ဦးသန့်၏မြေးဖြစ်သူ YHT တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦး အိန္ဒိယနိုင်ငံက ၂၀၁၈ ခုနှစ်အတွက် ချီးမြှင့်သည့် ပဒုမ္မာသီရီ ဆုရရှိ ဦးသန့်၏ မြေးဖြစ်သူ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး (YHT)တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦး အနေဖြင့် အိန္ဒိယနိုင်ငံက ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် ပဒုမ္မာသီရီ ဆုများထဲမှ တစ်ဆုရရှိကြောင်း သိရသည်။ အဆိုပါ ပဒုမ္မာသီရီဆု(Padma Shri )သည့် အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံး သော အရပ်သားဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များထဲမှ တစ်ခုဖြစ်ပြီး အိန္ဒိယသမ္မတ နိုင်ငံနေ့တွင် နှစ်စဉ်ကြေငြာပြီး အိန္ဒိယသမ္မတ ကိုယ်တိုင် ပေးအပ်ချီးမြှင့်သည့် ဆုဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရ အနေဖြင့် “အသံမဲ့သူရဲကောင်းများ” အတွက် ပဒုမ္မာဆု ၈၅ ဆုအား ကြာသပတေးနေ့က ကြေညာခဲ့ပြီး ယခုနှစ်တွင် အာဆီယံ-အိန္ဒိယ ဆက်ဆံရေး ငွေဂျူဗလီဖြစ်သည့်အတွက် အာဆီယံနိုင်ငံ တစ်ခုချင်းစီမှ အရပ်သား တစ်ဦးချင်းစီအတွက် ပဒုမ္မာသီရီဆု ချီးမြှင့်ခြင်းများရှိကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ ဒေါက်တာသန့်မြင့်ဦးနည်းတူ အာဆီယံနိုင်ငံများအတွင်းမှ ပဒုမ္မာသီရီ ဆုရသူများမှာ ဖိလစ်ပိုင်နိုင်ငံမှ Jose Ma Joey Concepcion III ၊ စင်္ကာပူနိုင်ငံမှ Tommy Koh၊ထိုင်းနိုင်ငံမှ SomdetPhraAriyaWongsaKhottayan ၊ဗီယမ်နမ်နိုင်ငံမှ Nguyen Tien Thien ၊ ဘရူနိုင်းဒါရူစရင်မှ Malai Haji Abdullah Bin MalaiHaji Othman ၊ ကမ္ဘောဒီးယားနိုင်ငံမှ Hun Many ၊ အင်ဒိုနီးရှားနိုင်ငံမှ I Nyoman Nuarta ၊လာအိုနိုင်ငံမှ BounlapKeokangna နှင့် မလေးရှားနိုင်ငံမှ DatukRamli Bin Ilbraham တို့ဖြစ်ကြောင်း သိရသည်။ ဒေါက်တာသန့်မြင့်ဦးက ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် “အိန္ဒိယနိုင်ငံ၏ ၂၀၁၈ ခုနှစ်အတွက် Padma Shri (ပဒုမ္မာသီရိ) ဆုများထဲက တစ်ဆုကို လက်ခံရရှိတဲ့အတွက် တကယ်ပဲ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ Padma Shri ပဒုမ္မာသီရိဆုဟာ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးသော အရပ်သားဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များထဲမှ တစ်ခုဖြစ်ပါတယ်။ ဤဆုကို အိန္ဒိယ သမ္မတနိုင်ငံနေ့တွင် နှစ်စဉ်ကြေငြာပြီး အိန္ဒိယနိုင်ငံ သမ္မတကိုယ်တိုင် ဆုပေးအပ်ချီးမြှင့်ပါတယ်” ဟု ရေးသားထားသည်။ စိုင်းဟန် The Ladies News http://ift.tt/2Fmrucc
Source : http://ift.tt/2DQrqV0
via IFTTT
No comments:
Post a Comment