ဖွဲ့စည်းပုံအရ တွဲဖက် သာသနာပိုင် ဆရာတော်လေးပါး ရှိရမည်ဖြစ်ရာ ယခုပြုလုပ်မည့် အကြိမ် (၂၀)မြောက် ရွှေကျင် ဂိုဏ်း သံဃာ့အစည်းအဝေးတွင် တွဲဖက်ဆရာတော်နှစ်ပါး ထပ်မံ ရွေးချယ်မည်ဖြစ်သည်။ အစည်းအဝေးတတိယနေ့ ကို ယနေ့ ဆက်လက်ကျင်းပမည် ဖြစ်သည်။
Source : http://ift.tt/2DOK6RU
via IFTTT
Source : http://ift.tt/2DOK6RU
via IFTTT
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သလောက် လုပ်သွားမယ် ပန်းချီဆရာမတယောက်လည်းဖြစ်၊ ပြည်တွင်းဖြစ်ချည်ထည်များနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ “အမရခေတ်” ဆိုတဲ့ ဖက်ရှင်လုပ်ငန်းကို တည်ထောင်လုပ်ကိုင်လျက်ရှိကာ အောင်မြင်မှုတခုကို ရရှိနေတဲ့ ရွှေသီရိခေတ် ဟာ ယခုဆိုရင် အလှမယ်တယောက်အနေနဲ့ မြင်တွေ့နေရပြီဖြစ်ပါတယ်။ သူမဟာ အောင်မြင်တဲ့ဖက်ရှင်ဒီဇိုင်နာတယောက်ဖြစ်ရုံသာမကဘဲ အောင်မြင်တဲ့အိမ်ထောင်တခုတွင် အိမ်ထောင်သက် ၁၁ နှစ်မှာ ၄ နှစ်အရွယ်သမီးလေးတယောက်ကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင် အလှမယ်တယောက်လည်း ဖြစ်ပါတယ်။ အလှမယ် ရွှေသီရိခေတ်ဟာ Mrs.Elegant Season 8 Beauty Contest တွင် ဆု ၃ ဆုကိုု ဆွတ်ခူး ရရှိခဲ့သလို မကြာခင်အချိန်မှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် Mrs. Universe 2018 ကို သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ အိမ်ထောင်ရှင် အလှမယ်တယောက်ဖြစ်တဲ့ ရွှေသီရိခေတ်( Amara Khit Founder) ရဲ့ မကြာခင်မှာ သွားရောက်ယှဉ်ပြိုင်ရတော့မယ့် ပြိုင်ပွဲအကြောင်းနဲ့ သူမရဲ့ အိမ်ထောင်ရှင်အလှမယ်တယောက်ဖြစ်ပြီး လုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်တွေအကြောင်းကို ဧရာဝတီမှ အနုပညာသတင်းထောက် ယုဖြူဟန်က မေးမြန်းထားပါတယ်။ မေး။ ။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။ ဖြေ။ ။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကတော့ ကိုယ့်ရဲ့လုပ်ငန်းက ဖက်ရှင်လုပ်ငန်း ဖြစ်နေတဲ့ အခါကျတော့ ဆက်စပ်နေတယ်။ ဒီပြိုင်ပွဲရဲ့ခေါင်းစဉ်ကလည်း Domestic Violence (အိမ်တွင်း အကြမ်းဖက်မှု) ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ခံယူချက်နဲ့ကလည်း တိုက်ဆိုင်မှုရှိနေတဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။ မေး။ ။ အခက်အခဲတွေရော ဘယ်လိုရှိခဲ့လဲ။ ဖြေ။ ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်တဲ့အခါမှာ အခက်အခဲတွေက အများကြီးပဲပေါ့။ ပထမဆုံး ဒီပြိုင်ပွဲကို ငါ လုပ်နိုင်ပါ့မလား ဒီဟာသည် ရေရှည်လုပ်ရမယ့် ကိစ္စကြီးတခုဖြစ်တယ်။ အဲဒါကြောင့် ကိုယ်ပေးဆပ်ရမယ့် အချိန်တွေ ကြိုးစားရမယ့်ကိစ္စတွေ မိသားစုတွေအတွက်ရော အလုပ်အတွက်ရော အစစအရာရာ ကိုယ့်ဘက်ကနေ မျှတအောင်လုပ်ရတဲ့အခါကျတော့ အဲ့ဒါတွေအကုန်လုံး လုပ်နိုင်ပါ့မလားလို့ စဉ်းစား ရပါတယ်။ အဲဒီလိုစဉ်းစားပြီးတော့မှ လုပ်နိုင်တယ်လို့ စဉ်းစားတယ်၊ဆုံးဖြတ်တယ် နောက်ပြီးတော့ ဒီဟာက ကိုယ့်အတွက် အိမ်ထောင်ရှင် အမျိုးသမီးဖြစ်သွားပေမယ့် ဒီထက်အများကြီးထပ်တက်ဖို့ လမ်းစတွေ ရှိနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်ပြိုင်ဖြစ်တာပါ။ မေး။ ။ ပြိုင်ပွဲက ဘယ်တော့လောက်သွားပြိုင်ရမှာလဲ။ ဖြေ။ ။ အဲဒါက မတ်လလောက်ကျမှ ပြိုင်ပွဲသွားပြိုင်ရမယ့် နိုင်ငံထွက်မယ်။ ရက်လည်း အတိအကျ ထွက်ပါမယ်။ ပြိုင်လေ့ပြိုင်ထရှိတဲ့ရက်တွေကတော့ သြဂုတ်၊စက်တင်ဘာလလောက်တော့ လုပ်လေ့ ရှိတယ်။ ရက်အတိအကျတော့ မသိသေးပါဘူး။ မေး။ ။ ပြိုင်ပွဲသွားပြိုင်ဖို့အတွက်ကို ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်နေလဲ။ ဖြေ။ ။ ဘယ်လိုလေ့လာမှုတွေရှိလဲဆိုရင်တော့ လေ့လာရမှာတွေကတော့ အများကြီးပေါ့။ ဒီဟာက မြန်မာပြည်ရဲ့ တတိယမြောက်ပြိုင်ပွဲဖြစ်တဲ့အတွက် အရှေ့ကသွားပြိုင်ခဲ့တဲ့သူတွေဆီကနေ ပညာတွေ အတွေ့အကြုံတွေ အများကြီးယူရမှာ ဖြစ်ပါတယ်။ တီချယ်လှနုထွန်းဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တာတွေ ကိုယ့်ဘက်ကပြင်ဆင်ရမယ့် အပိုင်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အဲဒါတွေကို မပြိုင်ခင်အချိန်ထိ တောက်လျှောက်လုပ်သွားရမှာပါ။ မေး။ ။ ပြိုင်ပွဲမှာဆိုရင် ကိုယ့်ရဲ့ Talent ကို ဘယ်လိုပုံစံမျိုးနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဖြေ။ ။ ယှဉ်ပြိုင်ဖို့အတွက် တွေးထားတာတော့ ရှိပါတယ်။ အကုန်လုံးချပြဖို့ထက် ကိုယ်ဟာ Artist တယောက်ဖြစ်တယ်။ ဒီဇိုင်နာတယောက်ဖြစ်တယ်။ Brand Owner တယောက်ဖြစ်တယ်။ အဲ့ဒါ ကိုယ့်မှာရှိတဲ့ ပင်ကိုယ်အရည်အချင်းတွေပေါ့နော်။ ဆိုရှယ်မီဒီယာပိုင်းမှာလည်း ကျွမ်းကျင်မှု အထိုက်အလျောက်ရှိတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ပင်ကိုယ်ရှိပြီးသားဟာကို ဘယ်လိုမျိုး ထုတ်ဖော်ပြီးတော့ Organazation နဲ့တွဲပြီးတော့ ပြသခွင့်ရမလဲ။ မြန်မာပြည်ရဲ့အကြောင်းရယ် မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း ဘယ်လိုမျိုးကိုယ်စားပြုလို့ရမလဲဆိုတာကို ချင့်ချိန်ပြီးတော့ အခုချိန်ကစပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ မေး။ ။ National Costume ပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုပြင်ဆင်ထားလဲ။ ဖြေ။ ။ National Costume ပိုင်းကလည်းရွေးထားတာတော့ ၃၊ ၄မျိုး လျာထားတာတော့ရှိပါတယ်။ မိတ်ကပ်ခရစ်နဲ့တိုင်ပင်ပြီးတော့ ဒီဇိုင်းဆွဲထားတယ်။ အဲဒါကတော့ တအားကြီးကျော်ကြားပြီးသား အထင်ကရဖြစ်တာတွေကို လုပ်တာထက် လူတွေမေ့နေတာပဲဖြစ်ဖြစ် သိပ်သတိမထားမိတာပဲဖြစ်ဖြစ် အဲဒါမျိုးလေးတွေကို ပြန်လည်ဖော်ထုတ်ပြီး လုပ်ဖို့အတွက်လုပ်နေပါတယ်။ မေး။ ။ အိမ်ထောင်ရှင် အလှမယ်တယောက်အနေနဲ့ အခု သရဖူလည်းရသွားပြီဆိုတော့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသေးလဲ။ ဖြေ။ ။ ရှေ့ဆက်ပြီးတော့ ဘာလုပ်ဖို့ရှိလဲဆိုရင် ပြိုင်ပွဲကနေ ချမှတ်ထားတဲ့ စည်းကမ်းတွေဝင်အောင် Organization ကနေဖြစ်စေချင်တဲ့ လုပ်ရမယ့် အစီအစဉ်တွေရှိတယ်။ အဲဒီအတွက်တင်မကဘဲနဲ့ ကိုယ့်ရဲ့စီးပွားရေးနဲ့ဆက်စပ်ပြီးတော့ရော ကိုယ့်ရဲ့စီးပွားရေးကလည်း ဒီတိုင်းပြည်ရဲ့ ဖက်ရှင် အမှတ်တံဆိပ်အနေနဲ့ ဘယ်လိုရပ်တည်လို့ရမလဲ။ နောက်ပြီးတော့ ကိုယ့်လိုမျိုး အိမ်ရှင်မအမျိုးသမီး တွေကိုလည်း အားဖြစ်စေတဲ့စကားလေးတွေ ဘာတွေများအထောက်အကူပြုလို့ရမလဲဆိုတာကို တပြိုင်နက်တည်း စဉ်းစားပြီးတော့ အစီအစဉ်လုပ်ထားပါတယ်။ မေး။ ။ အိမ်ထောင်ရှင်အလှမယ်နဲ့ ရိုးရိုး အလှမယ်ဘယ်လိုကွာခြားမှုရှိလဲလို့ မြင်မိလဲ။ ဖြေ။ ။ ကွာခြားတာတော့ အများကြီးရှိတာပေါ့နော်။ အပျိုအလှမယ်အနေနဲ့က သူ့မှာက မိဘ အုပ်ထိန်းမှုတခုပဲရှိတယ်။ အိမ်ထောင်ရှင် မဖြစ်သေးတဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့မိဘရဲ့ဆုံးဖြတ်ချက်နဲ့ ဘာမဆိုလုပ်လို့ရတယ်။ ဝတ်စားဆင်ယင်မှုအပိုင်းမှာကျတော့ အိမ်ထောင်သည်ကျတော့ ဘီကနီတွေ ဘာတွေမပါဘူးဆိုတော့ အဆင်ပြေတယ်ဆိုပြီး ဒီပြိုင်ပွဲကို ဝင်လိုက်တယ်။ အိမ်ထောင်သည်ဖြစ်သွားတာနဲ့ အလျှောက် အပြင်အဆင် ဝတ်စားဆင်ယင်မှု ရုပ်ပိုင်းဆိုင်ရာသာမကဘူး စိတ်ပိုင်းဆိုင်ရာမှာပါ ရင့်ကျက်ရတဲ့အနေအထားကို ဖြစ်သွားတဲ့အတွက် ပြိုင်ပွဲဝင်တဲ့အခါမှာ အဲဒါတွေလည်း ထည့်သွင်းစဉ်းစားပြီးတော့ ပြိုင်ရပါတယ်။ နောက်ပြီးတော့ မိသားစုနဲ့ ဘယ်လိုအချိန်ပေးပြီးလုပ်မလဲ ကိုယ့်ကိုကိုယ်ရော ဘယ်လိုထိန်းသိမ်းမှုရှိမလဲ အလုပ်ခွင်ထဲမှာရော ကိုယ်ပိုင် Talent ကို ထပ်ပြီးတော့ ဘယ်လိုထိန်းကျောင်းပေးလဲ မျိုးဆက်သစ်တွေကိုရော ဘယ်လိုလက်တွဲခေါ်မလဲ အဲဒီလိုအဖက်ဖက်က ပြင်ဆင်ရတယ်ပေါ့။ အဲဒီလိုကွာခြားချက်လေးတွေတော့ ရှိတယ်။ မေး။ ။ အမရဲ့ မိသားစုတွေနဲ့လည်း မိတ်ဆက်ပေးပါဦး။ ဖြေ။ ။ အိမ်ထောင်သည် အမျိုးသမီးတယောက်ဖြစ်တဲ့ ရွှေခေတ်မှာ ၄ နှစ်အရွယ်သမီးလေးနဲ့ အိမ်ထောင်သက်ကတော့ ၁၁ နှစ်ကျော်ရှိပါပြီ။ မေး။ ။ အမရဲ့ မိသားစုဝင်တွေအနေနဲ့ရော ဘယ်လိုထောက်ပံ့မှုတွေ ပေးခဲ့လဲ။ ဖြေ။ ။ မိသားစုဝင်တွေရဲ့ ထောက်ပံ့မှုတွေ မပါဘဲနဲ့ ရပ်တည်လို့မရပါဘူး။ အဓိကက အမျိုးသားပေါ့။ ဒီကိစ္စက အမျိုးသားက ခွင့်မပြုဘဲနဲ့ ရှိလာမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမျိုးသားက ကူညီထောက်ပံ့ပေးမှ ဆက်လက်လုပ်ဆောင်လို့ရတာပါ။ သူတို့ရဲ့ ကူညီမှုတွေ အများကြီးရပါတယ်။ မေး။ ။ အားပေးနေတဲ့သူတွေအတွက် ဘာများပြောချင်ပါသေးလဲ။ ဖြေ။ ။ အခုချိန်ကစပြီးတော့ ပြိုင်ပွဲဝင်တဲ့ကာလအထိ ဆက်လက်ပြီးတော့ အားပေးသွားပါ။ မြန်မာပြည်ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပြိုင်ပွဲမပြိုင်ခင်ကာလအတွင်းမှာရော ပြိုင်ပွဲပြိုင်တဲ့အခါမှာ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ နောက်နှစ်တွေမှာ ပြိုင်ပွဲဝင်မယ့်သူတွေရော တခြားတခြား အိမ်ထောင်ရှင်အမျိုးသမီးတွေရော အမျိုးသမီးများအားလုံးအတွက်ကို လက်တွဲပြီးတော့ အိမ်တွင်းစီးပွားရေးရော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သလောက်လက်တွဲပြီးတော့ လုပ်သွားပါမယ်။ The post အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သလောက် လုပ်သွားမယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2rTTqCy
via IFTTT
Source : http://ift.tt/2rTTqCy
via IFTTT
သဘာ၀ ဘေးအန္တရာယ်တွေက စူပါမွန်းဖြစ်စဉ်နဲ့ ဆက်စပ်သလား စူပါမွန်း ဖြစ်စဉ် စူပါမွန်း (Supermoon) ဆိုတာ လနဲ့ ကမ္ဘာ အလွန်နီးကပ်လာပြီး၊ အနီးဆုံး လပြည့်ညကို ခေါ်တာပါ။ စူပါမွန်း ဖြစ်နေချိန်မှာ လနဲ့ ကမ္ဘာတို့ရဲ့ ပုံမှန် အကွာအဝေး ဖြစ်တဲ့ ၃၈၄,၄၀၀ ကီလိုမီတာ (၂၃၈,၈၅၅ မိုင်) အကွာအဝေးက ၃၅၆,၅၇၇ ကီလိုမီတာ (၂၂၁,၅၆၆ မိုင်) အကွာမှာ ရှိနေပါတယ်။ ဒါကြောင့် လကို ကမ္ဘာကနေ ကြည့်ရင် ပုံမှန်လ အရွယ်အစားထက် ၁၄ ရာခိုင်နှုန်းထိ ပိုကြီးလာပြီး တောက်ပမှုကလည်း ၃၀ ရာခိုင်နှုန်း ပိုလာနိုင်တယ်လို့ နာဆာက ခန့်မှန်းပါတယ်။ လနဲ့ ပတ်သက်ပြီး ပင်လယ်ရေနဲ့ ဒီရေ ဆိုင်ရှုာ အဖွဲ့အစည်းတွေက “စူပါမွန်းဖြစ်စဉ်နဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ မြေငလျင်ကြီးတွေ လှုပ်ရှားမှု၊ မီးတောင်ပေါက်ကွဲမှုတွေက ဆက်စပ်နေတယ်လို့ ခန့်မှန်းပြောဆိုနေကြပေမယ့် လက်ရှိ အချိန်အထိ အထောက်အထား ထင်ထင်ရှားရှား မပြနိုင်သေးပါ။ စူပါမွန်း ဝေါဟာရ စူပါမွန်းဆိုတဲ့ ဝေါဟာရကို နက္ခတ္တဗေဒပညာရှင် ရစ်ချတ်နိုးလ်လီ (Richard Nolle) က ၁၉၇၉-ခုနှစ်မှာ အမည်ပေးခဲ့တာ ဖြစ်ပြီး မူရင်းအဓိပ္ပာယ်က ပတ်လမ်းတခုဖြင့် ကမ္ဘာကို လှည့်ပတ်နေတဲ့ လ ဟာ နေ၊ လ၊ ကမ္ဘာတို့ တတန်းတည်း ကျရောက်တဲ့ အချိန်မှာ ကမ္ဘာနှင့် အနီးကပ်ဆုံး အကွာအဝေးသို့ ရောက်ရှိနေစဉ် တွေ့မြင်ရတဲ့ အခြေအနေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ စူပါမွန်းဆိုတဲ့ ဝေါဟာရကို ပညာရပ် အခေါ်အားဖြင့် perlgee syzygy ဟု ခေါ်ပါတယ်။။ အဓိပ္ပာယ်က နေ၊ လ၊ ကမ္ဘာတို့ တတန်းတည်း ကျရောက်နေစဉ် လသည် ကမ္ဘာနှင့် အနီးဆုံး အကွာအဝေးသို့ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်မျိုးကို လပြည့် (full moon)၊ ဒါမှမဟုတ် လဆန်း (new moon) တွေမှာ ကြုံတွေ့ရတတ်ပါတယ်။ ဖြစ်ပေါ်တဲ့ ကြိမ်နှုန်း Full moon cycle ဆိုတဲ့ နေရယ်၊ လ ရယ်၊ ကမ္ဘာရယ် တတန်းတည်း ကျရောက်တဲ့ ဖြစ်စဉ် တခုနဲ့ တခု ကြာမြင့်ချိန်က အကြမ်းအားဖြင့် ၄၁၁ ဒသမ ၈ ရက်တွင် တကြိမ် ဖြစ်ပေါ်လေ့ရှိပါတယ်။ တနည်းအားဖြင့် full moon ၁၄ ကြိမ် ဖြစ်ပေါ်တိုင်း စူပါမွန်း တကြိမ် ဖြစ်ပေါ်လေ့ရှိတာပါ။ full moon cycle တကြိမ်တွင် စူပါမွန်း ၃ ကြိမ် ဖြစ်ပေါ်လေ့ရှိပါသည်။ ဒီရေအပေါ် ဘယ်လိုသက်ရောက်သလဲ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာ ရေပြင်များ အပေါ် နေနှင့်လ တို့ရဲ့သက်ရောက်မှုကြောင့် လဟာ လပြည့် ဒါမှမဟုတ် လဆန်းတိုင်း ကမ္ဘာပေါ်ရှိ သမုဒ္ဒရာတွေထဲမှာ ဒီရေလှိုင်းအကြီးဆုံး ဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် လရဲ့ ဆွဲငင်အားကြောင့် ဒီရေ အတက်အကျ အား အကောင်းဆုံး ဖြစ်ပါတယ်။ယင်းကို perlgean sprlngticle လို့ ခေါ်ပါတယ်။ ဒီရေအပေါ် သက်ရောက်တဲ့ အားက an inverse-cube law ရဲ့ ပြောင်းလဲနေမှုကြောင့် ဒီရေလှိုင်းရဲ့ အားပမာဏက ပျမ်းမျှ ထက် ၁၉ ရာခိုင်နှုန်းခန့် ပိုမိုအားကောင်း နိုင်ပါတယ်။ သို့ပေမယ့် နေရာဒေသ အလိုက် အပြောင်းအလဲ ရှိတတ်တဲ့ အတွက် ဒီရေအပေါ် လရဲ့ သက်ရောက်မှု ကြီးကြီးမားမား မတွေ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ စူပါမွန်းဖြစ်စဉ်အတွင်း အင်္ဂလန်နိုင်ငံ Sol-ent ဒေသမှာ သင်္ဘော ၅ စီး နစ်မြုပ်ခဲ့ရတာဟာ စူပါမွန်းနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပြောဆိုတာတွေ ရှိခဲ့ပေမယ့် အခုထိတော့ သက်သေ အထောက်အထား မပြနိုင်သေးပါ။ အဲဒီနှစ်မှာပဲ ဂျပန်နိုင်ငံ တိုဟာကူ (Toha ku) ဒေသမှာ ရေအောက်မြေငလျင် လှုပ်ခဲ့တာနဲပ အတူ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်ခြင်း၊ တဖန် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာမှာ လှုပ်ခတ်ခဲ့တဲ့ ရေအောက်မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်ခြင်း စတာတွေဟာ စူပါမွန်း ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုပေမယ့် ခိုင်လုံတဲ့ အထောက်အထားတော့ မပြနိုင်သေးပါ။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ သဘာ၀ ဘေးအန္တရာယ်တွေက စူပါမွန်းဖြစ်စဉ်နဲ့ ဆက်စပ်သလား ဆိုတဲ့ အဖြေကိုတော့ ပညာရှင်တွေ စူးစမ်းရှာဖွေလျက် ရှိပါတယ်။ The post သဘာ၀ ဘေးအန္တရာယ်တွေက စူပါမွန်းဖြစ်စဉ်နဲ့ ဆက်စပ်သလား appeared first on ဧရာဝတီ.
