ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ဆက်လက် မြင့်တက်ဖွယ်ရှိ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်း က ပြောသည်။ ကမ္ဘာ့ ရေနံဈေးနှုန်းများ ၃ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင် မြင့်တက်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း များလည်း လိုက်ပါ မြင့်တက်နေခြင်း ဖြစ်ပြီး ကမ္ဘာ့ရေနံဈေး ဆက်လက် မြင့်တက်ပါက ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း တလီတာ ကျပ် ၁၀၀၀ အထက် ရောက်ရှိ သွားနိုင်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်း အတွင်း ရေးမှူး ဒေါက်တာ ဝင်းမြင့်က ပြောပြသည်။ ”စက်သုံးဆီဈေးနှုန်း အတက်အကျက ကမ္ဘာ့ရေနံ ဈေးနှုန်းနဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ ဈေးနှုန်းအပေါ် မူတည်ပါတယ်၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဈေးအနေအထားက နိုင်ငံခြားကနေ တင်သွင်းတဲ့ အရင်းဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖြစ်သင့် တဲ့ ဈေးနှုန်းထက် မပိုဘူးလို့ ပြောချင်ပါတယ်၊ ကမ္ဘာ့ရေနံဈေးက ဒီနေ့အထိ မြင့်တက်နေဆဲပဲဖြစ်တယ်၊ ဒီထက်ပိုပြီး မြင့်တက် လာမယ်ဆိုရင် ပြည်တွင်းဈေးနှုန်းက တလီတာကို ၁၀၀၀ ကျော်သွား နိုင်ဖွယ်ရှိပါတယ်”ဟု ဒေါက်တာ ဝင်းမြင့်က ပြောသည်။ လက်ရှိတွင် ဇန်နဝါရီ ၂၆ ရက်နေ့ မန္တလေး ဈေးကွက်၏ စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ်ရိုးရိုး ၈၉၀ ကျပ်၊ ပရီမီယံ ဒီဇယ် ၉၁၀ ကျပ်၊ 92 RON မှာ ၈၉၀ ကျပ်၊ 95 RON မှာ ၉၅၀ ကျပ် ပေါက်ဈေးရှိကြောင်း၊ ဇန်နဝါရီ ၂၇ ရက် ရန်ကုန် ဈေးကွက်တွင် ပရီမီယံ ဒီဇယ် ကျပ် ၉၂၀၊ ဒီဇယ် ရိုးရိုး ၉၀၀ ကျပ်၊ 92 RON ၈၉၀ ကျပ် 95 RON ၉၃၀ ကျပ် ပေါက်ဈေး ရှိကြောင်း စက်သုံးဆီဈေးကွက်မှ သိရသည်။ ဇန်နဝါရီ ၂၇ ရက်နေ့ အမေရိကန် ဒေါ်လာ ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် အရောင်း ၁၃၄၉ ကျပ်၊ အဝယ် ၁၃၃၄ ကျပ် ဖြစ်သည်။ ကမ္ဘာ့ရေနံဈေးသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်းတွင် အမြင့်ဆုံးဈေးအဖြစ် မြင့်တက်ခဲ့မှုကြောင့် ၁ ပေပါလျှင် မြန် မာ ကျပ်ငွေ ၁ သိန်းကျော်အထိ ဈေးတက်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်က ကမ္ဘာ့ရေနံ ဈေးနှုန်းသည် ရေနံ တစည်လျှင် အမေရိကန် ဒေါ်လာ ၇၀ ဒသမ ၃၇ အထိ မြင့်တက်ခဲ့ခြင်းကြောင့် ၃ နှစ်အတွင်း အမြင့်ဆုံးစံချိန် မြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ရေနံဈေး မြင့်တက်ရခြင်းသည် အမေရိကန်နိုင်ငံ၏ ရေနံသိုလှောင်မှု ကျဆင်းခြင်းများနှင့်အတူ နိုုင်ဂျီးရီးယား သူပုန် အဖွဲ့များက ရေနံထုတ်လုပ်သည့် နေရာများအား ဝင်ရောက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ထားခြင်းသည် လည်း တခုအပါ အဝင်ဖြစ်ကြောင်း၊ ၂၀၁၇ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့် အိုပက် (OPEC)နှင့် အခြား ရေနံ ထုတ်လုပ်သည့် နိုင်ငံများ တွေ့ဆုံပွဲတွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းမသွားစေရန် ထုတ်လုပ်မှုလျှော့ချသည့် အစီ အစဉ်များ ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း များကြောင့်လည်း ကမ္ဘာ့ရေနံဈေးသည် အတက်ဘက်တွင်သာ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြင့်က ပြောသည်။ ကမ္ဘာ့ရေနံဈေး တက်လျှင် ပြည်တွင်း လက်ကား စက်သုံးဆီ ဈေးနှုန်းများ တက်လေ့ရှိပြီး ပြည်တွင်း လက်ကား ဈေးနှုန်း မြင့်တက်မှုကြောင့် လက်လီ ရောင်းချသူများ အခက်အခဲတွေ့ရလေ့ ရှိကြောင်း သိရသည်။ “လက်ကားဈေး တက်ပြီး ရက်ပိုင်းအတွင်း ပြန်ကျသွားရင်တောင် တန်းပြီး ဈေးမချရဲသေးဘူး၊ ကမ္ဘာ့ရေနံဈေး မတည် ငြိမ်တော့ ဒီအတိုင်းပဲ ထားရပါတယ်၊ လက်လီဆိုင် အများစုကတော့ လက်ကား၊ လက်လီ နှစ်မျိုးစလုံး ရောင်းချပေးနေ တဲ့ စက်သုံးဆီ ကုမ္မဏီကြီးတွေရဲ့ ဈေးနဲ့သာ အခြေခံရောင်းကြတာ များပါတယ်”ဟု မန္တလေးမှ လက်လီ ရောင်းချနေ သည့် စက်သုံးဆီ အရောင်းဆိုင်ရှင် တဦးက ပြောသည်။ ပြည်တွင်းအတွက် အဓိက စက်သုံးဆီ တင်သွင်းနေရသည့် စင်ကာပူနိုင်ငံ လက်ကားရောင်းဈေး MOPS သည် နေ့စဉ် ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်နေသော်လည်း စက်သုံးဆီ ဖြန့်ချိရောင်းချသည့် ကုမ္ပဏီများက ဈေးကွက် ထိန်းညှိ သည့် အနေဖြင့် အမှန်တကယ် မြင့်တက်ရမည့် ဈေးမဟုတ်ဘဲ အရှုံးခံ ရောင်းချပေးနေသည်ဟု မြန်မာနိုင်ငံ စက်သုံး ဆီ လုပ်ငန်းရှင်များအသင်းမှ သိရသည်။ “လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံက တင်သွင်းလာတဲ့ စက်သုံးဆီ ဒီဇယ် တလီတာကို ၁၂ ကျပ်လောက် အရှုံးပေါ်နေပါ တယ်၊ ဒီဇယ်တမျိုးတည်း မဟုတ်ဘူး အခြား စက်သုံးဆီတွေလည်း အရှုံးပေါ်နေပါတယ်၊ အရှုံးပေါ်တယ်ဆိုတာ နောက် ထပ် တင်သွင်းတဲ့ စက်သုံးဆီတွေက တက်ဈေးနဲ့ဝယ်ရတော့ အရှုံးပေါ်တယ်၊ ဈေးကွက်ပြိုင်ဆိုင်ရတဲ့ အခြေအနေ ဆိုတော့ အရှုံးပေါ်ရတာပါ”ဟု မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က ပြောသည်။ နိုင်ငံတဝန်းလုံး အတွက် စက်သုံးဆီများ သိုလှောင်ပေးနေသည့် သီလဝါ ဆိပ်ကမ်းအတွင်း၌ တန်ချိန် ၁၂ဝဝဝ အထိ သာ တင်သွင်းနိုင်ခြင်းကြောင့် ပြည်ပနိုုင်ငံမှ တန်ချိန် အမြောက်အမြား ဝယ်ယူသိုလှောင်ရန် နေရာအခက်အခဲ ရှိနေ ခြင်း သည် လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကို မထိန်းချုပ်နိုင်သော အချက်တချက် ဖြစ်နေကြောင်း သိရ သည်။ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် အတွင်းက Travels &Tours ကားများ ထောင်ထားသူ ဦးစံဝင်းက”ရေမြင့်ရင် ကြာမြင့်ရမှာပေါ့။ ဆီဈေးမြင့်ရင် ကျနော်တို့က ကားခတွေ ဈေးတက်ယူရမှာပဲလေ။ ကားခ ဈေးတက် ယူရင် ခရီး သည် ရရှိမှုမှာ ထိခိုက်လာနိုင်တယ်။ ကားခတွေ ဈေးတက်လာပြီဆိုရင် နေ့ပြတ် ကားငှားသူတွေက ခွေးဘီလူးကားကို ငှား မယ်။ ခွေးဘီလူးစီးနေသူက သုံးဘီး ငှားမယ်။ သုံးဘီးငှားမယ့် ခရီးသည်က ဆိုင်ကယ် တက္ကစီဘက် ရောက်သွား နိုင် တယ်။ ဒါကြောင့် ဆီဈေးတွေကို အတတ်နိုင်ဆုံး မတက်အောင် ထိန်းပေးနိုင်ရင် ပိုကောင်းတာ ပေါ့”ဟု ပြောဆို သည်။ The post ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ဆက်လက် မြင့်တက်ဖွယ်ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2DSOJh6
via IFTTT
No comments:
Post a Comment