Saturday, January 27, 2018


ညစာ နောက်ကျမှ စားရင် ဘာတွေဖြစ်နိုင်သလဲ ကျန်းမာရေးကောင်းချင်သူတွေအတွက် အကောင်းဆုံးက ညစာကို စောစောစားမယ်၊ ဒါမှမဟုတ်ရင်လည်း မစားပဲ ရှောင်မယ်။ ဒါက လက်ရှိ ပြည်တွင်းမှာ လူအများစု လက်ခံထားကြတဲ့ နည်းလမ်းပါ။ ကျန်းမာရေး ရှုထောင်ကနေ ကြည့်မယ်ဆိုရင် ညစာကို နောက်ကျမှ စားခြင်းက မကောင်းဘူးလို့ ဆိုပါတယ်။ ပြောရရင် နောက်ကျမှ ညစာစားခြင်းက ကိုယ်အလေးချိန် လျော့ကျအောင် ကြိုးစားဖို့လည်း ခက်ခဲစေမယ်၊ ပြီးတော့ အစာမကြေနိုင်တဲ့ အခြေအနေတွေလည်း ဖြစ်စေနိုင်ပါတယ်။ အလုပ်များတဲ့ လူတယောက်အတွက် ပျမ်းမျှ ထမင်းစားချိန်က ည ၈ နာရီလောက် ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ခဏအနားယူမယ်။ ပြီးရင် အိပ်ယာဝင်မယ်ပေါ့။ ဒါပေမယ့် အခုလို ည ၈ နာရီလောက် နောက်ကျပြီးမှ စားတဲ့ ညစာက တခြားတနေကုန် စားသုံးထားတဲ့ အစာတွေလို အဆင်ပြေပြေ အစာချက်လုပ်မှုရော ကျန်းမာရေးအတွက်ရော ကောင်းပါရဲ့လား။ နောက်ဆုံး လေ့လာချက်တခုကို ကြည့်ပြီး အလွယ်ဆုံးပြောရရင်တော့ ညစာ နောက်ကျမှ စားခြင်းက သင့် အနေနဲ့ ကိုယ်အလေးချိန်ချဖို့ အကြီးမားဆုံးသော အဟန့်အတား ဖြစ်နေစေပါလိမ့်မယ်။ ၂၀၁၃ ခုနှစ်က လေ့လာချက်အရ အဝလွန်နေတဲ့ လူ ၄၂၀ ကို ၅ လအတွင်း ကိုယ်အလေးချိန် လျော့ချနိုင်ဖို့ ကျန်းမာရေး အစီအစဉ်တခု ချမှတ်လုပ်ဆောင်လေ့လာခဲ့ပါတယ်။ အစီအစဉ်အရ ဒီလူတွေကို အချိန်ကာလ တခုကြာအောင် ညစာကို နောက်ကျမှ စားသုံးစေပြီး အလေးချိန် လျော့ကျနိုင်မယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။ အစီအစဉ် ဒုတိယပိုင်းအနေနဲ့တော့ နောက်လတွေမှာ နေ့ခင်း ၃ နာရီလောက်တွင် ညစာအဖြစ် အပြီးသတ် စားသုံးစေပြီး ညပိုင်း အစာရှောင်စေသလို၊ လေ့ကျင့်ခန်း ပုံမှန် လုပ်ချိန်မှာတော့ ကိုယ်အလေးချိန် သိသိသာသာကိုပဲ လျော့ကျမှုရှိတာကို တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ညစာကို အချိန်စောစော (နေ့ခင်း ၃ နာရီဝန်းကျင်)မှာ စားသုံးသူတွေအနေနဲ့ ကိုယ်အလေးချိန် ချဖို့ သိသိသာသာ ပိုမို လွယ်ကူတာ တွေ့ရှိလာရပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ထုတ်ဝေခဲ့တဲ့ International Journal of Obesity မှာလည်း လေ့လာချက် အသစ် တခုရဲ့ ဆောင်းပါးတပုဒ်ကို တွေ့ရပါတယ်။ ဆောင်းပါးမှာ အဝလွန်သူ ၃၂ ဦးကို လေ့လာချက် လုပ်ထားပါတယ်။ ဒီ ၃၂ ဦးထဲမှာ ထက်ဝက်လောက်က အစားအချိန်မှန်မစားဘဲဖြစ်သလို စားသုံးနေသူတွေ ပါရှိတယ်လို့လည်း ဆိုပါတယ်။ လေ့လာချိန်အတွင်း သူတို့ကို မနက် ၉ နာရီနဲ့ ညနေ ၄ နာရီမှာ အစာ စားစေတယ်။ အစာစားပြီး ၂ နာရီ အကြာမှာမှ သူတို့ရဲ့ စိတ်အခြေအနေကအစ သွေးလှည့်ပတ်မှုကနေ ဆာလောင်မှု၊ အစာစားချင်စိတ်ဆိုင်ရာ ဟော်မုန်း အနေအထားတွေကိုပါ စောင့်ကြည့်တိုင်းတာမှု လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ တွေ့ရှိချက်အရတော့ အစာစားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းဓါတ် Ghrelin