Source : http://ift.tt/2BGyDSD
via IFTTT
Source : http://ift.tt/2BGyDSD
via IFTTT
The Voice
နှစ်ပေါင်း ၁၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် Bluemoon, Supermoon နှင့် Bloodmoon ထူးခြားလပြည့်သုံးမျိုးစလုံး တိုက်ဆိုင်သည့် လပြည့်နေ့ကို ကြုံတွေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၁၈၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထူးခြားလပြည့်သုံးမျိုးစလုံး တိုက်ဆိုင်သည့် လပြည့်နေ့ကို ကြုံတွေ့ခဲ့ရကြောင်း Guardian သတင်းစာက ဖော်ပြသည်။ Bluemoon ဆိုသည်မှာ အပြာရောင်လဟု ဆိုလိုခြင်းမဟုတ်ဘဲ ပြက္ခဒိန်လ တစ်လအတွင်း ဒုတိယမြောက် လပြည့်နေ့ကို ဆိုလိုသည်။ (ယခုနှစ်တွင် ဇန်နဝါရီလ တစ်လတည်းတွင် လပြည့်နေ့ နှစ်ကြိမ် ကြုံခဲ့ရခြင်းဖြစ်သည်)။ Super Moon ဆိုသည်မှာ လနှင့် ကမ္ဘာအကြား ပုံမှန်ထက် ပိုမို နီးကပ်နေသောကြောင့် ပိုကြီး ပိုတောက်ပသော လပြည့်ညကို မြင်တွေ့ရခြင်းကို ဆိုလိုသည်။ Blood Moon ဆိုသည်မှာ လကြတ်ချိန်တွင် လမှာ အနီရောင် ပြောင်းသွားပြီး သွေးရောင်လွှမ်းသလို မြင်ရခြင်းကို ဆိုလိုသည်။ ယင်း ထူးခြားလပြည့်များမှာ တစ်မျိုးမဟုတ်တစ်မျိုး မကြာခဏ ကြံုရတတ်သော်လည်း သုံးမျိုးစလုံး တိုက်ဆိုင်သည့် လပြည့်ညမှာမူ နှစ်ပေါင်း ၁၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ဖော်ပြထားသော မြေပုံကို ကြည့်လျှင် မြန်မာနိုင်ငံမှာ လထွက်ချိန်၌ လကြတ်မှုကို မြင်တွေ့ရနိုင်သည့် နိုင်ငံများထဲတွင် ပါဝင်သည်ကို တွေ့နိုင်သည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘတောမြို့တို့ကဲ့သို့သော မြေပုံအလယ်ပိုင်း အနီရောင်အကွက်တွင်း ပါသောနေရာများမှာ လအပြည့်ကြတ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဝါရှင်တန်ဒီစီနှင့် အမေရိကန်နိုင်ငံတွင်မူ လဝင်ချိန်မှသာ လကြတ်မှုကို မြင်တွေ့ရနိုင်မည်ဖြစ်သည်။ အဖြူရောင် အကွက်အတွင်း ပါဝင်သော နိုင်ငံများမှာမူ လကြတ်ခြင်းကို မြင်တွေ့ရမည်မဟုတ်ပေ။
Source : https://goo.gl/Ky2RzZ
via IFTTT
Source : https://goo.gl/Ky2RzZ
via IFTTT
အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း Uber နဲ့ Ooredoo ပူးပေါင်း လက်မှတ်ရေးထိုး အမေရိကန်နိုင်ငံအခြေစိုက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Uber နဲ့ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ Ooredoo Myanmar တို့ ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာတရပ် MoU (Memorandum of Understanding) လက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ဘိုကလေးဈေးလမ်း၊ Pansuriya စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ “နားလည်မှုစာချွန်လွှာ” MoU လက်မှတ်ရေးထိုးခြင်းဟာ ရန်ကုန်မြို့တွင်း အများပြည်သူများ လွယ်ကူစွာ ခရီးသွားလာနိုင်မှုနဲ့ ဆက်သွယ်နိုင်မှုတို့အတွက် Uber နဲ့ Ooredoo တို့ မဟာဗျူဟာ ကျကျ ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပထမဆုံးခြေလှမ်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “Uber အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ကို စဝင်ရောက်ကတည်းက ရန်ကုန်အစိုးရအဖွဲနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ အခုလိုဈေးကွက် ကျယ်ပြန့်လာတဲ့အချိန်မှာလည်း Ooredoo နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့အတွင်း ခရီးသွားလာမှုပုံစံနဲ့ အချင်းချင်း ဆက်သွယ်တဲ့ပုံစံတွေကို အတူလက်တွဲ ပြောင်းလဲ သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ Uber ရဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာ Ms. Charity Safford က ပြောပါတယ်။ ဆက်လက်ပြီး Ms.Charity Safford က “Uber နဲ့ Ooredoo အခုလို ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံ ဒီဂျစ်တယ် အသွင်ပြောင်းလဲခြင်းအတွက် အရေးပါတဲ့ ခြေလှမ်းတခုပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ Ooredoo Myanmar အနေနဲ့ Uber နဲ့ ပူးပေါင်းပြီး Uber Application အသုံးပြုသူ ယာဉ်မောင်းများကို နေ့စဉ်အသုံးပြုနေတဲ့ အင်တာနက် ဒေတာကုန်ကျစရိတ်များ လျှော့ချနိုင်ပေးနိုင်ရန် Ooredoo မှ အထူးစီစဉ်ထားတဲ့ Package အစီအစဉ်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Package မှာ အပိုဆုများအဖြစ် Uber ယာဉ်မောင်းများအနေနဲ့ Uber Application ကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ဒေတာအသုံးပြုခြင်း၊ စာတိုပေးပို့ခြင်းနဲ့ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုများကို အထူး ဈေးနှုန်းများနဲ့ ရယူအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ “ဒီလို Package အစီအစဉ်က ကျမတို့အတွက် တကယ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒေတာသုံးစွဲမှု ကုန်ကျစရိတ်က အထူးသဖြင့် ဝင်ငွေပေါ်မှီတည်နေရတဲ့ Uber အငှားယာဉ်မောင်းတွေ အတွက် ဘယ်လောက် ထိခိုက်မှုရှိလဲဆိုတာ ကျမတို့ သိထားလို့ပဲ ဖြစ်ပါတယ်” လို့ Uber ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ ဒေါ်အိဖြူလွင်က ပြောပါတယ်။ Uber နဲ့ Ooredoo Myanmar တို့ ဆက်သွယ်ရေးနည်းပညာလုပ်ငန်းနှစ်ခု ပူးပေါင်းလိုက်ပြီး ၎င်းတို့ရဲ့ ဝန်ဆောင်မှုများမှတဆင့် ဆက်သွယ်ရေးနဲ့နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းများအနေနဲ့ လက်ရှိမှာ အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီ Uber ၊ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီ Grab နဲ့ ပြည်တွင်း အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီများဖြစ်တဲ့ Oway နဲ့ Hello Cabs စတဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ပြေးဆွဲလျက် ရှိပါတယ်။ စင်ကာပူနိုင်ငံအခြေစိုက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Grab အနေနဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှု Wave Money နဲ့အတူ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်လိုက်ခြင်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းက ပြုလုပ်ခဲ့ပါတယ်။ ဆက်စပ်သတင်းလင့်ခ် – “Uber” Application အငှားယာဉ်ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်မိတ်ဆက် The post အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း Uber နဲ့ Ooredoo ပူးပေါင်း လက်မှတ်ရေးထိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2rWJ8kO
via IFTTT
Source : http://ift.tt/2rWJ8kO
via IFTTT
လာအိုအခြေစိုက် ကာစီနိုကို အမေရိကန်က ပိတ်ဆို့အရေးယူ ဒေသတွင်း၌ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတို့နှင့် ဆက်စပ် ကျူးလွန်နေသည်ဟူသော အကြောင်းပြချက်ဖြင့် လူပုဂ္ဂိုလ် ၄ ဦးနှင့် ကုမ္ပဏီများအုပ်စု တခုကို ပိတ်ဆို့ဒဏ်ခတ်မှု ပြုလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ကြေညာသည်။ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် ချင်းစန်တို့တွင် အခြေစိုက်ထားသော ကာစီနို လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် The Kings Romans ကုမ္ပဏီနှင့် ဆက်စပ်နေသည့် လုပ်ငန်းစုတစုကို ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန လက်အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ကြေညာချက် တစောင် ထုတ်ပြန်သည်။ အဆိုပါကုမ္ပဏီသည် လာအိုနိုင်ငံတွင်လည်း လူသိများ ထင်ရှားသည့် ကာစီနို လောင်းကစားလုပ်ငန်း ဖြစ်ပြီး ဟောင်ကောင်၊ လာအို၊ မြန်မာနှင့် တရုတ်နိုင်ငံ အပြင် ထိုင်းနိုင်ငံတွင်ပါ လှုပ်ရှား လုပ်ကိုင်နေကြောင်း ပိတ်ဆို့ဒဏ်ခတ်မှု စာရင်း အရ သိရသည်။ လာအိုနိုင်ငံတွင် The Kings Romans ကာစီနိုလုပ်ငန်းကို ဟိုတယ်တလုံး၌ ပြုလုပ်နေပြီး ရွှေတြိဂံဒေသ၊ မဲခေါင်မြစ်၏ ထိုင်းနိုင်ငံဘက်ကမ်းမှပင် ရှင်းလင်းသဲကွဲစွာ တွေ့နိုင်သည်။ ဟောင်ကောင်အခြေစိုက် လုပ်ငန်းစုက ပိုင်ဆိုင်သည့် ယင်း ကာစီနို လောင်းကစား လုပ်ငန်းသည် တရုတ်ခရီးသွား ဧည့်သည်များကို ဧည့်ဝတ်ပြုရန်ဟု ဆိုသည်။ ယခင် မီဒီယာသတင်းများအရ ယင်းနေရာသည် ဥပဒေမဲ့ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေသည် ဟု ဆိုသည်။ ယခု ပိတ်ဆို့ ဒဏ်လိုက်သူ ၄ ဦးနှင့် ကုမ္ပဏီများသည် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံတကာရာဇဝတ်မှုများ တွင်လည်း အတွေ့အကြုံ ရှိကောင်း ရှိနိုင်သည် ဟုလည်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ကြေညာချက်တွင် စွပ်စွဲထားသည်။ အမေရိကန်နိုင်ငံဘက်မှ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများ၊ နိုင်ငံသားများ အနေဖြင့် လုပ်ငန်း ဘော အရ ဆက်ဆံခြင်း မပြုရန် ပိတ်ဆို့ခံရသူ ၄ ဦးတို့မှာ – (၁) အေဘတ် ဘာစူ အီဘရာဟင် (Abbas “Basu” Eberahim)၊ အသက် ၂၉ ၊ သြစတြေးလျနိုင်ငံသား၊ သြစတြေးလျ နိုင်ငံ၊ ကူးရင်းဂဲလ်နှင့် ချင်းရိုင်ရှိ ချိုင်စန်းနှင့် လာအိုတောင်ပိုင်း ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် နေထိုင်သူဟု စာရင်းပေါက်သူ၊ (၂) နက်ရန်တစမ်ခီရိ အကာ ရန်တဝမ်ကီးရီး (Nat Rungtawankhiri aka Rungtawankeeree)၊ အသက် ၄၁ နှစ်၊ ထိုင်းနိုင်ငံသား၊ မဲဖလောင်ခရိုင်၊ ချင်းရိုင် တွင် နေထိုင်သူဟု စာရင်းပေါက်သူ။ (၃) ကျောက်စု (ခ) မဒမ်စု (Guiqin Su aka Zhao Su or Madame Su)၊ အသက် ၆၉၊ တရုတ်လူမျိုး ဟောင်ကောင်တွင်နေထိုင်သူ၊ ဇောင်ဝေ၏ ဇနီး၊ (၄) ကျောက်ဝေ (ခ) ချွိုင်ေ၀ (ခ) သန်ချိုင်းစေးချောင် (Zhao Wei aka Chio Wei aka Thanchai Saechou)၊ ၆၆ နှစ်၊ တရုတ်-မကာအိုကပြား တို့ ဖြစ်သည်။ The Kings Romans ကာစီနိုလုပ်ငန်း ပိုင်ရှင် ကျောက်ဝေ(အလယ်)/Al Jazeera ယင်းတို့ ၄ ဦးမှာ ကျောက်ဝေ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု အုပ်စု (Zhao Wei translational criminal organization – TCO) တွင် ပါဝင်သူများ အဖြစ် အမေရိကန်က သတ်မှတ်သည်။ ရွှေတြိဂံနယ်မြေ အတွင်း လာအိုနိုင်ငံ ဘက်ခြမ်းတွင် အခြေစိုက်ထားသည့် ကျောက်ဝေ TCO လုပ်ငန်းစုသည် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးခြင်း၊ လူကုန်ကူးခြင်း၊ ငွေကြေးခဝါချခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းနှင့် တောရိုင်းသဘာ၀ သယံဇာတ မှောင်ခို ကုန်ကူးခြင်း စသည့်ပြစ်ချက်များ တွေ့ရကြောင်း အမေရိကန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ “ယင်းတို့ ဆက်စပ်၍ ပိုင်ဆိုင်မှုများကို အမေရိကန် တရားစီရင်မှုအောက်တွင် တားဆီးလိုက်ပြီး အမေရိကန် နိုင်ငံသားများကိုလည်း ယင်းပုဂ္ဂိုလ်များနှင့် ငွေကြေးလွှဲပြောင်း လုပ်ကိုင်ခြင်း လုပ်ငန်းအ၀၀ကို မပြုလုပ်ကြရန် တားမြစ်ချက် ထုတ်ပြန်လိုက်သည်” ဟုလည်း ကြေညာချက်က ဆိုသည်။ လာအိုနိုင်ငံရှိ The Kings Romans ကာစီနိုလုပ်ငန်းကို ယင်းအဖွဲ့၏ ဌာနချုပ် အဖြစ် ထားရှိပြီး ငွေကြေးခဝါမှု အတွက် အသုံးပြုနေကြောင်း အမေရိကန်က စွပ်စွဲထားသည်။ The Kings Roman ကာစီနိုလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်လျက်ရှိသည့် ကျောက်ဝေ TCO လုပ်ငန်းစုသည် ဘိန်းဖြူ၊ မက်သာဖက်တမင်းနှင့် အခြားစိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ သိုလှောင်ပြီး ဖြန့်ဖြူးနေကြောင်း၊ ဖြန့်ဖြူးနေသည့် ကွန်ရက် အတွင်း မြန်မာနိုင်ငံဘက်တွင် လှုပ်ရှားနေသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လည်း ပါဝင်ကြောင်း ပိတ်ဆို့မှု ကြေညာချက်က ဆိုသည်။ ၂၀၁၄ ခုနှစ်ကစတင်ပြီး ထိုင်း၊ လာအိုနှင့် တရုတ်အာဏာပိုင်များက The Kings Romans ကာစီနိုလုပ်ငန်းကို ခြေရာခံ၍ ကြီးမားသော မူးယစ်ဆေးဝါး တင်ပို့မှုများကို ဖမ်းဆီးရမိနေသည်ဟု သိရှိရသည်။ The post လာအိုအခြေစိုက် ကာစီနိုကို အမေရိကန်က ပိတ်ဆို့အရေးယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2Gz9Q6j
via IFTTT
Source : http://ift.tt/2Gz9Q6j
via IFTTT
