Saturday, January 27, 2018


ရတနာပုံတက္ကသိုလ် ဆန္ဒပြကျောင်းသားများ ကျောင်းထုတ်ခံရ ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့သော ရတနာပုံတက္ကသိုလ်တွင် တက်ရောက်နေသောကျောင်းသား ၁၄ ဦးကို ကျောင်းအာဏာပိုင်များက ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းမှ ထုတ်ပယ်ခဲ့သည်ဟု ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီက ပြောဆိုသည်။ “ကျနော်တို့ကို ကျောင်းထုတ်တဲ့စာ ရတယ်။ အဲဒီစာမှာ ဘယ်လောက်ကြာကြာ ထုတ်ထားတယ်လို့ မပါဘူး။ ဒါကြောင့် ရာသက်ပန်ထုတ်ထားတယ်လို့ ပြောလို့ရတယ်။ဆရာမကို မေးကြည့်တဲ့အခါမှာ ကျောင်းပြန်တက်ခွင့်ရဖို့က ကျနော်တို့အပေါ် မူတည်တယ်လို့ ပြောသွားတယ်”ဟု ပညာရေး အသုံးစရိတ်မြှင့်တင်ရေးကော်မတီမှ ကျောင်းထုတ်ခံထားရသည့် ကျောင်းသားတဦးဖြစ်သူ ကိုကျော်သီဟရဲကျော်က ပြောသည်။ ယခုကျေ ာင်းထုတ်ခံရသည့် ကျောင်းသားများသည် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ လေးထပ်ဆောင်ရှေ့နှင့် ကျေ ာင်းဝင်းအတွင် းစာသင်ခန်းမျ ားတွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်ကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အပိုင်း (ဃ)၊ အပိုဒ် ၁ အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာပြစ်မှုများ အမှတ်စဉ်(၆) ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုမျ ားအမှတ်စဉ်(၁) တို့ကို ဖောက်ဖျက်ကျုးလွန်ခဲ့ခြင်းများအရ ကျောင်းမှထုတ်ပယ်ခဲ့ခြင်းဟု သိရသည်။ အဆိုပါကျောင်းသားအား ယခုပညာသင်နှစ်မှစ၍ ကျောင်းထုတ်ခံရခြင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စ၍ ရပ်စဲလိုက်သည်ဟု ပါမောက္ခချ ုပ်(ကိုယ်စား)၊ ဌာနမှူး သင်တန်းရေးရာဌာနမှ ဦးဇော်မင်းဦး၏ လက်မှတ်ရေးထိုးမှုဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ “ကျောင်းထုတ်တာနဲ့ပက်သက်ပြီး အသနားခံစာတင်ရင် ကျောင်း ပြန်တက်လို့ရမယ့် သဘောမျိုးပါ။ ကျနော်တို့ အသနားခံစာတင်မှ ာမဟုတ်ပါဘူး။ လက်ရှိကျောင်းထုတ်ခံရတာက ရတနာပုံက ကျောင်းသားတွေပါ။ အားလုံး ၁၄ ယောက်ကို ထုတ်ထားပါတယ်”ဟု ကိုကျော်သီဟရဲကျော်က ဆက်လက်ပြောသည်။ ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရန် တောင်းဆိုမှုကို ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း၂၀ မှ ရတနာပုံတက္ကသိုလ်ကျောင်း အတွင်း ပင်မလေးထပ်ဆောင်ရှေ့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ပူးပေါင်းတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြကျောင်းသားများနှင့် ပညာရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ရန် ဆောင်ရွက်ခဲ့သော်လည်း တက္ကသိုလ်အာဏာပိုင်များက ကျောင်းသားအချင်းချင်း သွေးခွဲမှုများ ရှိနေသည်ဟုဆိုကာ ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့သည်။ “ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုလို့ ကျောင်းက ထုတ်ခံခဲ့ရတယ်။ ကျောင်းထုတ်ခံရတဲ့အပေါ်မှာ ဘာမှမပြောချင်ပါဘူး။ ကျနော်တို့ ကိုယ်ကျိုးအတွက် လုပ်ဆောင်တ ာမဟုတ်တာကြောင့် တက္ကသိုလ်အာဏာပိုင်တွေဆီမှာ အသနားခံစာ တင်သွားမှာ မဟုတ်ပါဘူး။ ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆက်လက် တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ”ဟု ပညာရေ းအသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီမှ ကျောင်းထုတ်ခံရသူ ကိုရဲမျိုးဆွေက ပြောသည်။ ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးရန် တောင်းဆိုမှုသည် တဦးတယောက်ကောင်းစားရေးအတွက် တောင်းဆိုခြင်းမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေရန်အတွက်သာ ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရအား အကျပ်အတည်းဖြစ်စေလိုသော ဆန္ဒဖြင့် တောင်းဆိုခြင်းမဟုတ်ဘဲ ယနေ့ပညာရေးအခြေအနေ လိုအပ်ချက်များကြောင့် တောင်းဆိုရခြင်းဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောသည်။ ကျောင်း စတင်အပ်နှံရာ ကတိဝန်ခံချက် လက်မှတ်ရေးထိုးရာ၌ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ် အပိုင်း(ဃ) မှ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်နှင့် သိပ္ပံများတွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ ဖောက်ဖျက်ကျူးလွန်ပါက ချမှတ်ထားသည့် ပြစ်ဒဏ်များနှင့်အညီ အရေးယူခြင်းခံရမည်ဟူသောအချက်အား ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အရ ပယ်ဖျက်ကြောင်းပါသော်လည်း လက်ရှိကျောင်းထုတ်ရာတွင် အဆိုပါအချက်ကို ထည့်သွင်းအသုံးပြုထားသည်ဟု ကိုရဲမျိုးဆွေက ဆက်လက်ပြောသည်။ ရတနာပုံတက္ကသိုလ် ဆန္ဒပြကျောင်းသား ၇၂ ယောက်ကို ဇန်နဝါရီ ၂၅ ရက်၊ မနက် ၄ နာရီက သက်ဆိုင်ရာ အာဏာပိုင်များမှ ထိန်းသိမ်းခေါ်ဆောင်သွား၍ မန ္တလာသီရိဘောလုံးကွင်းကြီးအတွင်း၌ ပြန်လည်စစ်ဆေးအပြီး ၎င်းတို့နေထိုင်ရာ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့အပြီ းဇန်နဝါရီ ၂၆ ရက်နေ့တွင် ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းဖြစ်သည်။ ကျောင်းထုတ်ခံရမှုတွင် ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၉ ဦးနှင့် ကျောင်းသူ ၅ ဦးပါဝင်ပြီး မောင်ကျော်သီဟရဲကျော် (တတိယနှစ် – ဥပဒေ)၊ မောင်ရဲမျိုးဆွေ(ဒုတိယနှစ် – ဥပဒေ)၊ မောင်ဘုန်းမြင့်ကျော်(ဒုတိယနှစ် – စာကြည့်တိုက်နှင့် သုတေသနပညာ)၊ မောင်မျိုးသူရ (ပထမနှစ် – မနုဿဗေဒ)၊ မောင်အောင်ပြည့်ဖြိုး (ပထမနှစ် – အင်္ဂလိပ်စာ)၊ မောင်ရဲရင့်အောင် (ဒုတိယနှစ် – ဘူမိဗေဒ)၊ မောင်မင်းခန့်စိုး (ဒုတိယနှစ် – ဥပဒေ)၊ မောင်နိုင်လင်းအောင် (ဒုတိယနှစ် – သချာၤ)၊ မောင်မင်းသူဟိန်း (ပထမနှစ် – ဥပဒေ)၊ မအင်ကြင်းကိုကို (တတိယနှစ် – အင်္ဂလိပ်စာ)၊ မအိရွှေစင် (တတိယနှစ် ဂုဏ်ထူးတန်း သချာၤ)၊ မမြတ်ဆုဆုအောင် (ပဉ္စမနှစ် – ဥပဒေ)၊ မအေမြညိမ်း (စတုတ္ထနှစ် – ဥပဒေ)၊ မမြင့်မြင့်မော် (စတုတ္ထနှစ် – သတ္တဗေဒ)တို့ ဖြစ်ကြသည်။ အလားတူကျောင်းသားများအား ကျောင်းမှ ထုတ်ပယ်နေခြင်းကို မိတ္ထီလာနည်းပညာ တက္ကသိုလ်၊ ရမည်းသင်း နည်းပညာတက္ကသိုလ်၊ စစ်ကိုင်းပညာရေးကောလိပ်တို့မှာလည်း ပြုလုပ်နေလျက်ရှိကြောင်းလည်း သတင်းရရှိသည်။ The post ရတနာပုံတက္ကသိုလ် ဆန္ဒပြကျောင်းသားများ ကျောင်းထုတ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2DDDOs6
via IFTTT

No comments:

Post a Comment