ဂုတ်ထိပ်တံတားအောက်ကဂူ....... ======================== ပြိီးခဲ့တဲ့ရက်ပိုင်းကဂုတ်ထိပ်တံတားအောက်ကဂူကိုသွားဖြစ်ခဲ့တယ်။ပထမတစ်ခေါက်သွားတုန်းကထက်အခုကတစ်ခေါက်ဟာ ပိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ပထမတစ်ခေါက်က ဂူထဲထိမရောက်ဖြစ်ခဲ့ဘူး။ခုတစ်ခေါက်တော့ရောက်အောင်သွားခဲ့တယ်။ပထမတစ်ခေါက်သွားရတဲ့လမ်းနဲ့ခုတစ်ခေါက်သွားခဲ့တဲ့လမ်းဟာမတူပါဘူး။ခုတစ်ခေါက်သွားခဲ့တဲ့လမ်းဟာ ပိုမိုက်ပါတယ်။တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။ရေချောင်းတွေကို ဖြတ်ရတယ်။ရေချောင်းဘေးကကျောက်ဆောင်ပေါ်ကနေတွယ်တက်ရတယ်။သွားနေတဲ့လမ်းမှာရေတံခွန်လေးတစ်ခုတွေ့ရတယ်။သစ်မြစ်တွေကိုခိုပြီး ကျောက်နံရံဘေးကနေသွားရတယ်။နောက်ဂုတ်ထိပ်တံတားကြီးကနေပျက်စီးပြုတ်ကြနေတဲ့သံဖရိန်အပိုင်းအစတွေတွေ့ခဲ့ရတယ်။ပျက်စီးနေတဲ့ရထားသံလမ်းအပိုင်းအစတစ်ခုမှာ 1899 လို့ရေးထားတာတွေ့ခဲ့ရတယ်။ဂူထဲရောက်တော့လဲ လင်းနို့ချီးတွေကြားထဲကခြေမချော်အောင်ထိန်းသွားရတယ်။ဂူကြီးကအကြီးကြီးပဲ။ဂူထဲကိုစီးဝင်နေတဲ့ရေချောင်းကလဲ တဝေါဝေါနဲ့ရေစီးအားသိပ်သန်တာပဲ။ဂူကအဝင်ပေါက်ကကြီးပေမဲ့ အထွက်ပေါက်ကတော့ သိပ်မကြီးဘူး။ဂူရဲ့ဟိုဘက်အထွက်ထိလဲသွားလို့မရတော့ဘူး။ဂူဟာ ဂုတ်ထိပ်တံတားရဲ့ တိုင်အမှတ်၁၂၊၁၃ ရဲ့အောက်တည့်တည့်မှာတည်ရှိပါတယ်။ဒေသခံတွေအခေါ်တော့ ပထမဂူတဲ့။ဒုတိယဂူ၊တတိယဂူ ရှိပါသေးတယ်။ပထမဂူကိုပဲရောက်ဖြစ်ခဲ့ပါတယ်။ဂုတ်ထိပ်တံတားနဲ့ဂုတ်ထိပ်တံတားအောက်ကဂူအကြောင်းကို တစ်ခါကစာများများနဲ့ရေးခဲ့ဖူးပါတယ်။ပထမတစ်ခေါက်သွားခဲ့ပြီးတော့ ဂူနဲ့ပက်သက်တဲ့ဒဏ္ဍာရီတွေကိုလဲလာပြောပြတဲ့သူတွေရှိပါတယ်။ဘာပဲဖြစ်ဖြစ် ဂုတ်ထိပ်တံတားဟာကမ္ဘာကျော်ပေမဲ့ ဂုတ်ထိပ်တံတားအောက်ကဂူအကြောင်းဟာတော့ လူသိပ်မသိသေးတဲ့အကြောင်းအရာပါ။
Source : http://ift.tt/2DznmVZ
via IFTTT
No comments:
Post a Comment