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင် ၅ ဦးကို အစိုးရလွှတ်ပေး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရန် ပြင်ဆင်နေသော မွန်ပြည်သစ်ပါတီ (NMSP) မှ တပ်ဖွဲ့ဝင် ၅ ဦးကို အစိုးရက မွန်ပြည်နယ် ကျိုက်မရော အကျဉ်းထောင်က နေလွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ NMSP တပ်ဖွဲ့ဝင် ၅ ဦးသည် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ (စ)နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် ၂၀၁၇ ခုနှစ်က ဖမ်းဆီး အရေးယူခံခဲ့ရခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး က“ကျနော်တို့ တပ်ဖွဲ့ဝင် ၅ ဦးလွှတ်လာတယ်။ သမ္မတရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်လာတာလား၊ ဘယ်လိုကြောင့် လွှတ်လာလဲတော့ မသိဘူး။ ဒါပေမယ့် အခုလို လွှတ်ပေးတဲ့ အတွက် ကျနော်တို့ NCA ထိုးဖို့ လုပ်နေတဲ့အချိန်မှာ ယုံကြည်မှု တည်ဆောက်နိုင်လာတယ်။ NCA ထိုးတော့မယ်ဆိုတော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ကလည်း ပယ်ဖျက်တော့မယ်လေ NCA အကျိုးသက်ရောက်တာပေါ့” ဟု ပြောသည်။ မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှ လွှတ်လာသော NMSP တပ်ဖွဲ့ဝင် ၅ ဦးတွင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(စ)ဖြင့် ဖမ်းဆီးခံရသူ ၃ ဦး၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ ၂ ဦးတို့ဖြစ် ကြောင်း NMSP ဘက်မှ ပြောသည်။ “ပုဒ်မ ၁၉ (စ) နဲ့ ဖမ်းခံတဲ့သူ ၃ ဦးက ထောင်ဒဏ် ၆ လ ကျတယ်။ ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းခံရတဲ့ ၂ ဦးက ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လ ကျတယ်။ အခု ပြန်လွတ်လာတော့ ယုံကြည်မှု တည် ဆောက်တယ်လို့ပဲ မြင်တယ်။ အစိုးရနဲ့ ကျနော်တို့အကြား ပထမဆုံး ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်” ဟု နိုင်အောင်မငေး က ပြောသည်။ NMSP မှ တပ်ဦးဝင် ၅ ဦး အကျဉ်းထောင်မှ လွတ်လာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာများတွင် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲပိုင်း အထိထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်(PC) သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း PC အဖွဲ့ဝင် ဦးအောင်စိုးက မိမိအနေ ဖြင့် မိမိ၏ မဲဆန္ဒနယ်မြေသို့ ရောက်ရှိနေခြင်းကြောင့် ထိုကိစ္စကို ဂဃနဏ မသိခြင်းကြောင့် တစုံတရာ မှတ်ချက်ပေးနိုင်ခြင်း မရှိဟု ဆိုသည်။ NMSP ဥက္ကဌ နိုင်ထောင်မွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား သီးခြား တွေ့ဆုံခဲ့ပြီး NCA ထိုးရေးဆွေးနွေးခဲ့သည်။ ထိုတွေ့ဆုံမှု အပြီးတွင် NMSP အနေဖြင့် NCA ကို လက်မှတ်ရေးထိုးသွားမည်ဟု ကတိပြုကြောင်း သတင်းထုတ်ပြန် ကြေညာချက် တစောင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် နိုင်စိန်လှနှင့် နိုင်ဆောင်းဦး တို့ ပါဝင်သော NMSP တပ်ဖွဲ့ဝင် ၅ ဦးကို ကျိုက်မရော အကျဉ်းထောင်မှ လွှတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်က NCA လက်မှတ် ထိုးခဲ့သောလက်နက်ကိုင် ၈ ဖွဲ့နည်းတူဆိုလျှင် NCA ကို NMSP လက်မှတ်ထိုးလျှင် အစိုးရအနေဖြင့် မတရားအသင်း ကြေညာထားခြင်း ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ မတရားအသင်းမှ ပယ်ဖျက်ကြောင်း အစိုးရဘက်မှ ကြေညာပေးရမည် ဖြစ်ကြောင်းသိရသည်။ လက်ရှိ NCA ကိုလက်မှတ် ထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ကိုလည်း NCA မထိုးခင် ၃ ရက်အလိုတွင် သမ္မတ ဦးသိန်းစိန် က မတရားအသင်းမှ ပယ်ဖျက်ကြောင်း ကြေညာပေးခဲ့သည်။ The post မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင် ၅ ဦးကို အစိုးရလွှတ်ပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2DTi1wA
via IFTTT
Source : http://ift.tt/2DTi1wA
via IFTTT
ရန်ကုန်လမ်းပိုင်းများ မေလတွင် အပြီးသတ်ရန် ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေး ဒုဝန်ကြီး သတိပေး ဇေကမ္ဘာဦးခင်ရွှေ၏ ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်း လုပ်ငန်းများကို မေလတွင် ပြီးစီးရန် ပျက်ကွက်ပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက သောကြာနေ့တွင် သတိပေးလိုက်သည်။ အဆိုပါလမ်းသည် ရန်ကုန်မြို့စွန်ရှိ မြို့နယ်များကို ချိတ်ဆက်ပေးထားသည်။ မိုးမကျမီ မေလကုန် အပြီးသတ်ခင်းရမည် ဖြစ်ကြောင်း ကုမ္ပဏီကို မိမိတို့ ဝန်ကြီးဌာန အနေဖြင့် သတိပေးထားပြီး ဖြစ်သည်ဟု ဇေကမ္ဘာ ကုမ္ပဏီ၏ အဆိုပါလမ်းပိုင်းလုပ်ငန်းများအား စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်ထားရှိမှုမရှိသည့် ကိစ္စနှင့် စပ်လျဉ်းသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၏ မေးခွန်းကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ဆောင်ရွက်ချက်များကို ပြည်သူများ မလိုလားမှုများရှိခဲ့ပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဒုဝန်ကြီးက ပြောသည်။ ဇေကမ္ဘာကုမ္ပဏီသည် ရန်ကုန်ပြင်ပ ကျေးလက်လမ်းပိုင်းများ ဖြစ်သည့် လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲတို့ကို ဆက်သွယ်ထားသော လမ်းကို ၂၀၁၀ ပြည့်လွန် နှစ်များ အစောပိုင်းကတည်းက ခင်းနေခဲ့ခြင်း ဖြစ်သည်။ ဦးခင်ရွှေကိုယ်တိုင်လည်း တချိန်က အာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကော့မှူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်ခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဖြစ်သူ ဦးခင်ရွှေက ၎င်း၏ငွေကြေးဖြင့် အရွေးချယ်ခံ မဲဆန္ဒနယ်ရှိ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးများအတွက် စိုက်ထုတ်သုံးစွဲခဲ့ကြောင်း ပြောကြားလေ့ ရှိခဲ့သည်။ ကော့မှူးမြို့နယ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ရွေးကောက်ခံခဲ့သော မဲဆန္ဒနယ်လည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ယင်း မဲဆန္ဒနယ်မှ ဦးခင်ရွှေ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာကို ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်က ရရှိသွားခဲ့သည်။ ဇေကမ္ဘာ ကုမ္ပဏီကို ယခင်အစိုးရ လက်ထက်က ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲတို့ကို ဆက်သွယ်ထားသည့် ၅၅ မိုင်နီးပါးလမ်းပိုင်းကို BOT လုပ်ငန်းစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက် ပြောကြားသည်။ ၅၅ မိုင်ဖောက်လုပ်ရမည့် အနက် ကုမ္ပဏီက ၄၁ မိုင် ၄ဖာလုံသာ ပြီးစီးခဲ့ပြီး ၁၃ မိုင် ၃ ဖာလုံ ရှိသည့် ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲ လမ်းပိုင်းအတွက် လုပ်ငန်းများ ကျန်ရှိနေသေးသည်။ ကုမ္ပဏီသည် ကော့မှူး-ကွမ်းခြံကုန်းလမ်းပိုင်း ၅ မိုင် ၃ ဖာလုံအား ၂၄ ပေအကျယ် ကတ္တရာ-ကွန်ကရစ် ခင်းခြင်း၊ တံတားခုနစ်စင်းချဲ့ခြင်းနှင့် ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်းတွင် ၈ မိုင်အား ၁၈ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာ ခင်းနေမှုမှာလည်း ပြီးစီးခြင်း မရှိသေးပေ။ ယင်း လမ်းပိုင်းများ အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက လမ်းအသုံးပြုခ ကောက်ခံခွင့် ပြုရန် နှောင့်နှေး နေသဖြင့် မလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။ ၎င်း အနေဖြင့် အဆိုပါလမ်း စီမံကိန်း အတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် သုံးစွဲခဲ့ရပြီး ကျန်ရှိနေသည့် လမ်းပိုင်းများ အတွက် နောက်ထပ် ကျပ် ၄ ဘီလီယံ လိုအပ်လိမ့်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။ ၎င်းနှင့် ဝန်ကြီးဌာနတို့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လုပ်ငန်းများ ပြီးစီးရန် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနဘက်မှ ကုမ္ပဏီကို လမ်းအသုံးပြုခ ကောက်ခံခွင့် ပေးမည် ဟု ဆိုကြောင်း ၎င်းက ပြောသည်။ ဒုတိယဝန်ကြီး၏ သတိပေးချက်ကို ၎င်းက “ ဒါဟာ တရားမဝင်ပါဘူး။ ကျနော့်ကို အခုချိန်ထိလည်း အဲ့လို ပြောတာမျိုး မရှိသေးဘူး။ သူတို့ ဒီလိုနိုင်ထက်စီးနင်း လုပ်လို့မရပါဘူး” ဟု ဦးခင်ရွှေက တနင်္လာနေ့က တုံ့ပြန် ပြောဆိုခဲ့သည်။ အကယ်၍ မေလတွင် ကုမ္ပဏီအနေဖြင့် လမ်းခင်းသည့် လုပ်ငန်းမပြီးစီးပါက လုပ်ငန်းရပ်စဲမည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ လာသော သတိပေး အကြောင်းကြားစာ လက်ခံရရှိခဲ့ခြင်း မရှိသေးကြောင်း သူက ပြောသည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၏ မေးမြန်းချက်မှာ ၎င်းနှင့် ၎င်းကုမ္ပဏီကို သိက္ခာကျစေသဖြင့် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် လွှတ်တော်ဥက္ကဌကို စာပို့ထားကြောင်း ဦးခင်ရွှေက ပြောသည်။ The post ရန်ကုန်လမ်းပိုင်းများ မေလတွင် အပြီးသတ်ရန် ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေး ဒုဝန်ကြီး သတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2nnPfKu
via IFTTT
Source : http://ift.tt/2nnPfKu
via IFTTT
ဗေဒင်ဆရာ အောင်ချစ်ပို ကာယိနြေ္ဒ ပျက်စီးစေရန် ထိပါးမှုဖြင့် အမှုဖွင့်ခံရ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်၍ ဗေဒင်ဟောနေသော ဗေဒင်ဆရာ အောင်ချစ်ပို ကို တက္ကသိုလ် ကျောင်းသူ ၃ ဦးက ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်းသည့် ပုဒ်မ ၃၅၄ ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လာရောက် အမှုဖွင့် သွားကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။ တိုင်တန်းသည့် ကျောင်းသူ အမျိုးသမီး က “သမီးတို့က အမှန်တရားအတိုင်း ဖြစ်ချင်တာပါ။ အမှုဖွင့်တယ်ဆိုတာကလဲ သမီးတယောက်တည်း ကြုံရတယ်လို့ ထင်ထားတာ၊ facebook ပေါ်မှာ သမီးအတွေ့အကြုံကို ရေးလိုက်တော့မှ သမီးတို့လိုပဲ အခြားအမျိုးသမီးတွေလဲ ဒီလို ကြုံဖူးတာ အများကြီးရှိတာ သိလိုက်ရတော့ အရမ်းကို လန့်သွားပြီး တခြား မိန်းကလေးတွေ ထပ်မဖြစ်ရအောင် အခုလို တိုင်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။ မကြာခင် ရက်ပိုင်းအတွင်းက အမျိုးသမီးတချို့သည် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာ အောင်ချစ်ပို ထံတွင် သွားရောက်၍ ဗေဒင်မေးရာတွင် ၎င်းတို့အား ကာယိနြေ္ဒပျက်စီးစေသည့် ထိပါးမှုများ လုပ်ဆောင်ခဲ့ကြောင်း လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်တွင် ဝန်ခံရေးသားခဲ့သည်။ ယင်းသတင်းပျံ့နှံ့သွားပြီးနောက် ထိုဗေဒင်ဆရာ အောင်ချစ်ပိုထံတွင် ယင်းသို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရဖူးကြောင်း အခြား အမျိုးသမီးငယ် အချို့ကလည်း ဖွင့်ပြောလာကြပြီး ထိုသို့ ကြုံတွေ့ခဲ့ရသော အမျိုးသမီးများ စု၍ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ သတင်းများ ပျံ့နှံ့လာပြီးနောက် ဗေဒင်ဆရာ အောင်ချစ်ပို၏ ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဟောခန်းမှာလည်း ပိတ်ထားသည်ကို တွေ့ရပြီး ၎င်းကိုတိုင် ပုံမှန်ဟောကြားနေသော ရုပ်သံ အစီအစဉ်တခုမှလည်း ဟောပြောမှု ရပ်ဆိုင်းထားရကြောင်း ဗေဒင်ဆရာ အောင်ချစ်ပို က ပြောသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဗေဒင်ဆရာ အောင်ချစ်ပိုက “ကျနော့်အနေနဲ့ တရားဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်သွားမည်” ဟု ဧရာဝတီက မေးမြန်စဉ် ဖြေကြားခဲ့သည်။ The post ဗေဒင်ဆရာ အောင်ချစ်ပို ကာယိနြေ္ဒ ပျက်စီးစေရန် ထိပါးမှုဖြင့် အမှုဖွင့်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2rSwtPZ
via IFTTT
Source : http://ift.tt/2rSwtPZ
via IFTTT
The Speaker
ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် သားအရင်းက အမေကို ပြန်သတ် တရားထိုင်နေသည့် သားဖြစ်သူက မိခင်တွင် ပယောဂ ဝင်ပူးနေသည်ဟုဆိုကာ ပုတီးဖြင့် လည်ပင်းကိုပတ်ကာ ထုရိုက်ထိုး ကြိတ် ပယောဂထုတ်ပေးရင်း မိခင်ဖြစ်သူ သေဆုံးမှုတစ်ခု ဇန်နဝါရီ ၂၉ ည ၁ဝ နာရီ ခန့်က လှိုင်မြို့နယ် (၂)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ထွန်းက Speaker သို့ပြောသည်။ အဆိုပါဖြစ်စဉ်တွင် သားဖြစ်သူ ကျော်ရင်(၄၆) နှစ်က မိခင်ဖြစ်သူ ဒေါ်စန်းရီ(၇ဝ) နှစ်အား ဦးခေါင်းကို မျက်နှာသုတ်ပဝါဖြင့် အုပ်ခြင်း၊ ခြေထောက်နှစ်ဖက်အား စောင်ဖြင့်ချီခြင်း၊ လက်နှစ်ဖက်ကို လွယ်အိတ်ကြိုး ဖြင့် တုပ်နှောင်ခြင်း၊ လည်ပင်းအား စိပ်ပုတီးဖြင့် ရစ်ပတ်ချီနှောင်ခြင်းပြုလုပ်၍ သတ်ထားကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ''သေတဲ့သူနဲ့ သတ်တဲ့သူက (၁)ရပ်ကွက်မှာ နေတာ။ မနေ့ ညက ဘယ်လိုဖြစ်တယ် မသိဘူး။ သူရူး ကြောင် မူးကြောင်ဖြစ်လို့ (၁)ရပ်ကွက်က အခြေပြုတို့၊ ရဲတို့နဲ့ ရပ်ကွက်က လူကြီးတွေနဲ့ ရွာသာကြီးကိုပို့မယ်ဆိုပြီး လုပ်တာ ကာယကံ ရှင်တစ်ယောက် လိုက်ရမယ်ခေါ်တော့ သူ့ညီက ကျွန်တော်တို့ရပ်ကွက်ထဲမှာနေ တော့ သူ့ညီကို အကြောင်းကြားတယ်။ သူ့ညီက မပို့ပါနဲ့။ သူ့အစ်ကိုကို သူထိန်းပါမယ်ဆိုပြီး သူ့အိမ်ကိုခေါ်သွားတယ်။ အဲဒီမှာ သူ့အမေ က သူ့သားကို စိတ်မချဘူးဆိုပြီး လိုက်လာ တယ်။ မနက်ကျတော့ သူ့ညီ လင်မယားက ဈေးဆိုင်ထွက်တယ်။ သူ့အစ်ကိုနဲ့ အမေကို တိုက်ခန်းမှာ ထားခဲ့တယ်။ သူတို့က လှိုင်ဈေး ကြီးမှာ ဈေးရောင်းတာ။ အဲဒီအချိန် သူတို့ လမ်းထဲက သူငယ်ချင်းက လှမ်းဖုန်းဆက် တာ။ မင်းအမေက ဘယ်လိုဖြစ်မှန်းမသိဘူး ဆိုပြီး ဆေးရုံက ဆရာမ အရေးပေါ်ခေါ် မယ်ဆိုပြီး ခေါ်တာ။ ဆေးရုံပို့ဖို့လုပ်တော့မှ လည်ပင်းမှာ ဒဏ်ရာတွေ တွေ့တယ်ဆိုတော့ ဒီကောင်လုပ်ထားမှန်း သိတာ။ သူ့လည်းမေး လို့မရဘူး။ အဲဒီလိုဖြစ်တာ''ဟု ကနဦးသိရှိချက်ကို ပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထပ်မံသိရှိ ချက်များနှင့်ပတ်သက်၍ ''အမှန်က (၁)ရပ် ကွက်က လူက (၂)ရပ်ကွက်မှာလာပြီး ဖြစ်တာ။ ဒီလူက အရက်သောက်တာ မဟုတ် ဘူး။ ဆေးကြောင်တာ မဟုတ်ဘူး။ တရား ထိုင်၊ ပုတီးစိပ်တာ။ (၁)ရပ်ကွက်မှာတုန်းက သူ့အပေါ်ထပ်က ဓမ္မတေးဖွင့်ထားတာ အပေါ်တက်သွားတာ အဲဒီမှာ သူ့အမေအရင်းနဲ့ တွေ့တယ်။ အဲဒီမှာ သူ့အစ်မရဲ့မျက်နှာက ကြီးလိုက်၊ သေးလိုက်ဖြစ်နေတယ်။ အဲဒီမှာ သူ့အမေက သူ့ကို လည်ပင်းညှစ် ပါတယ်ဆိုပြီး အော်တယ်။ အဲဒီမှာရပ်ကွက်က လူတွေက ကိုယ့်အမေကိုတောင် လည်ပင်းညှစ်တယ်ဆိုပြီး ရွာသာကြီးပို့မယ်လုပ် တာ၊ မပို့နဲ့ဆိုပြီး သူ့ညီက ခေါ်သွားတာ။ ခေါ်သွားတော့ သူ့ညီဈေးသွားတုန်း သူက တရားထိုင်ပြီး ကျန်ခဲ့တာ။ တရားထိုင်နေရင်း သူ့အမေကိုကြည့်တော့ သူ့အမေမျက်နှာက ကြီးလာလိုက်၊ သေးသွားလိုက် ဖြစ်နေတာ။ အဲဒါ အပမှီတယ်ဆိုပြီး ပုတီးနဲ့ လည်ပင်းကို အပထုတ်တာလား၊ ပယောဂထုတ်တာလား၊ အဲဒီလို မျက်နှာကြီးလိုက်၊ သေးလိုက်ဖြစ် တယ်ဆိုတာကို သူ့ညီကို ပြန်ပြောပြတယ်။ ဘယ်လိုလုပ်တယ်ဆိုတာ ဂဃနဏ မသိဘူး။ အိမ်ပြန်ရောက်တော့ သူ့ညီက အေးဆေး ထိုင်နေတယ်။ အမေ ဘယ်လိုဖြစ်တာလဲ ကြည့်တော့မှ ဆရာမခေါ် ဆေးခန်းပို့ရင်းနဲ့ မှသိတာ''ဟု ဦးဉာဏ်ထွန်းကပြောသည်။ သေးဆုံးသူ ဒေါ်စန်းရီတွင် နဖူးပွန်းဝဲ ဘက်မျက်လုံး ဖူးရောင်ညိုမည်း၊ ယာမျက်လုံး နီရဲ၊ အပေါ်အောက် နှုတ်ခမ်းဖူးရောင်ညို မည်း၊ ပါးစပ်သွေးထွက်၊ လည်ပင်းကြိုးပွန်း ဒဏ်ရာများရရှိသောကြောင့် ရန်ကုန်ဆေးရုံ ကြီး PR 063 ဖြင့် တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်နေပြီး မိခင်ကိုသတ်ခဲ့သူ ကျော်ရင်ကို ရွာသာကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။ ရွှေထီး The Speaker သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၁၁) ဖေဖော်ဝါရီ ၁