က ညနေပိုင်းမှာ ထွက်ရှိမှု ပိုလာပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုရှိနေချိန်မှာ ပိုဆာလောင်တတ်တာတွေ၊ စာစားချင်စိတ် များနေတာတွေပါ ဖြစ်တယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ညပိုင်း(နောက်ကျမှ) ညစာစားခြင်းက အစာလည်း များများ စားမိစေတယ်။ စိတ်ဖိစီးမှု များရင်လည်း အစာပိုစား ဖြစ်စေတယ်။ ဒါဟာ အဝလွန်ခြင်းဖြစ်စေဖို့ အားပေးရာ ရောက်စေတယ်လို့ ဂျွန်ဟော့ကင်း ဆေးပညာတက္ကသိုလ်က လက်ထောက် ပါမောက္ခ Susan Carnell က ရှင်းပြပါတယ်။ သဘောတရားကတော့ အစာချေဖျက်မှုလည်း အားနည်းစေပြီး ဝလာစေနိုင်တာလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က လေ့လာချက်တခုမှာလည်း ညပိုင်း နောက်ကျမှ ညစာစားဖြစ်သူတွေ၊ အိပ်ယာဝင်ခါနီး ပျမ်းမျှ ၃ နာရီ အလိုမှ ညစာ စားတတ်သူတွေမှာ Acid-reflux ဆိုတဲ့ အစာအိမ်အချဉ်ပေါက်တဲ့ ဖြစ်ရပ်မျိုး ပိုမို ဖြစ်စေဖို့ အားပေးရာ ရောက်စေပြီး နှလုံးတုန်ခြင်းတွေ၊ အစာမကြေဖြစ်ခြင်းတွေ၊ ချောင်းဆိုးခြင်းတွေ၊ အသံဝင်ခြင်းတွေ၊ ပန်းနာရင်ကျပ်တွေပါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ တချို့ အစာအိမ်အချဉ်ပေါက်မှု ဆိုးဆိုးဝါးဝါး ဖြစ်သွား ခဲ့သူတွေမှာ ကင်ဆာဖြစ်နိုင်ချေကိုပါ အားပေးရာရောက်စေပြီး ဆေးလိပ်ဖြတ်၊ ကိုယ်အလေးချိန် ထိန်း လိုက်သည့်တိုင်အောင် ညစာ နောက်ကျမှ စားခြင်းက ကျန်းမာရေးအတွက်ရော အခန့်မသင့်ရင် ကင်ဆာ ဖြစ်ဖို့ပါ အားပေးရာရောက်စေတာတွေ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ် New York Times သတင်းစာမှာလည်း ရူပဗေဒပညာရှှင် Jamie A. Koufman က ညစာကို နောက်ကျမှလည်း စားမယ်၊ စားသုံးမှုလည်း များမယ်၊ လှုပ်ရှားမှုလည်း နည်းမယ်ဆိုရင် အစာချေစနစ်က ဘယ်လိုမှ မှန်ကန်အောင် လည်ပတ် လုပ်ဆောင်နိုင်မှုရှိမှာ မဟုတ်တော့ဘဲ ကျန်းမာရေးအတွက် မကောင်း စေနိုင်တော့ပါဘူး။ မှန်ကန်တဲ့ အစာချေမှုစနစ်ကပဲ ကိုယ်ခန္ဓာက လိုအပ်တဲ့ အာဟာရကို စုပ်ယူတယ်။ မလိုအပ်တာတွေကို စွန့်ထုတ်ပြီး အပိုဓါတ်တွေ ရယူထားနိုင်မှု မရှိတော့တာ ဖြစ်တယ်လို့ ရှင်းပြထားတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ ကံကောင်းပါတယ်။ အခုတေ်က ဗဟုသုတ လွယ်လွယ်ရနိုင်တယ်။ သိနိုင်နေတယ်။ အခု ဆောင်းပါးကို ဖတ်မိတယ်ဆိုရင်ပဲ ညစာ နောက်ကျမှ စားသုံးရင် အဝလွန်မှုကို အားပေးတယ်။ စိတ်ဖိစီးမှု နည်းအောင် နေမယ်။ အစားကို အချိန်မှန် စောစောစားရမယ်ဆိုတာ သိထားနိုင်ပါပြီလို့ Carnell က ဆက် ပြောထားပါတယ်။ www.businessinsider.com တွင်ဖော်ပြထားတဲ့ We’re learning more about why eating late is so bad for you ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ညစာ နောက်ကျမှ စားရင် ဘာတွေဖြစ်နိုင်သလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2ngoyq9
via IFTTT

No comments:

Post a Comment