Source : http://ift.tt/2BFtFoQ
via IFTTT
Source : http://ift.tt/2BFtFoQ
via IFTTT
စိုးရိမ်ရေမှတ် ရောက်နေသော မြို့ပြ အမျိုးသမီးများ ဘဝလုံခြုံရေး ရန်ကုန်မြို့ကြီးအတွင်း အမျိုးသမီးတဦး တက္ကစီငှားရမ်း စီးခဲ့ရာမှ ယာဉ်မောင်း၏ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း ခံရ သည် ဟူသော သတင်းက မြို့နေလူထုကို အံ့သြတုန်လှုပ်မှု၊ အထူးသဖြင့် အမျိုးသမီး ထုကြီး အတွက် ထိတ်လန့် တုန်လှုပ်မှုကို ဖြစ်သွားစေပါသည်။ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး အလောင်းတလောင်းကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မြောက်ဒဂုံ မြို့နယ်၊ ငမိုးရိပ်ချောင်းဘေး၊ ဖူဆယ် မိုးလုံလေလုံ အားကစားရုံအနီး ချောင်းရေကျော် တံတားအစပ် မန်ကျည်းပင် အောက် တွင် လမ်းသွားလမ်းလာ တဦးက စတင်မြင်တွေ့ခဲ့သည်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၆ နှစ်အရွယ် မရွှေရည်ဝင်း ဆိုသူဖြစ်ပြီး တဦးတည်သော သမီး ဖြစ်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန – FDA (နေပြည်တော်) မှ ဒု ကြီးကြပ်ရေးမှူး တဦး ဖြစ်ကြောင်း သိရသည်။ မရွှေရည်ဝင်းကို သတ်သည့်တရားခံအား ပြစ်မှုကျူးလွန်ပြီး ၄ ရက်အတွင်း အသတ်ခံရသူ၏ ဆမ်ဆောင်းဖုန်း ဆော့ဖ်ဝဲ အသစ် တင်ရာမှတဆင့် ယုဇနပလာဇာတွင် ဖမ်းမိခဲ့သည်။ လူသတ်မုဒိမ်းမှုကို ကျူးလွန်ခဲ့သူသည် အငှားယာဉ်မောင်း အသက် ၂၇ နှစ်အရွယ် မျိုးဇော်ဦး ဆိုသူဖြစ်ပြီး တက္ကစီခ ပိုတောင်းသည့် ကိစ္စဖြင့် စကားများခဲ့ရာမှ လည်ပင်းညှစ်၊ ဝက်အူလှည့်ဖြင့် ထိုးပြီးနောက် သတိမေ့မြောနေသော မရွှေရည်ဝင်းကို အဓမ္မ ပြုကျင့်ခဲ့သည်ဟု ၎င်းက ဝန်ခံ ထွက်ဆိုထားသည်။ အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က “ရက်စက် ထူးခြားသည့် လူသတ်မုဒိမ်းမှု” အဖြစ် သတ်မှတ်ခဲ့သည်။ အကြောင်းအမျိုးမျိုးဖြင့် ရုန်းကန်လှုပ်ရှား သွားလာနေကြရသော မြို့ပြနေ အမျိုးသမီးထုကြီး အတွက် ယခုဖြစ်ရပ်က ထိတ်လန့်တုန်လှုပ် သွားစေရုံသာမက ဘဝလုံခြုံရေး အတွက်လည်း စိုးရိမ်မှုရေချိန် မြင့်တက်သွားစေသည်။ “ဒီသတင်း ဖတ်ပြီးတော့ တခုခုကို ထိတ်လန့်ပြီး အိပ်တောင် မပျော်ဘူး” ဟု အမျိုးသမီး ရုပ်သံ သတင်းထောက် တဦး ဖြစ်သူ မအလှလေးသူဇာ က ပြောသည်။ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ မအလှလေးသူဇာ က တခါတရံ အလုပ်ကိစ္စကြောင့် ရုံးပြန်ချိန် နောက်ကျသည့် ရက်များ တွင် သ့ူရုံးရှိရာ ကမာရွတ်မြို့နယ်မှ နေအိမ်သို့ တက္ကစီငှားပြီး ပြန်နေကျဟု ဆိုသည်။ ရန်ကုန်မြို့ ဒဂုန်စင်တာ ရှေ့တွင် အမျိုးသမီးငယ်များ တက္ကစီကား ငှားနေစဉ် “ကျမက Grab တို့ Ubar တို့လိုဟာတွေ ငှားမစီးဘူး။ ကြာတာလည်းပါတယ်။ ဈေးလည်းများလို့ အပြင်တက္ကစီတွေပဲ ငှားစီးတာ ဆိုတော့ ဒီသတင်းဖတ်ပြီး ပိုကြောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မလုံခြုံသလ ိုပိုခံစားလာရတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။ မအလှလေးသူဇာ ကဲ့သို့ပင် ရန်ကုန်မြို့နေ အမျိုးသမီးများ ကြားတွင် တက္ကစီများနှင့် ပတ်သက်သော လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်စေရုံသာမက မဖြစ်မနေ ငှားရမ်းစီးရမည် ဆိုလျှင်လည်း စိုးထိတ်မှုများကြောင့် တက္ကစီယာဉ် မောင်း များအပေါ် သံသယထားခြင်း၊ အမြင်စောင်းခြင်းများ ဖြစ်လာဖွယ်လည်း ရှိနေပါသည်။ တဖက်တွင်လည်း တက္ကစီမောင်းနှင်ခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုကာ မိသားစု စားဝတ်နေရေး အတွက် ရိုးသား ဖြောင့်မတ်စွာ ရုန်းကန်ရှာဖွေ ပေးနေကြသူများအတွက် ထိခိုက် နစ်နာသွားစေနိုင်ပါသည်။ မြောက်မြားစွာသော တက္ကစီယာဉ်မောင်းများအနက် မည်သူက ရိုးသား ဖြောင့်မတ်သူ ဆိုသည်ကို မြင်ရုံဖြင့် ခွဲခြား သိမြင် နိုင်မည် မဟုတ်ပေ။ ထို့အတွက် တက္ကစီများကို ပိုမိုစနစ်ကျသော နည်းလမ်းများဖြင့် ထိန်းချုပ် စောင့်ကြည့်ခြင်း၊ ယာဉ်မောင်းသူ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက နောက်ကြောင်း ရာဇဝင်များကိုပါ စစ်ဆေးကြပ်မတ်ပြီးမှ မှတ်ပုံတင်ခိုင်းခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးရန် မြို့နေလူထုက ထုတ်ဖော် ပြောဆိုလျက် ရှိကြသည်။ လတ်တလောတွင် တက္ကစီယာဉ်မောင်း အမည်၊ ဖုန်းနံပါတ်၊ ကား အမျိုးအစား၊ ကားနံပါတ် တို့ကို တပါတည်း မှတ်သား ထားနိုင်သော အားသာချက်များ ရှိသည့် Grab ၊ Uber ၊ Oway ကဲ့သို့သော တက္ကစီများကို ဦးစားပေး ရွေးချယ် လာနိုင်သည်။ အဝေးသင်တက္ကသိုလ် တက်ရင်း အလုပ်လုပ် နေသူ မယမင်းသက်ထူးခင် က “တက္ကစီစီးရင် Grab ၊ Oway အများဆုံး စီးဖြစ်တယ်။ သူ့ကုမ္ပဏီနဲ့သူ ဆိုတော့ လက်တား တက္ကစီထက်ပိုပြီး safe ဖြစ်မယ် ထင်လို့။ လက်တားတက္ကစီ ငှားဖြစ် တယ် ဆိုရင်တောင် ကားနံပါတ် မှတ်တယ်။ အိမ်ကို မက်ဆေ့ပို့တယ်။ ဖုန်းဆက်တယ်။ အခုလို သတင်းတွေ မြင်ရ ကြားရတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် မလုံခြုံတော့ဘူး” ဟု ပြောသည်။ တချို့သော တက္ကစီများသည် နံပါတ်အနက်များဖြင့် ပြေးဆွဲနေသည်ကိုလည်း တွေ့ရသဖြင့် တက္ကစီအားလုံးကို စည်းကမ်း တကျဖြင့် Grab ၊ Oway တို့ကဲ့သို့ စနစ်တကျ ကြပ်မတ် လိုက်မည်ဆိုပါက ပိုမိုလုံခြုံ စိတ်ချရမည်ဟု ၎င်းက ဆိုသည်။ “FDA ကောင်မလေး ဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းကြားကြားချင်း စိတ်မကောင်းဘူး။ တဖြည်းဖြည်းနဲ့ ရန်ကုန်မြို့ ကြီးဟာ အရမ်းကို မလုံခြုံတော့ဘူး။ အန္တရာယ် များလာတယ်။ ဘယ်နေရာကိုပဲ သွားသွား။ တက္ကစီမှတင် မဟုတ်တော့ဘူး။ ဘတ်စ်ကား စီးတာပဲဖြစ်ဖြစ်။ လမ်းသွားလာရင်းပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ ကျဉ်းကျပ်မှု ဖြစ်လာတယ်” ဟုလည်း မယမင်းသက်ထူး ခင်က ပြောသည်။ ရန်ကုန်မြို့ကြီးတွင် မရွှေရည်ဝင်း ကဲ့သို့ အမှုဖြစ်စဉ်များသာမက နေ့ခင်းကြောင်တောင် လူစည်ကားရာ နေရာများ၊ နေအိမ် တိုက်ခန်းများ အတွင်းတွင်ပင် လူသတ်လုယက်သော မှုခင်းများ ပေါ်ပေါက်နေပေရာ ရန်ကုန်မြို့တခုလုံး၏ လုံခြုံရေး သည် အလွန်ပင် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေသည်။ ၂၀၁၇ အတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သော မုဒိမ်းမှု ၂၇၀ ၊ လူသတ်မှု ၁၅၆ မှုကို ကြည့်ခြင်း အားဖြင့် ရာဇဝတ်မှု ထူပြောနေပြီး လုံခြုံမှုအတွက် မည်မျှ စိုးရိမ်စရာ ကောင်းနေသည်ကို တွက်ဆနိုင်ပေသည်။ ကျူးလွန်သူများသည် အကြမ်းဖက်လုပ်ရပ်များ၊ သတ်ဖြတ်မှုများကို အကြောက်အလန့်မရှိ အတင့်ရဲစွာ ကျူးလွန်နေကြ ခြင်းသည် ပြည်သူတို့၏ဘဝ လုံခြုံရေးကို ထိပါးရုံသာမက တရားဥပဒေ စိုးမိုးရေးကိုပါ ခြိမ်းခြောက် စိန်ခေါ်နေခြင်းပင် ဖြစ်ပါသည်။ ပြည်သူလူထု၏ လုံခြုံရေးကို အဓိက တာဝန်ယူပေးရသော ပြည်သူ့ရဲတပ်ဖွဲ့ အနေဖြင့် စီမံချက်များ ချမှတ်ကာ ရာဇဝတ်မှုများ လျော့နည်းစေရန် ဆောင်ရွက်လျက် ရှိသော်လည်း အများပြည်သူတို့၏ စိုးရိမ် ထိတ်လန့်မှုများကို အပြည့်အဝ ဖြေဖျောက် ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ထို့အတွက် ရဲတပ်ဖွဲ့ အရည်အချင်း၊ အင်အား၊ အဆောင်အယောင်၊ လက်နက်ကိရိယာ များကို အင်အားတိုးမြှင့် ပေးခြင်းနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူလူထုကို မှုခင်း အသိပညာပေးမှုများ ယခုထက် ပိုမို အရှိန်မြှင့်တင် ဆောင်ရွက်ပေးရန်လည်း လိုအပ်နေ သေးသည်။ “ရဲတပ်ဖွဲ့အင်အားနဲ့ ကာကွယ် စောင့်ရှောက်ရတဲ့ လူဦးရေ အနေအထား အချိုးအစား အရမ်းများလို့ အခက်အခဲဖြစ် တယ်။ ကျနော် လက်ခံတယ်။ ဒါပေမယ့် လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုတယ်။ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အပြင် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလည်း လိုအပ်တယ်။ တိုင်ကြားလာမှ လိုက်လံ ဖော် ထုတ် ဖြေရှင်းမယ့်အစား ကြိုတင် ကာကွယ်နိုင်ဖို့ တာဝန်ရှိပါလား ဆိုတဲ့ အသိရှိရမယ်” ဟု ညီမျှခြင်းမြန်မာ ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုသည်။ တရားဥပဒေ စိုးမိုးမှုအပိုင်းတွင် တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်သကဲ့သို့ ပြစ်မှု ကျူးလွန် သူတိုင်း ကိုလည်း အယုတ်အလတ် အမြတ်မရွေး ထိရောက်ပြစ်ဒဏ်များ ချမှတ်ပေးရန်၊ သတင်း အချက်အလက် များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန်လည်း ပြည်သူလူထုကြား တောင်းဆိုမှုများလည်း ရှိနေသည်။ ယခုဆိုလျှင် သက်ငယ်မုဒိမ်းမှု အပါအဝင် လူမဆန်စွာ မုဒိမ်းကျင့် သတ်ဖြတ်မှု ကျူးလွန်သည့် မုဒိမ်းကောင်များကို အမှန်တကယ် သေဒဏ် ချမှတ်ပေးရန်အထိ တောင်းဆိုမှုများပင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။ “လတ်တလောအခြေအနေအရ မြန်မာနိုင်ငံမှာ သေဒဏ်ကို မစီရင်လို့ မဖြစ်တော့ဘူး။ ဘာကြောင့်ဆို မုဒိမ်းမှုတွေဟာ အလွန် များပြားလာသလို အမျိုးသမီးငယ်တွေရဲ့ဘဝ လံုံခြုံမှုဟာလည်း တော်တော်လေး အားနည်းနေတယ်” ဟု ရှေ့နေ တဦး ဖြစ်သူ ဦးရောဘတ်ဆန်းအောင်က ပြောသည်။ အန္တရာယ်ဟူသည် မည်သည့်အချိန် မည်သည့်နေရာမှ မည်သို့သော ပုံစံမျိုးဖြင့် ရောက်လာမည်ကို ကြိုတင် မသိရှိနိုင် သောကြောင့် အထူးသဖြင့် အမျိုးသမီးများ အနေဖြင့် မိမိလုံခြုံရေး အတွက် ကိုယ်တိုင်က ကြိုတင် ပြင်ဆင်ထားမှသာ တော်ကာ ကျပေမည်။ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် မိမိပတ်ဝန်းကျင်ကို အမြဲသတိရှိနေပြီး အမြဲလေ့လာနေရန်၊ တစုံတခု ဖြစ်လာလျှင် တုံ့ပြန်မှု လက်မနှေးရန်၊ သွားလာရင်း အရေးကြုံလာလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အသုံးဝင်သည့် ဖုန်း၊ သော့၊ စာအုပ် စသဖြင့် တခုခုကို လက်ထဲတွင် အမြဲဆောင်ထားရန် မြန်မာအမျိုးသမီး ကိုယ်လုံပညာ သင်တန်းမှ တာဝန်ရှိသူများက အကြံပြုသည်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း ပြဿနာဖြစ်လျှင် ကြောက်လန့်ပြီး ပြာယာခတ်နေ၍ မရဘဲ အတတ်နိုင်ဆုံး ခေါင်း အေးအေး စိတ်အေးအေး ထားပြီး လက်ရှိအခြေအနေ အခက်အခဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစားရန် လည်း လိုအပ်ပေသည်။ မရွှေရည်ဝင်း ဖြစ်စဉ်သည် လူအများကြား အုတ်အော်သောင်းတင်း ဖြစ်သွားသောကြောင့် အမှန်တရားကို အချိန်နှင့် တပြေးညီ ဖော်ထုတ်နိုင်ပြီး တရားမျှတမှု အတွက် ဆက်လက်တောင်းဆိုနိုင်ပြီ ဖြစ်သော်လည်း လူမသိသူမသိဖြင့် ပျောက်ကွယ် သွားရသည့် အမှုအရေအတွက် မည်မျှရှိနေသလဲ ဆိုသည်ကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။ ဘတ်စ်ကား စီးရင်းဖြစ်စေ၊ လမ်းသွားလာရင်းဖြစ်စေ၊ လုပ်ငန်းခွင် အတွင်းဖြစ်စေ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ စော်ကား မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစားနေကြရသော အမျိုးသမီးများ၏ ဘဝလုံခြုံမှုအတွက် ကာကွယ်ပေးရန် လိုအပ်သကဲ့သို့ တဖက်တွင်လည်း ထိရောက် ဟန့်တားသည့် အရေးယူ ဆောင်ရွက်မှုများဖြင့် တရားမျှတမှု ဖော်ဆောင် ပေးရန် အရေးတကြီး လိုအပ်နေပေသည်။ “ထိရောက် ဟန့်တားတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လိုနေပြီ။ မဟုတ်ရင် လူ့အဖွဲ့အစည်းကြီးဟာ တော်တော်လေးကို အမျိုးသမီးတွေ အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု ဦးရောဘတ်ဆန်းအောင်က ပြောဆို ပါသည်။ ။ The post စိုးရိမ်ရေမှတ် ရောက်နေသော မြို့ပြ အမျိုးသမီးများ ဘဝလုံခြုံရေး appeared first on ဧရာဝတီ.
Source : http://ift.tt/2DWV5ft
via IFTTT
Source : http://ift.tt/2DWV5ft
via IFTTT
ရုရှားလက်နက် ဝယ်သော်လည်း ပေါက်ဖော်ရဲ့ သြဇာက ကြီးမားနေဆဲ တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများနှင့် ဂျက်တိုက်လေယာဉ်များ၏ အရည်အသွေးအပေါ် စိတ်ကျေနပ်မှုမရှိကြောင်း မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများက ဖုံးကွယ်မထားခဲ့ကြပါ။ သို့သော်လည်း ရခိုင်ပြည်နယ်မှ ပဋိပက္ခနှင့် ပတ်သက်၍ မြန်မာနိုင်ငံက နိုင်ငံတကာ၏ ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ကမ္ဘာ့အလည်တွင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုကြီးမားလာပြီး သြဇာတက်နေသော အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အဓိက အရေးပါသူ တဦး အနေဖြင့် ဆက်လက်ရှိနေသည်ကို သူတို့ သိကြပါသည်။ မြန်မာနိုင်ငံက သံတမန်ရေးရာ အကာအကွယ်ရရှိရေး တရုတ်နှင့် အိန္ဒိယ ကဲ့သို့သော အိမ်နီးချင်း အင်အားကြီး နိုင်ငံများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ရုရှားတို့ကို ဦးတည်၍ ပိုမို ဟန်ချက်ညီမျှသည့် သံတမန်ရေးရာ ချဉ်းကပ်မှုတခုကို ရှာဖွေလိမ့်မည် ဖြစ်သည်။ အချို့က ငြင်းဆန်နေကြဆဲ ဖြစ်သော်လည်း ထိပ်တန်း တာဝန်ရှိသူများနှင့် ဗိုလ်ချုပ်ကြီးများက ရခိုင်ပြည်နယ်မှ ပဋိပက္ခနှင့် နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှု ဖြစ်လာနိုင်သည့် အခြေအနေအပေါ် စိုးရိမ် သံသယများ တိုးလာနေကြသည်။ မြန်မာနိုင်ငံသည် အနောက်တိုင်း ဖိအားနှင့် ကုလသမဂ္ဂ ဝင်ရောက်စွက်ဖက်မှုအပေါ် အမြဲမပြတ် ပူပင်နေတတ်ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ အုပ်စိုးသော နေ့ရက်များသို့ ပြန်ရောက်သွားသလို ဖြစ်နေသည်။ ရုရှား ကာကွယ်ရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် မြန်မာ့တပ်မတော်သို့ SU-30 အမျိုးအစား ဂျက် တိုက်လေယာဉ် ၆ စီး ရောင်းချပေးရန် ရုရှားနိုင်ငံက သဘောတူညီခဲ့ကြောင်း သတင်းမီဒီယာများတွင် ပြီးခဲ့သည့် အပတ်က ဖော်ပြခဲ့ကြသည်။ “ဒီလေယာဉ်ပျံတွေက တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေတွေကို ကာကွယ်ရေးနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု မှန်သမျှကို ဆန့် ကျင်တိုက်ခိုက်ရေးမှာ မြန်မာ့လေတပ်အတွက် အဓိကကျတဲ့ တိုက်လေယာဉ်တွေ ဖြစ်လာပါလိမ့်မယ်” ဟု ရုရှားနိုင်ငံ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇန်းဒြားဖိုမင် Alexander Fomin က ပြောကြေားခဲ့ကြောင်း ရုရှား သတင်းဌာနတခု ဖြစ်သည့် TASS တွင် ဖော်ပြထားသည်။ SU-30 သည် အင်ဂျင် ၂ လုံးတပ်ဖြစ်ပြီး ရုရှားနိုင်ငံမှ Sukhoi Aviation Corporation က ထုတ်လုပ်သည့် ၂ ယောက်စီး ဘက်စုံသုံး ဂျက်တိုက်လေယာဉ်ဖြစ်သည်။ ဆီးရီးယားနိုင်ငံမှ စစ်ပွဲများသို့ ရုရှားက စစ်ရေးအရ ဝင်ရောက် စွက်ဖက်စဉ်အတွင်း အသုံးပြုခဲ့သည်။ ဒေသတွင်းတွင် အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တို့ကလည်း ရုရှားနိုင်ငံမှ SU-30 ဂျက်တိုက်လေယာဉ် များ ဝယ်ယူခဲ့ကြသည်။ မြန်မာ့ လေတပ်က MIG-29s တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး အိုမင်းနေပြီ ဖြစ်သော F-6s၊ F-7s နှင့် A-5s လေယာဉ်များက မကြာမီ အစားထိုးရန် လိုအပ်နေသည်။ ခေတ်မမီတော့သော ဂျက်တိုက်လေယာဉ်များကို အစားထိုးရန် အတွက် မြန်မာနိုင်ငံက JF-17s လေယာဉ်များကို ဝယ်ယူခဲ့ပြီး ၎င်းလေယာဉ် တတိယမျိုးဆက် မော်ဒယ်ကို လိုင်စင်ယူ၍ တည်ဆောက်ရန် ပါကစ္စတန် နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှု များ ပြုလုပ်နေသည်။ JF-17 ကို Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံမှ Chengdu Aerospace Corporation တို့ ပူးတွဲ ထုတ်လုပ်ခြင်း ဖြစ်သည်။ အဆိုပါ ဂျက်တိုက်လေယာဉ်များသည် လေယာဉ်ချင်း တိုက်ခိုက်ရသည့် တိုက်ပွဲများတွင် အသုံးပြုနိုင်သလို ဗုံးကျဲခြင်းနှင့် ပစ်မှတ်ကို တိကျသေချာအောင် ထိန်းကျောင်း တိုက်ခိုက်နိုင်ခြင်းများ လည်း ပြုလုပ်နိုင်သဖြင့် ဝေဟင်မှ မြေပြင်သို့ တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မကြာခဏ လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် မြန်မာနိုုင်ငံအတွက် သင့်တော်သော ဂျက်လေယာဉ် များဖြစ်သည်။ မြန်မာ့လေတပ်ကို ဝေဟင်မှ ဝေဟင် တိုက်ခိုက်မှုများနှင့် ဝေဟင်မှ မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် အင်ဂျင် ၂ လုံးတပ် SU-30 ဂျက်တိုက်လေယာဉ်များ တပ်ဆင်ခြင်းက မြန်မာနိုင်သည် ၎င်း၏ ပိုင်နက်ကို ကာကွယ်ရန်နှင့် ပြည်ပ ခြိမ်း ခြောက်မှုများအတွက် ပြင်ဆင်ရန် ကြိုးစားနေကြောင်းကို ဖော်ပြနေသည်။ တိုက်လေယာဉ်များ၏ ဈေးနှုန်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာမှု မရှိသေးပါ။ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယုံကြည်ထားသည်။ ပိုကြီးလာတဲ့ စစ်အသုံးစရိတ် မြန်မာ့တပ်မတော်က ခေတ်မီ တပ်မတော်တခု တည်ထောင်ရန် ဆန္ဒရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက ၆ လကြာ ကာလအတွက် ဘတ်ဂျက် ကျပ်ငွေ ၁.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီ ယံ) တောင်းခံခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ သာမာန်ရငွေ ကျပ်ငွေ ၃၁.၇၆၁ ဘီလီယံ ၊ သာမာန် အသုံးစရိတ် ၇၂၃.၁၀၇ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၆၁၁.၀၈၇ ဘီလီယံ၊ ရငွေ စုစုပေါင်း ၃၁.၇၆၁ ဘီလီယံနှင့် သုံးငွေ စုစုပေါင်း ၁၃၃၁.၁၉၄ ဘီလီယံ ရှိမည်ဟု မျှော်လင့်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ပြီးခဲ့သည့် အပတ်အတွင်းက တင်ပြခဲ့သည်။ ဗိုလ်ချုပ်မြင့်နွယ်က “အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး တာဝန် ထမ်းဆောင်နိုင်ရန် ရေးဆွဲ ထားသော လူ၊ လက်နက်၊ ပစ္စည်း ဖွဲ့စည်းပုံ၊ ပင်မ စီမံကိန်းကို နှစ်အလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု သူက ပြောသည်။ အဆိုပါ ဘတ်ဂျက်ကို အတည်ပြုဖွယ် ရှိပါသည်။ ကာကွယ်ရေး ဘတ်ဂျက်ကို မည်သည့်အခါတွင်မျှ ဖြတ်တောက်ခြင်း မခံခဲ့ရပါ။ တိုးလာခြင်းသာ ရှိပါသည်။ ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းခံလာသော ဘတ်ဂျက်သည် ဘတ်ဂျက် စုစုပေါင်း၏ ၁၂.၅၆ ရာခိုင်နှုန်းရှိရာ ပညာရေး ဝန်ကြီးဌာနက ရရှိသည့် ၇.၅၆ ရာခိုင်နှုန်း၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ရရှိသည့် ၃.၉၃ ရာခိုင်နှုန်း တို့၏ စုစုပေါင်း ၁၁.၄၉ရာခိုင်နှုန်းထက် ပိုများ နေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ မြန်မာနိုင်ငံ၏ လေတပ်နှင့် ရေတပ်တို့ကို တိုးချဲ့ခြင်းအားဖြင့် ပြည်ပခြိမ်းခြောက်မှုများနှင့် ဖြစ်လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို တားဆီးရန် ဗိုလ်ချုပ်ကြီးများက မျှော်လင့်နေကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဧည့်သည် ရုရှားကာကွယ်ရေး ဝန်ကြီးတို့က စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။ ရခိုင်ပြည်နယ်မှ စစ်သွေးကြွတိုက်ခိုက်မှုများကို မြန်မာနိုင်ငံ၏ ကိုင်တွယ်ပုံကို ကုလသမဂ္ဂနှင့် အမေရိကန် အပါအဝင် နိုင်ငံတကာမှ အများစုက ပြင်းထန်စွာ ဝေဖန်ခြင်းခံခဲ့ရချိန်တွင် ရုရှားနိုင်ငံ၏ ရပ်တည်မှုအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးစကားပြောကြားခဲ့သည်။ တိုက်ခိုက်မှုများသည် နိုင်ငံရေး ဆက်သွယ်မှုများ ရှိမည်ဟု ယူဆရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်မှ စ၍ ရုရှားနှင့် မြန်မာ အစိုးရကြား စစ်ရေးအရ ဆက်ဆံမှုများ ပိုမို ခိုင်မာ အားကောင်းလာခဲ့ ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ စစ်ဘက်က အုပ်ချုပ်ခဲ့သော ယခင် ဆယ်စုနှစ်များနှင့် အနောက်တိုင်းက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် အချိန်တွင် မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အပေါ်တွင် ကြီးစွာ မှီခိုခဲ့ရသည်။ သို့သော်လည်း တရုတ်လက်နက်များ၏ အရည်အသွေး အပေါ် ဗိုလ်ချုပ်ကြီးများက စောဒကတက်မှုများ ပြုလာသည်နှင့် အမျှ တဖြည်းဖြည်း နောက်သို့ ပြန်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံက ပိုမို၍ အဆင့်မြင့်သည့် လက်နက်များနှင့် လေ့ကျင့်မှုများအတွက် ရှာဖွေခြင်းကို နေရာစုံအောင် စတင်ပြုလုပ်လာချိန်တွင် ရုရှား အစိုးရကလည်း ကူညီရန် အသင့်ဖြစ်နေခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များက စတင်၍ ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်ရန် ရာနှင့်ချီသော မြန်မာ အရာရှိများကို စေလွှတ်ခဲ့သည်။ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ရုရှား ကာကွယ်ရေး ဝန်ကြီး၏ ခရီးစဉ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇန်းဒြားဖိုမင်က လက်ရှိ အချိန်၌ ရုရှားနိုင်ငံရှိ အဆင့်မြင့် စစ်ပညာကျောင်းများတွင် တက်ရောက်နေသော မြန်မာ စစ်ဘက် အရာရှိ ၆၀၀ ကျော် ရှိသည်ဟု ပြောကြားခဲ့သည်။ ဇွန်လ ၅ ရက်နေ့က အစိုးရပိုင် မြန်မာ့အလင်း သတင်းစာနှင့် ပြုလုပ်သော အင်တာဗျူးတခုတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး နီကိုလေ လိစတိုပါဒေါ့ဗ် Nikolay Listopadov က ထင်ရှားသော ရုရှား တက္ကသိုလ်များမှ ဘွဲ့ရခဲ့သော မြန်မာတပ်မတော်မှ ကျောင်းသား ၆၀၀၀ ခန့် ရှိပြီး အချို့မှာ မဟာဘွဲ့များ နှင့် ပါရဂူဘွဲ့များ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ပေါက်ဖော်ကတော့ အကိုကြီးပါပဲ မြန်မာ ဗိုလ်ချုပ်ကြီးများသည် တရုတ်စစ်လက်နက် ပစ္စည်းများ၏ အရည်အသွေးနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ အင်အားကြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို တရုတ်နိုင်ငံက ထောက်ခံနေခြင်းတို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ပြဿနာများ ရှိခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စကဲ့သို့သော အဓိက အကျပ်အတည်းများတွင် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရသည့်အခါ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်ကြီးများသည် တရုတ်နိုင်ငံ၏ သံတမန်ရေးအရ ကျောထောက်နောက်ခံပေးမှုကို ရှာဖွေကြ ရသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီရန် ကတိပြုခဲ့သည်။ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် တဦးဖြစ်သည့် ဆွန်ကော့ရှန် Sun Guoxiang က မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားအဖွဲ့အစည်း အများအပြားမှ အဖွဲ့ဝင်များ နေပြည်တော်သို့ သွားရောက်၍ အစိုးရက စီစဉ်သည့် ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ရေးအတွက် ခရီးစဉ်တခုကို ကူညီ ညှိနှိုင်းပေးခဲ့သည်။ နိုဝင်ဘာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဘေဂျင်းသို့ သီးခြားစီ သွားရောက်ခဲ့ကြသည်။ သို့သော်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ Wang Yi က မြန်မာနိုင်ငံသို့ အရင်လာရောက်ခြင်း ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက် ပြီးစီး၍ များမကြာမီမှာပင် ယခုကဲ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပါးနပ်လိမ္မာသော လှုပ်ရှားမှု တခုဖြစ်ပါသည်။ အနောက်တိုင်း အစိုးရများက ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပေါ် ဖိအားများပေးနေချိန်တွင် တရုတ်နိုင်ငံက ၎င်း၏ စည်းလုံးမှုကို ပြခဲ့သည်။ ကာလရှည်ကြာစွာ မိတ်ဆွေအဖြစ် ဆက်ဆံရေးနှင့် ဗျူဟာမြောက် မိတ်ဖက်ဖြစ်ခြင်းတို့ကို ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး လာရောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းသို့ သွားခဲ့သည်။ ထို့ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ခဲ့သည်။ သူတို့ ၂ ယောက် သိပ် အဆင်မပြေကြသည်မှာ အများသိကြသည့် အချက်ဖြစ်သည်။ ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အနောက်တိုင်းမှ မဟာမိတ်များနှင့် အလှမ်းဝေးနေချိန်တွင် တရုတ်နိုင်ငံက ၎င်း၏ ထောက်ခံမှုကို သေချာ စေရန်နှင့် ရခိုင်ပြည်နယ် အခြေအနေကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ ဦး လုံးကို ဘေဂျင်းသို့ ဖိတ်ခေါ်ရန် ဗျူဟာမြောက် ဆုံးဖြတ်ချက်တခုကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု သံတမန် သတင်း ရင်းမြစ်များက ယုံကြည်ထားသည်။ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး အတွက် တရုတ် အစိုးရက အဆင့် ၃ ဆင့်ပါ ဗျူဟာတခုကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ အဆိုပြုခဲ့သည်။ အပစ်အခတ်ရပ်စဲရေး နှင့် တည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးကို သေချာစေရန်၊ (ဒုက္ခသည်များ) ပြန်လည် ပို့ဆောင်ရေးအတွက် အလုပ်ဖြစ်မည့် အခြေအနေတခုကို ဖန်တီးရေး ၂ နိုင်ငံကြားတွင် ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ရေရှည်ခိုင်မြဲသော အဖြေတခု ရရှိရေးအတွက် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး ဆောင်ရွက်ရန် တို့ ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် Xi Jinping က ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့သည်။ ရိုဟင်ဂျာ ပြဿနာအပေါ် နိုင်ငံတကာ၏ ဝေဖန်မှု၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံက အသစ် အဆိုပြုထားသည့် မြန်မာနိုင်ငံမှ စီးပွားရေး စင်္ကြန် တခုအပါအဝင် အကြောင်းအရာ အများအပြားကို သူတို့ ဆွေးနွေးခဲ့ကြသည်။ တရုတ်အစိုးရက ၎င်းတို့၏ ထောက်ခံမှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား အခိုင်အမာ ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မှ ပြဿနာများအပေါ် ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့မည်ဟု ယုံကြည်ရပါသည်။ တရုတ်နိုင်ငံ ခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည်က သူ၏ အစိုးရမှ အကြီးတန်း အဖွဲ့ဝင်များနှင့် ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်းအချို့ကို တရုတ်နိုင်ငံ၏ အဆိုပြုချက်နှင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းတွင် မြန်မာနှင့် တရုတ်စစ်ဖက် ခေါင်းဆောင်များက ၂ နိုင်ငံ တပ်ဖွဲ့များကြားတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ ဝင်တဦး ဖြစ်သည့် လီကျူချန်း Li Zuocheng က “ ရှုပ်ထွေးပြီး ပြောင်းလဲနိုင်တဲ့ ဒေသတွင်း လုံခြုံရေး အခြေအနေတခု ရှိပေမယ့် တရုတ်နိုင်ငံက ၂ နိုင်ငံ တပ်မတော်များကြားက ဗျူဟာမြောက် ဆက်သွယ်မှုကို ထိန်းသိမ်းဖို့ ဆန္ဒ ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ၂ နိုင်ငံ တပ်မတော်များကြားတွင် ကျယ်ပြန့်သော ဆက်သွယ်မှုများ၊ ပိုမိုနက်နဲသည့် လေ့ကျင့်ရေးများနှင့် နည်းပညာဖလှယ်မှုများ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို သေချာစေရန် ၂ နိုင်ငံ နယ်စပ်တလျှောက်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ပြုလုပ်ရန် ဆန္ဒ ရှိနေသည်ဟု လီကျူချန်းက ပြောသည်။ မြန်မာနိုင်ငံက အနောက်တိုင်း အစိုးရများနှင့် ပျားရည်ဆမ်းကာလ ပြီးဆုံးလုဖြစ်လာပြီး ယခုအခါ ၎င်း၏ မဟာမိတ်ဟောင်းများနှင့် နီးရာဆီသို့ ပြန်လည်ရွေ့လျားသွားခြင်းကို လတ်တလော သမိုင်းတွင် ထပ်၍ တခါမြင်ရခြင်းက အဆီအငေါ် မတည့်လှပါ။ မြန်မာနိုင်ငံက တရုတ်နိုင်ငံထံမှ သံတမန်ရေးရာ အကာအကွယ်ကို ပို၍ ရှာဖွေပါလိမ့်မည်။ သို့သော်လည်း ပိုမို၍ ခေတ်မီ သော လက်နက်များကို အခြားနေရာများမှ ဝယ်ယူခြင်း အားဖြင့် နယ်ပယ်ကျယ်ပြန့်အောင် ဆက်လုပ်သွားမည်ဆိုသည်မှာ သံသယရှိရန် လိုမည် မဟုတ်ပါ။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Aung Zaw ၏ Myanmar Seeks Advanced Weapons from Russia, but China Remains the Key Player ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။) The post ရုရှားလက်နက် ဝယ်သော်လည်း ပေါက်ဖော်ရဲ့ သြဇာက ကြီးမားနေဆဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2nnbKPK
via IFTTT
Source : http://ift.tt/2nnbKPK
via IFTTT
ဧရာဝတီ မြစ်ဝကျွန်းပေါ်၌ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဒီရေတော စီမံကိန်းများ စတင်ပြုလုပ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာတချို့၌ ဒီရေတောများ ပြန်လည် တည်ထောင်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ မြှင့်တင်ရန် အတွက် စီမံကိန်းတခုကို ယခုလမှ စတင်၍ အကောင် အထည်ဖော်နေပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံ သစ်တော ဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က “ဒီစီမံကိန်း အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဟာ ဒီရေတောတွေကို ရေရှည်တည့်တံ့စွာ စီမံအုပ်ချုပ်ခြင်း အားဖြင့် ကမ်းရိုးတန်း ဂေဟစနစ်နဲ့ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲမှု ဒဏ်များအပေါ် ခံနိုင်ရည်စွမ်း မြှင့်တင်ခြင်းတို့ အတွက် အထောက်အကူ ဖြစ်ပြီး ဒေသခံများရဲ့ အသက်ရှင်နေထိုင်မှု အခြေအနေများ တိုးတက် ကောင်းမွန်လာမယ်” ဟု ပြော သည်။ အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ သစ်တောဦးစီးဌာန၊ သြစတြေးလျ နိုင်ငံ Queensland တက္ကသိုလ်(UQ) နှင့် ထာဝစဉ် တည်တံ့သော သစ်တော စီမံအုပ်ချုပ်မှုနှင့် ပြန်လည် တည်ထောင်ခြင်း ဆိုင်ရာ အာရှ-ပစိဖိတ် ကွန်ရက် (APFNet) တို့ ပူးပေါင်းပြီး ယခုနှစ်မှ စတင်ကာ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ပျဉ်ဒရယ် ဒီရေတောကြိုးဝိုင်း အတွင်း၌ ၃ နှစ်တာ ကာလဖြင့် အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။ စီမံကိန်း ရန်ပုံငွေကို APFNet နှင့် UQ တို့မှ အမေရိကန် ဒေါ်လာ ၅ သိန်းကျော် ထောက်ပံ့သွားမည်ဖြစ်ပြီး ကနဦး အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ယခုလထဲ၌ပင် ပြုလုပ်ခဲ့သည်။ သြစတြေးလျနိုင်ငံ Queensland တက္ကသိုလ်(UQ)မှ ပေါမောက္ခများ ပါဝင်မည်ဖြစ်သည့် အတွက် သုတေသန လုပ်ငန်း များကို အခြေခံကာ လုပ်ဆောင်သွားမည် ဖြစ်ကာ ဒေသခံ တောင်သူ လယ်သမားများကိုလည်း စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောဦးစီးဌာန ရေဝေရေလဲဒေသ အုပ်ချုပ်ရေး ဌာနမှ တာဝန်ရှိသူတဦး က ဧရာဝတီသို့ ပြောသည်။ “အဓိကက သုတေသန လုပ်ငန်းတွေကို စမ်းသပ်တဲ့ လုပ်ကွက်တွေ လုပ်မှာပါ။ စွန့်ပစ် ပုစွန်ကန်တွေ ရှိတယ်။ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတွေ ရှိတယ်။ သူတို့အတွက် စားဝတ်နေရေးတွေ ဘယ်လို တဖက်တလမ်းကနေ အဆင်ပြေ အောင် လုပ်ပေးနိုင်မလဲ အဲဒါတွေ ပါပါတယ်။ နောက် စွန့်ပစ်ထားတဲ့ ပုစွန်ကန်တွေကိုု ဘယ်လိုပြန်ပြီးတော့ အောင်မြင် အောင် လုပ်နိုင်မလဲ ဆိုတဲ့ သုတေသနတွေ ပါပါတယ်။ ကဏန်း မွေးမြူရေး သင်တန်းတွေပေးမယ်၊ နောက် စွမ်းဆောင် ရည်မြှင့် တင်ရေး လုပ်ငန်းတွေပါပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ဒီရေတော ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ယခုစီမံကိန်းကိုု ပြုလုပ်ရခြင်းဖြစ် ကြောင်း ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာနမှ သိရသည်။ ယင်း စီမံကိန်းလုပ်ငန်းများကို ဒေသခံ တောင်သူ လယ်သမား အများစုက အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ စီမံကိန်းများ ပြုလုပ်ခြင်းသည် ဒေသခံ တောင်သူလယ်သမားများ အတွက် အထောက်အကူ ဖြစ်နိုင် ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။ ဦးကျော်မြင့်က “ဒီရေတောကတော့ အခု ပြန်စိုက်နေပါတယ်။ သစ်တော ဦးစီးဌာန စီမံခန့်ခွဲမှုနဲ့ပဲ။ ဒီရေတောတွေ ပြုန်းတီး နေတာကတော့ အမှန်ပါပဲ။ ကမ္ဘာပေါ်မှာ သစ်တော အပြုန်းတီးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပါတယ် ဆိုတာ စာရင်းဇယားတွေလည်း ပေါ်ထွက်နေတာပဲ။ သုတေသန လုပ်ငန်းမျိုး လုပ်မယ်ဆိုရင်တော့ ဒီရေတောကို လည်း ထိန်းသိမ်းရမယ်။ နောက် ဒီရေတောကို အမှီပြုပြီးတော့ ထွက်တဲ့ ထွက်ကုန်တွေကိုလည်း တိုးမြှင့်အောင် လုပ်ရ မယ်။ ဒီလိုမျိုး သုတေသန ဆိုတာကတော့ ဒီနိုင်ငံမှာကတော့ လုပ်ဖို့က အများကြီးခဲယဉ်းတယ်။ သုတေသနက စရိတ် စက ကလည်း ကြီးတာကိုး”ဟုလည်း ပြောဆိုသည်။ လက်ရှိ၌ မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒီရေတော ဧရိယာမှာ ၁ ဒသမ ၂သန်းကျော် ဧက ရှိကြောင်း မြန်မာနိုင်ငံ သစ်တော ဦးစီးဌာနမှ သိရသည်။ The post ဧရာဝတီ မြစ်ဝကျွန်းပေါ်၌ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဒီရေတော စီမံကိန်းများ စတင်ပြုလုပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2DOlVCS
via IFTTT
Source : http://ift.tt/2DOlVCS
via IFTTT
ဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်သလား အရင်တုန်းက တက္ကဆီနဲ့ပဲ အိမ်ပြန်လေ့ ရှိပေမယ့် ဒီရက်ပိုင်းမှာ ဘတ်စကားနဲ့ပဲ အိမ်ပြန်မယ် လို့ မတင်ဇာညိမ်း ဆုံးဖြတ်ထားပါတယ်။ မကြာသေးမီကပဲ တက္ကဆီငှားစီးတဲ့ မိန်းကလေးတယောက် မတရားပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတဲ့ အဖြစ်ဟာ သူမ အပါအဝင် မိန်းကလေးတွေကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ မတင်ဇာညိမ်းက ပုဂ္ဂလိက ကုမ္ပဏီတခုမှာ စာရင်းကိုင်လုပ်ရတာကြောင့် ရုံးနဲ့ အိမ်သွားရင် မြန်မြန်ပြန် ရောက်အောင် တက္ကဆီ ငှားလေ့ရှိပါတယ်။ ရုံးက ရန်ကုန်မြို့ထဲမှာ သူမနေတာက သင်္ကန်းကျွန်းစံပြဈေးအနီးမှာ ဖြစ်ပါတယ်။ “ညီမ မိဘတွေက အခုဆို တတွတ်တွတ်မှာတယ်၊ သမီး ဘတ်စ်ကားပဲ စီးနော်၊ တက္ကဆီမငှားနဲ့တဲ့။ အရင်ကတော့ ဘတ်စ်ကားက မနက်ရုံးသွားရင်လည်းကျပ်၊ ရုံးပြန်ရင်လည်း ကျပ် ဖြစ်နေလို့ပေါ့။ ဒါပေမယ့် အခုတော့ ဘတ်စ်ကားပဲ တိုးစီးတော့မယ်၊ ပန်းဆိုးတန်းမှတ်တိုင်ကနေ စံပြဈေးမှတ်တိုင်ကို YBS (၇) စီးပြီးပဲ ပြန်တော့မယ်၊ ဘတ်စ်ကားပေါ်မှာ ပိုလုံခြုံတယ် လို့ ယူဆလို့ပါ” လို့ ပြောပြပါတယ်။ လုပ်ငန်းသဘောအရ ဖြစ်စေ၊ တခြားသော အကြောင်းတွေကြောင့် ဖြစ်စေမိုးချုပ်မှ အိမ်ပြန်ရတဲ့ မိန်းကလေးတွေ လုံခြုံရေး ရွေးချယ်စရာက များများစားစား မရှိလှပါဘူး။ ကိုယ်ပိုင်ကားစီးပြီး အိမ်ပြန်နိုင်သူက အနည်းစုပဲ ဖြစ်တာမို့ အငှားကား ဖြစ်စေ၊ ဘတ်စ်ကား ဖြစ်စေ စီးပြီး အိမ်ပြန်ကြရတာပါ။ ရန်ကုန်မြို့နေ လူထုကြား ထိတ်လန့်တုန်လှုပ်သွားစေတဲ့ သတင်းက ဇန်နဝါရီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တာကြောင့် တက္ကဆီငှားပြီး အိမ်ပြန်ဖို့ မဝံ့မရဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ မရွှေရည်ဝင်း (ခ) ရွှေရည်ဟာ တက္ကဆီငှားစီးရင်း တက္ကဆီယာဉ်မောင်းဖြစ်သူရဲ့ အဓမ္မ ပြုကျင့်မှု ခံခဲ့ရရုံသာမက ရက်ရက်စက်စက် သတ်ဖြတ်တာကိုပါ ခံခဲ့ရပါတယ်။ မရွှေရည်ဝင်းဟာ လှည်းတန်းစင်တာ ကနေ ဈေးဝယ်ပြီး အပြန် ညဘက် ဖြစ်နေလို့ သူမ နေထိုင်တဲ့ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်ပြန်ဖို့ ကားငှားစီးရင်း သတ်ဖြတ်ခံ ခဲ့ရတာပါ။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ရး၃၀ အချိန်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ ဖူဆယ်မိုးလုံလေလုံ အားကစားရုံအနီး၊ ငမိုးရိပ်ချောင်းဘေး ချောင်းရေကျော်တံတား အစပ် ကုလားမန်ကျည်းပင် အောက်မှာ သူမရဲ့အလောင်းကို ရပ်ကွက်နေပြည်သူတဦးက တွေ့ရှိခဲ့တာပါ။ မရွှေရည်ဝင်းရဲ့ လည်ပင်းမှာ ဝက်အူလှည့်နဲ့ ထိုးထားတဲ့ ဒဏ်ရာကို တွေ့ရရုံသာမက အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရတာ ထင်ရှားနေပါတယ်။ သူမ ဝတ်ဆင်ထားတဲ့ ပလက်တီနမ် ဆွဲကြိုး၊ နားကပ် အပါအဝင် လက်ကိုင်ဖုန်းကိုပါ သတ်ဖြတ်သူက ယူဆောင်သွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူ မျုးိဇော်ဦး ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ ပါတယ်။ ပြစ်မှုကျူးလွန်သူကနေ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်တွေမှာလည်း ရှေ့ နောက် မညီတာတွေကို တွေ့ရသလို အဲယားကွန်းဖွင့် ပေးရလို့ ကျပ် တထောင် ပိုမိုတောင်းခံရာကနေ စကားများခဲ့ရတယ် ဆိုတာ ယုတ္တိမတန်တဲ့ အချက်တခု ဖြစ်နေပါတယ်။ ဘယ်သူမဆို တက္ကဆီ မငှားခင်ကတည်းက ဈေးစကား ပြောပြီး ဈေးအဆင်ပြေမှသာ ငှားကြစမြဲပါ။ ဒါအပြင် မရွှေရည်ဝင်းနဲ့ စကားများပြီး ဝက်အူလှည့်နဲ့ ထိုးလိုက်လို့ သတိမေ့သွားကြောင်း၊ သတိမေ့သွားပြီးမှ အဓမ္မပြုကျင့်ခဲ့တယ် ဆိုတဲ့ အချက်ဟာလည်း ယုတ္တိ မတန်ပါဘူး၊ ဘာလို့လဲ ဆိုတော့ တရားခံမျိုးဇော်ဦးမှာ လက်သည်းနဲ့ ကုတ်ခြစ်ဒဏ်ရာ၊ သွားနဲ့ ကိုက်ခဲ့တဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တာကြောင့် အစွမ်းရှိသလောက် ပြန်လည်ခုခံခဲ့တာကို မှန်းဆနိုင်ပါတယ်။ သတိမေ့နေသူ တယောက်ကို အဓမ္မပြုကျင့်တယ် ဆိုတာလည်း မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီသတင်းဟာ အမျိုးသမီးတွေကြားမှာ ဒေါသထွက်စရာ ဖြစ်ရပ်ဖြစ်ခဲ့ရသလို ရန်ကုန်လို မြို့ကြီးမှာတောင် မလုံခြုံမှုတွေ ပိုများလာတာကို သက်သေပြနေပါတယ်။ ရန်ကုန်မှာသာ မကပါဘူး၊ မြန်မာနိုင်ငံ တဝှမ်းမှာ မိန်းကလေးတွေ အပေါ် ကျူးလွန်တဲ့ အဓ္မပြုကျင့်မှုတွေ များပြားလာနေ တာဟာ ကျူးလွန်သူတွေ အပေါ် ထိရောက်တဲ့ ဖြစ်ဒဏ်တွေ မချမှတ်နိုင်သေးဘူး လို့ ဝေဖန်သံတွေပါ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာနေပါတယ်။ လက်ရှိအနေအထားမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ်အနှစ် ၂၀ အထိပဲ ချမှတ် နိုင်ပါသေးတယ်။ ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေကို ထိထိရောက်ရောက် အပြစ်မပေးနိုင်သေးတာကြောင့် အမျိုးသမီးတွေ အပေါ် အဓမ္မပြုကျင့်မှုတွေ ဆက်ရှိနေမှာကို မလိုလားကြပါဘူး။ ဒီလိုအဓမ္မပြုကျင့်၊ လုယက်၊ လူသတ်မှု ကျူးလွန်သူကို သေဒဏ်အထိ ချမှတ်ဖို့ လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ် လို့လည်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့ မျိုးဇော်ဦးကို လက်ရှိမှာ လူသတ်မှု ပုဒ်မ ၃၀၂၊ လုယက်မှု ပုဒ်မ ၃၉၂၊ မုဒိန်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်ကာ ပြစ်မှုပုဒ်မ (၃၇၇) တို့နဲ့ အမှုဖွင့်ထားတယ် လို့ သိရပါတယ်။ အလားတူ အဖြစ်မျိုး တခုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ တုန်းက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ထဲမှာ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတဲ့ “လားဟူ” တိုင်းရင်းသူ “မအေပီလှ” ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ အပြင် မီးရှို့အလောင်းဖျောက်ဖျက်တာပါ ခံခဲ့ရပါတယ်။ သူမနဲ့ ခင်မင်တဲ့ အမျိုးသမီးတဦးရဲ့ ခင်ပွန်းက ငါးကင်စားချင်လို့ လာပို့ပေးပါ ဆိုပြီး ဖုန်းဆက်တဲ့ အတွက် မအေပီလှ သွားပို့ပေးရာမှာ သတ်ဖြတ် ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ကျိုင်းတုံလွယ်မွေဘက် သွားတဲ့ လမ်းဘေးတနေရာမှာ မီးရှို့ခံထားရတဲ့ သူမရဲ့ အလောင်းကို တွေ့ခဲ့ရပြီး သူမလက်မှာ တွေ့တဲ့ လက်စွပ်ကနေ တဆင့် ကျူးလွန်သူကို ခြေရာခံဖမ်းမိခဲ့တာ ပါ။ ဘာရန်ငြိုး ရန်စမှ မရှိဘဲနဲ့ ငါးကင်ပို့ ဆိုလို့ လာပို့တဲ့ မိန်းကလေးကို “စိုးလွင်” နဲ့ “အိုက်တီ (ခ) စိုင်းရှန်” တို့က သတ်ဖြတ် အလောင်း ဖျောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ရန်ကုန်မှာရော၊ နယ်မှာပါ အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံမှုမရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေ အပေါ် ထိရောက်တဲ့ ပြစ်ဒဏ် ဘယ်လိုပေးမလဲလို့ “အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး” ဒေါ်စူစန်နာလှလှစိုးကို မေးမြန်းကြည့်တော့ သူမရဲ့အမြင်ကို အခုလို ပြောပြပါတယ်။ “ကျူးလွန်သူကို သေဒဏ်အထိ ပေးဖို့ ပြောနေတာ ကျမလည်း ကြားပါတယ်၊ မရွှေရည်ဝင်းရဲ့ ကိစ္စမှာလည်း လူသတ်၊ ပစ္စည်းယူ၊ မုဒိန်းကျင့်တာ ဖြစ်တဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမျတ်နိုင်ပါတယ်၊ ဒီလိုအမှုတွေမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့လည်း ဆက်ပြီး ကြိုးစားသွားရမှာပါ” လို့ ဆိုပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ ဒေါ်ခင်လေးကလည်း “အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှု အတွက် အားလုံးမှာ တာဝန်ကိုယ်စီ ရှိပါတယ်၊ အစိုးရ တာဝန်ရှိသူတွေတောင် ကိုယ့်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အားနည်းတာ၊ ပျက်ကွက်တာ၊ တာဝန်မကျေတာတွေ ဖြစ်နေတဲ့ အချိန်မှာ ပြည်သူ အချင်းချင်းပဲ ကူညီဖေးမ စောင့်ရှောက်ကြရမှာပေါ့၊ အထူးသဖြင့် ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက် ပေးစေချင်ပါတယ်” လို့ ပြောပြပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း တခုခု အန္တရာယ် ကျရောက်ခဲ့ရင် ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတဲ့ အစီအမံလေးတွေ ရှိထားသင့် ပါတယ်။ တယ်လီဖုန်း အားသွင်းကြိုး၊ နားကြပ်ကြိုး၊ ဘီး၊ ထမင်းချိုင့်၊ ထီးတွေကို အသုံးပြုပြီး အန္တရာယ် ပြုလာသူကို အနိမ့်ဆုံး အဆင့် ဘယ်လို တုံ့ပြန်နိုင်မလဲ ဆိုတာ သိအောင် ပြင်ဆင်ထားဖို့ လိုလာပါပြီ။ အမျိုးသမီးတွေ အနေနဲ့ တယောက်တည်း သွားလာရင် ငရုတ်ကောင်း၊ စပရေးဘူး၊ Alarm ဘောလုံး၊ အိတ်ဆောင် ဓာတ်မီးကျဉ်စက်တွေ ကို ဆောင်ထားသင့်တယ် လို့ အကြံပြုတာတွေလည်း ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာလည်း လူသတ်မှုနဲ့ မုဒိန်းမှုတွေ များလာခဲ့တာ အမှန်ပါ။ အရေးကြီးတာက ပြစ်မှုကျူးလွန်သူတွေ အပေါ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေတာပါ။ တကယ်လို့ ဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်တွေ မချမှတ်နိုင်ခဲ့ရင် တဖက်ကလည်း အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှု အတွက် အာမ မခံနိုင်ရင် ဒီလို လက်ရဲဇက်ရဲ ကျူးလွန်မှုတွေ ဆက်လက် ဖြစ်နေဦးမှာမို့ ပြည်သူတွေ ဘက်က ဆန့်ကျင်တဲ့ အသံတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ရမှာပါ။ ဒါအပြင် အမျိုးသမီးတွေ အနေနဲ့လည်း လုံခြုံရေး သတိ အမြဲရှိထားသင့်ပါတယ်။ “အသက်ထက်ပိုပြီး ဘာကမှ အရေးမကြီးလို့ ဘတ်စ်ကားပဲ စီးမယ်၊ နောက်ပြီး မဖြစ်မနေပဲ တက္ကဆီ ငှားစီးရရင်တောင် ငရုတ်ကောင်း စပရေးဘူးဆောင်ထားမယ် လို့ စဉ်းစားထားတယ်” လို့ မတင်ဇာညိမ်းက ပြောပါတယ်။ (သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။) The post ဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်သလား appeared first on ဧရာဝတီ.
Source : http://ift.tt/2FvCR1C
via IFTTT
Source : http://ift.tt/2FvCR1C
via IFTTT
Tuesday, January 30, 2018
စီးတီးတက္ကစီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မလုပ်လျှင် အငှားယာဉ်များ လိုင်စင် ဖျက်သိမ်းခံရမည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန် အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အငှားယာဉ်များ အားလုံး City Taxi အဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မရှိလျှင် လုပ်ငန်းလိုင်စင်များ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်သည်။ အဆိုပါ တက္ကစီများအားလုံးသည် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် YRTA သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ စီးတီးတက္ကစီ ယာဉ် များ အဖြစ် မှတ်ပုံတင်ရမည် ဖြစ်ပြီး ယင်းသတ်မှတ် ကာလအတွင်း ဆောင်ရွက်ခြင်း မရှိသည့် တက္ကစီယာဉ်များ အားလုံး ကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက် ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ အငှားယာဉ်မောင်းဖြစ်သူ ကိုဆန်းမင်းက “ကျနော်တို့ စီးတီးတက္ကစီ မှတ်ပုံတင်ရင် ပေးထားတဲ့အချိန်က နည်းနေတော့ နည်းနည်းလေး အခက်အခဲတော့ ဖြစ်ရတယ်။ ဒီမှာရှိနေတဲ့ အငှားကား အစီး အရေအတွက်က များနေတယ်။ ပေးတဲ့ အချိန်က နည်းနေတော့ မှတ်ပုံတင်တဲ့ နေရာမှာ ခက်ခဲတယ်။ စပြီးကြေညာထဲက အခုချိန်ထိ မှတ်ပုံတင်လုပ်ဖို့ ကား တွေက တန်းစီ နေတာ။ တနှစ်လောက်တော့ အချိန်ယူရမယ် ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယင်းကဲ့သို့ အငှားကားများကို စီးတီးတက္ကစီများ အဖြစ် မှတ်ပုံတင်လိုက်လျှင် ခရီးသည်များ အတွက် ယခုထက် ပို၍ လုံခြုံ စိတ်ချရမည်ဖြစ်ပြီး လိုင်စင် အနက်နှင့်မောင်းနှင်ခြင်း၊ လိုင်စင်မရှိဘဲ အငှားများ မောင်းနှင်ခြင်း စသည့် တို့ ပျောက်သွားနိုင်မည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောသည်။ ဆက်လက်၍ ကိုဆန်းမင်းက “စီးတီးတက္ကစီ မှတ်ပုံ တင်လုပ်လိုက်ပြီ ဆိုရင် တက္ကစီ မောင်းတဲ့သူဆိုပြီး သီးသန့် ဖြစ် သွားမယ်။ City Taxi လုပ်လိုက်ရင် ကားသမားနာမည်နဲ့ ကားနံပါတ်ကို လှမ်းကြည့်လိုက်တာနဲ့ မြင်ရပြီ ဆိုတော့ မှတ်ထားလို့ ရတယ်။ ခရီးသည် အတွက်လည်း အခုထက် ပိုပြီး လုံခြုံတာပေါ့” ဟု ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း အငှားယာဉ် အစီးရေ ၆ သောင်း ၈ ထောင်ကျော် ရှိနေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်ထားသည့် ကားအစီးရေမှာ ၃ သောင်း ၅ ထောင်ကျော် ရှိနေကြောင်း သိရသည်။ ယင်းအပြင် စီးတီးတက္ကစီအဖြစ် ထပ်တိုးမှတ်ပုံတင်ရန်အတွက် YRTA သို့ စာရင်း ပေးသွင်းထားသည့် အငှားတက္ကစီ အစီးရေမှာ ၅ သောင်းအထိ ရှိနေပြီး ယင်း စီးတီးတက္ကစီ (ရန်ကုန်တိုင်းအတွင်း အသိအမှတ်ပြု အငှားတက္ကစီ) ပြုလုပ် မည်ဆိုလျှင် အင်းစိန်မြို့နယ်နှင့် တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ရုံးသို့ လာရောက် ပြုလုပ်နိုင်သည်ဟု ဆိုသည်။ The post စီးတီးတက္ကစီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မလုပ်လျှင် အငှားယာဉ်များ လိုင်စင် ဖျက်သိမ်းခံရမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2rUh1mo
via IFTTT
Source : http://ift.tt/2rUh1mo
via IFTTT
မောင်တောတွင် လုံခြုံရေးတိုးချဲ့ရန် အစီအစဉ်မရှိသေးဟု ပြည်ထဲရေးပြော ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် တပ်မတော် နှင့် ရဲတပ်ဖွဲ့များပူးပေါင်း၍ နယ်မြေလုံခြုံရေး ပေးနေသည့် အတွက် မြို့နယ် ရဲစခန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်းနှင့် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချူပ် အောင်စိုးက ပြောသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် မောင်တော မြို့နယ် လုံခြုံရေးနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းမှုအပေါ် ယင်းသို့ ပြေဆိုသွားခြင်းဖြစ်သည်။ ဗိုလ်ချူပ် အောင်စိုး က “ဘူးသီးတောင် မောင်တောဒေသများတွင် လက်နှက်တပ်ဆင်ထားသည့် ပြည်သူ့ ပြည်သူ့စစ် ဌာနေအဖွဲ့ ၃ ဖွဲ့ အပါ အဝင် ပြည်သူ့စစ် ဌာနေ ၃၄ ဖွဲ့ နယ်မြေလုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် တပ်မတော် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တို့နှင့် ပူးပေါင်း၍ တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်” ဟုမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက မောင်တောမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်နိမိတ် အတွင်း မြို့နယ် ရဲစခန်းများ တိုးချဲ့ ဖွင့် လှစ်ပေးရန်နှင့် လုံခြုံရေး လုံး၀ မရှိသည့် ဒေသခံတိုင်းရင်းသားကျေးရွာများ၌ ပြည်သူ့ စစ် ဖွဲ့စည်းပေးရန် အစီစဉ် ရှိမရှိ မေးခွန်းကိုမေးမြန်းခဲ့ ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော မြို့မရဲစခန်း ၁၇ ခု၊ နယ်မြေရဲစခန်း ၃၂ ခု၊ ရဲကင်းစခန်း ၄၃ခု စုစုပေါင်း ၉၂ ခုရှိသည့် အနက် မြို့မရဲစခန်း ၁၇ ခု၊ နယ်မြေရဲစခန်း ၂၃ ခု၊ ရဲကင်း ၃၁ ခု၊ စုစုပေါင်း ၇၁ ခု ဖွင့်လှစ်ခဲ့ပြီး၊ နယ်မြေစခန်း ၉ခု၊ ရဲကင်းစခန်း ၁၂ခု စုစုပေါင်း ၂၁ ခုတို့ ဖွင့်ရန် ရဲစခန်းများ ကျန်ရှိကြောင်း လုံခြုံရေး အင်အား အခြေအနေကို ရှင်းပြသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် နယ်မြေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွ့ဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ လုံခြုံရေး၊ နယ်မြေ တည်ငြိမ်ရေး၊ နယ်မြေဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့ စစ်ဌာနအဖွဲ့ ၅၉၆ ဖွဲ့အား ဖွဲ့စည်းထားရှိပြီး၊ ဘူးသီးတောင် နှင့် မောင်တော မြို့နယ်တို့တွင် ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့ထားကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များနှင့် အတူတွဲဘက်တာဝန်များ ထမ်ဆောင်လျှက် ရှိခြင်းကြောင့် လတ်တလောတွင် ပြည်သူ့စစ် ဌာနအဖွဲ့များ ထပ်မံဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က “အကြမ်းဖက် တွေက ညပိုင်းဆို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေကြတယ်။ သူတို့က ရွာထဲဝင်ပြီး တောထဲကို ဝင်သွားတာ၊ လုံခြုံရေးက ကားလမ်းမ တလျောက်ပဲလေ၊ အဲ့တေ့ာ မြေပြင်ပေါ်မှာက ခဏခဏ ဖြစ်နေတာလေ၊ ပြောရရင် လုံခြုံရေး အင်အားသောင်းနဲ့ ချီပြီးလိုသေးတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ ရခိုင်ပြည်နယ် ပေါက်တော မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က “ဘူးသီးတောင်၊ မောင်တော ဘက်မှာ လုံခြုံရေး အခက်ခဲဖြစ်တာ ကြာနေပြီ၊ ဒေသခံတွေ လက်ထဲမှာ ကာကွာနိုင်ဖို့ ပြည်သူ့စစ်က အရေးကြီးတယ်။ လုံခြုံရေး အင်အားနည်းတာ၊ များတာထက် တိုင်းရင်းသား ဒေသခံတွေမှာ ပြည်သူ့စစ် အနေနဲ့ လုပ်ပေးနိုင်ရင် ဒေသလုံခြုံမှု ရှိလာနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ The post မောင်တောတွင် လုံခြုံရေးတိုးချဲ့ရန် အစီအစဉ်မရှိသေးဟု ပြည်ထဲရေးပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2nrAJAB
via IFTTT
Source : http://ift.tt/2nrAJAB
via IFTTT
စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းတွင် ကျောင်းသားများ ဆန္ဒပြ မန္တလေး ရတနာပုံ တက္ကသိုလ်တွင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှုကြောင့် ကျောင်းထုတ် ခံလိုက်ရသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်တက်ခွင့် ရရေးနှင့် ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး အတွက် စစ်ကိုင်း ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဆန္ဒဖော်ထုတ်ခဲ့သည်။ “ပညာရေး ဘက်ဂျက်တိုးမြှင့်ပေး”၊ “Justice For Students” အစရှိသည့် စာရွက်စာတမ်းများကို ကိုင်ဆောင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်ရှိ ပညာရေး တက္ကသိုလ် ကျောင်းဝန်းထဲတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပညာရေးတာဝန်ခံ ကိုဖြိုးသူကျော်က “ကျနော်တို့ ကျောင်းသားတွေ က ပညာရေးရဲ့ လိုအပ်ချက်ကို တောင်းဆိုတာဖြစ်တယ်။ ကျနော်တို့ ကျောင်းဆိုရင် အတော်လေး လိုအပ်ချက်တွေ ရှိနေတယ်။ ကျောင်းသားတွေက ကိုယ်ကျိုးစွန့်ပြီး တောင်းဆိုတယ်။ ဒါကို ကျောင်းထုတ်တာ မဖြစ်သင့်ဘူး။ ကျောင်းမှာ တကယ်ဆိုးပေ နေရင်တော့ တစ်မျိုးပါ့” ဟု ဧရာဝတီသို့ ပြောသည်။ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ) ဆန္ဒပြပွဲတွင် စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များသာမ က အခြားကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ကျော် ပါဝင်ခဲ့သည်။ ကျောင်းထုတ်ခံထားရသော ကျောင်းသူ၊ ကျောင်းသားများသည် ရတနာပုံ တက္ကသိုလ်တွင် ပညာရေး ဘက်ဂျက်တိုးမြှင့်ပေးရေး ဆန္ဒပြမှုဖြင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အပိုင် (ဃ)၊ အပိုဒ် ၁၊ အကျင့် စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ် ၆၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှု ဆိုင်ရာပြစ်မှုများ အမှတ်စဉ် (၁) တို့ကိုဖောက်ဖျက် ကျုးလွန်သည်ဟုဆိုကာ ထိုသို့ အရေးယူမှု ခံခဲ့ရခြင်း ဖြစ်သည်။ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ) ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုအောင်ပြည့်ဖြိုး က “ပညာရေးဘက်ဂျက် တိုးမြှင့်တောင်းဆိုလို့ ကျောင်းသားတွေကို ကျောင်းထုတ်တာဟာ ဒီမိုကရေစီ ယဉ်ကျေးမူကျင့်ဝတ်ကို ဖောက်ဖျက်တာပါပဲ။ ကျောင်သားတွေကို ကျောင်းထုတ်တာဟာ ကျောင်းသားထုကို စိန်ခေါ်လိုက်တာပါပဲ။ ကျောင်းသားတွေကို ဦးချိုးချင်တဲ့ပုံစံပါ။ ကျောင်းထုတ်တယ် ပြီးရင် ခံဝန်ကတိထိုးခိုင်းမယ်။ ဒါဟာ ခေတ်အဆက်ဆက်က ကျင့်သုံးလာတဲ့ နည်းလမ်းပဲ” ဟု ပြောသည်။ ၎င်းက ဆက်၍ “ကျောင်းသားဆိုတာ အမှန်တရားကိုမြတ်နိုးတယ်။ ကိုယ်ယုံကြည်ရာကို ရိုးသားမူနဲ့လုပ်တယ်။ ဒီအတွက် ကြောင့်မို့ ခံဝန်ကတိ ထိုးပြီး ဘယ်တော့မှ ကျောင်းပြန်တက်မှာ မဟုတ်ပါဘူး။ ကျောင်းထုတ်ခြင်း အပေါ်မှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေဟာ ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ ကျန်ရှိခဲ့တဲ့ ရဲဘော်တွေကိုပဲ ပညာရေးဘက်ဂျက် တိုးမြှင့်တောင်းဆိုဖို့ တိုက်တွန်းနှိုးဆော် ဝန်းရံပေးရုံ ပဲရှိတော့တယ်” ဟု ဆိုသည်။ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ) ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် တောင်းဆိုမှုကို ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း၂၀ က ရတနာပုံ တက္ကသိုလ်ကျောင်း အတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့ က စတင်ကာ ပူးပေါင်းတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့အား ဇန်နဝါရီ ၂၆ ရက်နေ့မှ စတင်၍ ပညာသင်ခွင့်များ ရပ်စဲခဲ့ရာ ယနေ့အထိ တက္ကသိုလ် ကောလိပ် ၇ ခုမှ ၄၈ ဦး ကို ပညာသင်ကြားခွင့်ရပ်စဲခဲ့ပြီး ရတနာပုံ တက္ကသိုလ်မှ ၁၄ ဦး၊ ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ၁၁ ဦး၊ မိတ္ထီလာ နည်းပညာ တက္ကသိုလ်မှ ၁ ဦး၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ၆ ဦး၊ မိုးညှင်း ဒီဂရီကောလိပ်မှ ၄ ဦး၊ စစ်ကိုင်း ပညာရေး တက္ကသိုလ် မှ ၃ ဦး နှင့် မိတ္ထီလာ တက္ကသိုလ် မှ ၉ ဦး တို့ဖြစ်ကြောင်းသိရသည်။ The post စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းတွင် ကျောင်းသားများ ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2FtQUos
via IFTTT
Source : http://ift.tt/2FtQUos
via IFTTT
Du Fu စားသောက်ဆိုင်, တရုတ်နှစ်သစ်ကူး
ဆီဒိုးနား “Du Fu စားသောက်ဆိုင်”မှ တရုတ်နှစ်ကူးအတွက် အထူးဟင်းလျာများ ရရှိ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တရုတ်နှစ်သစ်ကူး ကျရောက်လာပါတော့မယ်။ ဒီနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရ “ခွေးနှစ်” ကျတဲ့နှစ်ပါ။ ဒီနှစ် ၂၀၁၈ ခုနှစ်၊ တရုတ်နှစ်သစ်ကူး ကာလအတွင်း ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဟိုတယ်၊ ဆီဒိုးနားမှာရှိတဲ့ “Du Fu စားသောက်ဆိုင်”ကနေ ချက်ပြုတ်ရောင်းချသွားမယ့် တရုတ်ဟင်းလျာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ တရုတ်နှစ်သစ်ကူးအချိန်ခါ ရောက်လာပြီဆိုရင် တရုတ်လူမျိုးတွေက နှစ်သစ်မှာ တဦးနဲ့တဦး ကျန်းမာရေး ကောင်းမွန်စေကြောင်း၊ စီးပွားလာဘ်လာဘ တိုးတက်စေကြောင်း ဆုတောင်းပေးဖို့အတွက် မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက် ချစ်ခင်ရသူတွေနဲ့အတူ နှစ်သစ်ကူး ညစာစားပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ တရုတ်နှစ်ကူးပွဲတော် ကာလအတွင်း ဆီဒိုးနားဟိုတယ်၊ “Du Fu စားသောက်ဆိုင်” ရဲ့ စားဖိုမှူးကြီး Edmund Ng နဲ့ အဖွဲ့သားများ အထူးပြင်ဆင်ချက်ပြုတ်ထားတဲ့ ညစာဟင်းပွဲ Set Menu ၂ မျိုးကို ဖေဖော်ဝါရီလအတွင်း “Du Fu စားသောက်ဆိုင်”မှာ အထူးရောင်းချသွားမယ်လို့ သိရပါတယ်။ ကကတစ် ငါးကြော်ချက် / Sedona Hotel Yangon Set Menu ဟင်းပွဲ ၂ မျိုးကတော့ “ကြွယ်ဝချမ်းသာခြင်း” နဲ့ “သက်ရှည် ကျန်းမာခြင်း” အတိတ်နမိတ် ဟင်းပွဲတို့ပဲ ဖြစ်ပါတယ်။ Set Menu ဟင်းပွဲ ၂ မျိုးလုံးမှာ တရုတ်နှစ်ကူး ပွဲတော်အတွင်း မိသားစုများ၊ အပေါင်းအသင်း မိတ်ဆွေများ မပါမဖြစ် ပြုလုပ်ရတဲ့ အောင်မြင်တိုးတက်ခြင်းနဲ့ ကံကောင်းခြင်းတို့ ရရှိစေမယ်လို့ ယုံကြည်ထားတဲ့ “ယူရှန်း” အသုပ်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ပင်လယ်မျှော့ ဟင်းရွက်စုံ ကြော်ချက် / Sedona Hotel Yangon “ကြွယ်ဝချမ်းသာခြင်း” ဟင်းပွဲ Set Menu မှာ အထူးဟင်းလျာတွေဖြစ်တဲ့ ရီဆန် အက်ဘလွန်ခရုသုပ်၊ ဝက်ကောင်လုံးကင်၊ ဂုံးခြောက် ပင်လယ်စာဟင်းရည်နဲ့ ဆေးမြစ်စုံ ကြက်ကောင်လုံးကြော်ချက် အပါအဝင် အထူးဟင်းလျာ ၉ မျိုးပါဝင်ပြီး အထူးအစီအစဉ်အနေနဲ့တဦးကို အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ (အနည်းဆုံး ၆ ဦးစာ) ဟင်းပွဲများ မှာယူ သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။ ရေချို ပုဇွန်ထုပ် ထောပတ်ဆီကြော် / Sedona Hotel Yangon ဟင်းပွဲမှာ အခြား ပုံမှန်တရုတ်နှစ်ကူးဟင်းလျာများဖြစ်တဲ့ ကြံမဆိုင် ကျောက်ငါးပေါင်း၊ ပုဇွန်ကျား ဒယ်အိုးပူကြော်၊ ဆားဘဲဥ ငရုတ်သီး နှစ်ဟင်း၊ ပင်လယ်မျှော့ဟင်းရွက်စုံကြော်ချက်၊ ကမာကောင် ထမင်းကြော်နဲ့ အုန်းနို့ ဟက်စ်မာ ခြောက်ပြုတ်တို့ ပါဝင်ပါတယ်။ ဟောင်ကောင် ခေါက်ဆွဲနဲ့ ဝက်သားကင် / Sedona Hotel Yangon “သက်ရှည်ကျန်းမာခြင်း” အတိတ်နမိတ် ဟင်းပွဲ Set Menu မှာ ရီဆန် အက်ဘလွန်ခရုသုပ်၊ စီချွမ် ပင်လယ်စာချဉ်စပ် ကြော်ချက်၊ ပဲပိစပ်ဆီမွှေး ကြက်သားဟင်း၊ ကကတစ် ငါးကြော်ချက်တို့ ပါဝင်ပြီး အထူးဟင်းလျာ ၈ မျိုး ပါဝင်ပြီး အထူးအစီအစဉ်အနေနဲ့ တဦးလျှင် အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာ (အနည်းဆုံး ၆ ဦးစာ) ဟင်းပွဲများ မှာယူ သုံးဆောင်နိုင်ပါတယ်။ ရီဆန် အက်ဘလွန် ခရုသုပ် / Sedona Hotel Yangon အဆိုပါ ဟင်းပွဲ Menu မှာ ရေချိုပုဇွန်ထုပ်ကြော်၊ ပင်လယ်မျှော့ တရုတ်မှိုခြောက် ကြော်ချက်၊ သက်ရှည်ကျန်းမာခြင်း အတိတ်နမိတ်အဖြစ် ဟောင်ကောင်ခေါက်ဆွဲနဲ့ ဝက်သားကင်၊ ဂျင်းပြုတ်ရည်နဲ့ ချက်ထားတဲ့ ကောက်ညှင်းဆန်လုံးတို့ ပါဝင်ပါတယ်။ တရုတ်နှစ်ကူးဟင်းပွဲ Set Menu ၂ မျိုးလုံးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရောင်းချသွားမှာဖြစ်ပြီး ဟင်းပွဲများကို Set Menu အနေနဲ့ မဟုတ်ဘဲ အခြားသော တရုတ်ရိုးရာဟင်းပွဲများကို မိမိ နှစ်သက်သလို ရွေးချယ်မှာယူနိုင်တယ်လို့လည်း သိရပါတယ်။ “Du Fu စားသောက်ဆိုင်”ကို ဆီဒိုးနားဟိုတယ်၊ Level 2 မှာ ဆိုင်ဖွင့်ချိန် နေ့စဉ် နေ့လည် ၁၁ နာရီမှ ၂ နာရီခွဲ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး တရုတ်ရိုးရာ နှစ်ကူးကာလအတွင်း မိသားစုစုံညီ ညစာစားပွဲများ၊ မိတ်ဆုံ ညစာစားပွဲများအတွက် သီးသန့် စားသောက်ခန်းများ ကြိုတင်စာရင်းပေး ငှားရမ်းနိုင်တယ်လို့ သိရပါတယ်။ ။ The post ဆီဒိုးနား “Du Fu စားသောက်ဆိုင်”မှ တရုတ်နှစ်ကူးအတွက် အထူးဟင်းလျာများ ရရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2DX12J3
via IFTTT
Source : http://ift.tt/2DX12J3
via IFTTT
တရားစီရင်ရေးစနစ် လွတ်လပ်မှု အခြေအနေ တရားလွှတ်တော်ချုပ် လေ့လာဆန်းစစ်မည် မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်၏ လွတ်လပ်မှု အခြေအနေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တရားလွှတ်တော် ချုပ် က စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။ တရားသူကြီး တဦးချင်းစီ၏ လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှု နှင့် အဖွဲ့အစည်း၏ လွတ်လပ်မှု တို့ကို တိုင်းတာနိုင်ရန် အတွက် သုတေသန ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) မိတ်ဆက် ရှင်းလင်းပွဲ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ဒုညွှန်ချုပ် ဒေါ်တင်နွယ်စိုးက မီဒီယာများကို အထက်ပါအတိုင်း ပြောဆို ခြင်း ဖြစ်သည်။ တရားစီရင်ရေး၏ လွတ်လပ်မှုကို မြှင့်တင်နိုင်ရေးနှင့် ပတ်သက်ပြီး ယခု စီမံကိန်းတွင် အထူးအလေးထား လုပ်ဆောင်ရ မည့် လုပ်ငန်းတရပ် ဖြစ်ကြောင်းလည်း သိရသည်။ “လက်ရှိ တရား စီရင်ရေးရဲ့ လွတ်လပ်မှု အခြေအနေကို ကျမတို့ သုတေသနပိုင်းအရ လေ့လာဆန်းစစ်ပါမယ်။ စစ်ဆေး ပြီးတော့ ဒီလို လွတ်လပ်မှု ရှိဖို့ဆိုတာက အစိုးရရဲ့ တခြား Branches တွေပေါ့နော်။ အုပ်ချုပ်ရေးတွေ၊ ဥပဒေပြုရေးတွေ ဒီအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ အများကြီး လုပ်သွားဖို့ ရှိပါတယ်”ဟု ဒေါ်တင်နွယ်စိုးက ပြောသည်။ ယခင်က တရားရုံးများသည် လွတ်လပ်မှု မရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစုံတရာ လွတ်လပ်မှု ရှိလာကြောင်း၊ သို့သော် အုပ်ချုပ်ရေးပိုင်း၏ သြဇာကြီးမှု၊ ဖိအားတို့ကို စိုးရိမ်နေဆဲ အနေအထားတွင် ရှိနေသေးကြောင်း၊ တရားသူကြီး များ နှင့် အဂတိတရား ဆက်စပ်မှုသည်လည်း လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်နိုင်ရန် စိန်ခေါ်နေဆဲ ဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းက ပြောဆိုကြသည်။ တရားလွှတ်တော် ရှေ့နေ ဦးခင်အောင်ဇော်က“တချို့ကိစ္စတွေမှာ တရားရုံးက သိပ်ပြီးတော့ လွတ်လပ်မှု မရှိသေးဘူး။ ဥပမာဆိုပါတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ဖြစ်တဲ့ အခါမျိုးတွေမှာ တရားသူကြီးတွေ အနေနဲ့က ငွေကြောင့် မဟုတ်ဘူး။ သို့သော် သူတို့အနေနဲ့ အုပ်ချုပ်ရေးကို ထိပါးမှာ စိုးတဲ့အတွက်ကြောင့် စိုးရိမ်မှုနဲ့ မလိုအပ်ဘဲ တရားခံ အပေါ်မှာ ဖိတာတို့၊ တရားခံရဲ့ အခွင့်အရေးကို ထိပါးမိတာတို့ ရှိတယ်”ဟု ယင်း အခမ်းအနားတွင် သတင်းထောက်များ ကို ပြောသည်။ ယခင်က တံခါးပိတ် တရားခွင်များ ရှိခဲ့သော်လည်း ယနေ့ မရှိတော့ကြောင်း၊ တရားရုံး၏ တရားခွင်တွင် တရားသူကြီး နှင့် ရှေ့နေတို့၏ ဆက်ဆံရေး တဖက်စောင်းနင်း ရှိခဲ့သော်လည်း ယခုအခါ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ဆွေးနွေးမှုများ ရှိလာပြီ ဖြစ်ကြောင်း ယင်းပွဲသို့ တက်ရောက်လာသူများက ပြောဆိုသည်။ ရန်ကုန် ရှေ့နေအသင်းမှ ဦးချစ်ကိုကိုက “ရှေ့နေတယောက် အနေနဲ့ တရားရုံးတွေထဲ ဝင်ပြီး သွားလာနေတာ သိရ တာကတော့ အပေါ် ဖိအား မရှိပါဘူး။ မြို့နယ်ကအစ ပြည်ထောင်စု အဆင့်အထိ မရှိဘူး။ အရင်တုန်းကတော့ မှန် တယ်။ ဘယ်သူက ဘာပြောထားလို့ ဆိုပြီး အမှုတွေမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့တယ်”ဟု ပြောသည်။ ၂၀၁၆ ခုနှစ်၏ တရားရုံးနှစ်စဉ် အစီရင်ခံစာ တစောင်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်ပြန်နိုင်ခဲ့ရာ ထို အစီရင် ခံစာတွင် တရားရုံးများ၏ ဆောင်ရွက်ချက်များ၊ စီမံခန့်ခွဲရေးပိုင်းအရ တရားသူကြီးများကို ကြီးကြပ်၍ အရေးယူ အပြစ်ပေးနိုင်ခဲ့မှုများကို ကိန်းဂဏန်းဖြင့် ဖော်ပြနိုင်ခဲ့ကြောင်း သိရသည်။ “တရားသူကြီးတွေကို အရေးယူတယ်ဆိုတာက အဂတိရယ်လို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ တရားရုံး လုပ်ထုံး လုပ် နည်း နဲ့ မညီတာပေါ့။ မမှားသင့်တဲ့ အမှားမျိုး၊ ရုံးလုပ်ငန်းမျိုး မှားယွင်းတာကအစ ကျမတို့က ကြီးကြပ်ဆောင်ရွက်တဲ့ အပိုင်းမှာ ပါတဲ့အခါကျတော့ အဲဒီ အချက်အလက်တွေ ကျမတို့ ဌာနရဲ့ Web Page မှာ Assess လုပ်ယူလို့ ရပါတယ်” ဟု ဒုညွှန်ချုပ် ဒေါ်တင်နွယ်စိုးက ပြောသည်။ တရားရုံးချုပ်က အကောင်အထည်ဖော်မည့် စီမံကိန်းတွင် အမှုပြီးပြတ်မှုနှုန်း လျော့ကျရန်၊ တရားရုံးများတွင် အမှုများ မစစ်ဘဲ ရွှေ့ဆိုင်းရခြင်းများ လျော့နည်းစေရန်၊ ကြန့်ကြာနေသည့် အမှုများ အမြန်ဆုံး ပြီးပြတ်ရန်နှင့် တရားရုံး၏ ဝန်ဆောင်မှုကို ပြည်သူများ ကျေနပ်စေရန် တိုင်းတာချက်များ ပြုလုပ်မည်ဟုလည်း ဆိုသည်။ ထို့ပြင် တရားသူကြီးများ၏ ကျင့်ဝတ်ဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်က တရားသူကြီးများ လိုက်နာရမည့် တရားရေး ကျင့်ဝတ်များကို ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ အဂတိ လိုက်စား ခြင်း မဟုတ်ဘဲ ကျင့်ဝတ်ဖောက်ဖျက်သည့် တရားသူကြီး များစွာရှိနေ၍ ကျင့်ဝတ်ကို တရားသူကြီးများ ကိုယ်တိုင် လိုက်နာဆောင်ရွက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း တရားရုံးချုပ်မှ သိရသည်။ ယခု စီမံကိန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြီးကြပ်ရေးဆွဲ ခဲ့သော်လည်း တရားရုံး အဆင့်ဆင့်၏ တာဝန် သိမှု၊ တာဝန်ခံမှု၊ အနီးကပ် ကြီးကြပ်မှု၊ စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မည်ဟု တရားသူကြီးချုပ်က ယနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောသည်။ ယင်း စီမံကိန်းနှင့် ပတ်သက်ပြီး အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၊ တရား ဥပဒေ စိုးမိုးမှု မြင့်တင်ရေး စီမံကိန်း (USAID-PRLP) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ ဒိန်းမတ်နိုင်ငံ သံရုံး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့ (IDEA International)၊ အစိုးရ ဌာနများနှင့် လူမှု အဖွဲ့ များ၊ တိုင်းနှင့် ပြည်နယ် တရားလွှတ်တော်များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများက ပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။ The post တရားစီရင်ရေးစနစ် လွတ်လပ်မှု အခြေအနေ တရားလွှတ်တော်ချုပ် လေ့လာဆန်းစစ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ns8FNl
via IFTTT
Source : http://ift.tt/2ns8FNl
via IFTTT
ဘားအံခရိုင် အုပ်ချုပ်ရေးမှူးအား ဦးဆောင်ဆန္ဒပြသူ အဖမ်းခံရ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ဘားအံခရိုင် အုပ်ချုပ်ရေးမှူးကို ဆန္ဒသည့် အဖွဲ့အား ဦးဆောင်သည့် ၈၈ မျိုးဆက် (ကရင်) ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးစောမောင်ကြီး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ လူပုဂ္ဂိုလ် ၃၀ ကျော်က ဘားအံခရိုင် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဆန္ဒပြခဲ့ကြရာ ဘားအံမြို့နယ် ရဲတပ်ဖွဲ့က သတိပေးစည်းမျဉ်း သုံးခုတား၍ ၎င်းအား ဖမ်းဆီးပြီး လူစုခွဲခဲ့ကြောင်း အာမခံနှင့် ပြန်လည် လွတ်မြောက်လာသည့် ဦးစောမောင်ကြီး က ပြောသည်။ စောမောင်ကြီး က “ပထမစည်းမှာ မြို့မစခန်းမှူးက ဒေသန္တရ အမိန့်အရ ခွင့်ပြုချက်မပေးပါဘူး။ မကျော်ဖို့ တားပါတယ်။ ဒုတိယစည်းမှာ မြို့နယ်မှူးကိုယ်တိုင်တားပါတယ်။ ကျနော်တို့ ဆက်ပြီးသွားတယ်။ တတိယစည်းမှာက ရဲအင်အား အပြည့်နဲ့ဆိုတော့ ကျနော်တို့ပါသွားတဲ့သူက နည်းတယ်။ တစ်ခုခုဖြစ်ရင် ရွာသားတွေ ထိခိုက်နစ်နာမယ်ဆိုတော့ ကျနော်တယောက်ပဲ ခေါင်းဆောင်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမူနဲ့ အဖမ်းခံလိုက်တယ်”ဟု ပြောသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ ဦးစောမောင်ကို ဘားအံမြိုမရဲစခန်းက ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားပြီးနောက် အာမခံပေးသဖြင့် ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒပြပွဲ၌ ကော့ကဒါကျေးရွာ၊ လျာကမြင်ကျေးရွာ၊ ကျောက်ကလပ်ကျေးရွာနှင့် ကော့ထော်ကျေးရွာတို့မှ ဒေသခံ ၃၅ ဦးဝန်းကျင်က လိုက်ပါခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြသူများသည် ပြည်သူ့အသံ နားမထောင်သော ခရိုင်အုပ်ချုပ်ရေးမှူး အလိုမရှိဆိုသည့် ကြွေးကြော်သံ အပြင် အကျင့်ပျက် ဝန်ထမ်းများအား ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး၊ လယ်ယာမြေပြဿနာများ ထိရောက်စွာ ဖြေရှင်းပေးရေး ဒို့အရေး၊ အစိုးရ၏ လယ်ယာမြေမူဝါဒ လမ်းညွှန်အတိုင်း ဖြေရှင်းပေးရေး ဒိုအရေး စသည့် ကြွေးကြော်သံများဖြင့်လည်း ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ လယ်ယာမြေပြဿနာနှင့် ပတ်သက်၍ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးကို လယ်သမားများနှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာရန် အတွက် ၄ ကြိမ် တိတိ ချိန်းဆိုခဲ့ကြောင်း သို့သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးက လယ်သမားများနှင့် တိုက်ရိုက် အတွေ့မခံဘဲ အကြိမ်ကြိမ် ရှောင်လွှဲသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ ဆန္ဒပြပွဲမပြုလုပ်မီဇန်နဝါရီ ၂၆ ရက်နေ့တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးထံ အသိပေး အကြောင်းကြားခဲ့သည်ဟု ဆန္ဒပြသူများဘက်က ဆိုသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ သို့သော်လည်း အရကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရန် စာကျက်၊ စာဖြေ ကြိုတင်ပြင်ဆင်ချိန် ဖြစ်နေသည့် အတွက်ကြောင့် လည်းကောင်း၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အရေးကြီးပုဂ္ဂိုလ်ခရီးစဉ် လုံခြုံရေး အထူဂရုပြု ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ချိန် ဖြစ်နေသည့် အတွက်ကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို ခွင့်မပြုနိုင်ကြောင်း ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ အသိပေးစာအရ သိရသည်။ ၈၈ မျိုးဆက် (ကရင်) ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေး အသင်းမှ ဗဟိုအလုပ်အမှုဆောင် အထွေထွေ အတွင်းရေးမှူး နန်းမူခမ်း က “ဒီအကြောင်းပြချက်က ခိုင်လုံတယ်လို့ မမြင်ဘူး၊ ကျမတို့က ဆူပူအုံကြွမှုဖြစ်အောင် လုပ်တာလည်း မဟုတ်ဘူး၊ သိမ်းဆည်းခံ လယ်သမားတွေ ခံစားနေရတဲ့ ပြဿနာကို အထက်ကလူကြီးတွေ သိအောင်လို့ ပြည်သူ့အသံကို ကျမတို့ကထုတ်တာပေါ့နော်၊ ဒါနဲ့ပတ်သက်ပြီးတော့မှ မခိုင်လုံဘူးပေါ့” ဟု ဆိုသည်။ The post ဘားအံခရိုင် အုပ်ချုပ်ရေးမှူးအား ဦးဆောင်ဆန္ဒပြသူ အဖမ်းခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2ElApeF
via IFTTT
Source : http://ift.tt/2ElApeF
via IFTTT
Subscribe to:
Posts (Atom)