Sunday, January 28, 2018

ပညာသင္ခြင့္မ်ား ရပ္စဲမႈ ၃၆ ဦးအထိ ရွိလာ

ပညာသင်ခွင့်များ ရပ်စဲမှု ၃၆ ဦးအထိ ရှိလာ ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသားကျောင်းသူများကို တက္ကသိုလ်ကောလိပ်အသီးသီးမှ စာပို့ကာ ပညာသင်ကြားခွင့်ရပ်စဲခြင်းကို ပြုလုပ်နေလျက်ရှိရာ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ ၃၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပညာရေး အသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီက သိရသည်။ “ကျနော်တို့ကို ကျောင်းထုတ်နေတာ ၃၆ ယောက်ရှိပါပြီ။ သပိတ်ဖြိုတုန်းက ၇၂ ယောက်ပါ။ အခု ၃၆ ယောက်ရှိနေပြီဆိုတော့ တဝက်ရှိပြီ။ သတင်းတွေကြားနေရတာကတော့ ၇၂ ယောက်လုံးကို ကျောင်းထုတ်မယ့် ပုံစံရှိနေပါတယ်”ဟု ပညာရေး အသုံးစရိတ် မြှင့်တင်ရေး ကော်မတီမှ ကျောင်းထုတ်ခံထားရသည့် ကျောင်းသားတဦးဖြစ်သူ ကိုကျော်သီဟရဲကျော်က ပြောသည်။ ယခုကဲ့သို့ ကျောင်းမှ ထုတ်ပယ်နေခြင်းများ ပြုလုပ်နေမှုများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ကျောင်းသားဟောင်းများအသိုင်းအဝိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးစီးသော အစိုးရအပေါ် ဝေဖန်မှုများ မြင့်တက်လာသည်။ “လက်ရှိအစိုးရဟာ ကျောင်းသားမျိုးဆက်အသီးသီးတွေရဲ့ဘဝတွေ၊ သွေးတွေ၊ ချွေးတွေနဲ့ စတေးပေးဆပ်ကာ ပုခုံးနဲ့ ထမ်းတင်ထားတဲ့ အစိုးရလို့ပြောမယ် ဆိုရင် လွန်မယ်မထင်ပါဘူး။ အဲဒီလို အစိုးရမျိုးက ကျောင်းသားတွေအပေါ် အခုလို သွေးအေးအေးနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန် ဆုံးဖြတ်လိုက်တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းစာမျက်နှာမှာတော့ အင်မတန်မှ ကြီးမားတဲ့ အမည်းစက်ကြီးတခု၊ အမှားကြီးတခုကို ကျူးလွန်လိုက်တာလို့ သုံးသပ်မိပါတယ်”ဟု ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ကျောင်းသားတဦးဖြစ်ခဲ့သူ ဒေါက်တာရန်မျိုးသိမ်းက သူ၏ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကမူ သတင်းထောက်များ၏ မေးမြန်းချက်များကို အသေးစိတ်ဖြေကြားခြင်း မပြုပဲ “ဥပဒေအတိုင်း ဆောင်ရွက်တာ”ဟုသာ ဖြေကြားကြောင်း AFP သတင်းက ဆိုသည်။ ယခုကျေ ာင်းထုတ်ခံရသည့်ကျေ ာင်းသား/သူများသည် ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ လေးထပ်ဆောင်ရှေ့နှင့် ရေကျ ာင်းဝင်းအတွင်းစာသင်ခန်းမျ ားတွင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်ကမ်းထိန်းသိမ်းရေးဆိုင်ရာပြစ်မှုပြစ်ဒဏ်များအပိုင်(ဃ)၊အပိုဒ်၁၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုများ အမှတ်စဉ်(၆)၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာပြစ်မှုများအမှတ်စဉ်(၁)တို့ကို ဖောက်ဖျက်ကျုးလွန်ခဲ့သောကြောင့် ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဟု သိရသည်။ ရတနာပုံတက္ကသိုလ် ဆန္ဒပြကျောင်းသား ၇၂ ယောက်အနက် ရတနာပုံတက္ကသိုလ်မှ (၁၄) ဦး ၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ (၁၁) ဦး ၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ (၁) ဦး ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ (၆)ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ (၄) ဦး စုစုပေါင်း (၃၆) ဦးကို ပညာသင်ကြားခွင့်ရပ်စဲခဲ့ခြင်းဟု သိရသည်။ တက္ကသိုလ်ကောလိပ်သီးသီးမှ စာပို့ကာ ပညာသင်ကြားခွင့်ရပ်စဲမှုတွင် ရတနာပုံတက္ကသိုလ်မှ ကိုကျော်သီဟရဲကျော် ကိုရဲမျိုးဆွေ ကိုမျိုးသူရ ကိုဘုန်းမြင့်ကျော် ကိုနိုင်လင်းအောင် ကိုအောင်ပြည့်ဖြိုး ကိုရဲရင့်အောင် ကိုမင်းခန့်စိုး ကိုမင်းသူဟိန်း မအင်ကြင်းကိုကို မအေးမြငြိမ်း မမြတ်ဆုဆုအောင် မအိရွှေစင် မမြင့်မြင့်မော်၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ကိုရာဇာထွန်း ကိုသီသီဟဇော် ကိုအောင်မြတ်သူ ကိုအောင်သူဝင်း ကိုတေဇာဟိန်း ကိုသျှားမြတ်အောင် ကိုကျာ်သူအောင် ကိုကျော်သက်ဖြိုး ကိုရဲမာန်ဦး မဇွဲသွန်အောင် ဝင်းမိုးကျော်၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ကိုပြည့်စုံ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှကိုအောင်ကျော်ဟိန်း ကိုဇင်မင်းသန့် ကိုဇင်မင်းထွန်း ကိုတိုက်ထွေး မစုလှိုင်ဝင်း မခင်ရတနာ၊ မိုးညှင်းဒီဂရီကောလိပ်မှ မမြတ်နိုး မစုလှိုင်ဝင်း ကိုနေမင်းခ မသွန်းမှုံခတို့ဟု သိရသည်။ ကျောင်းထုတ်ခံနေရသော်လည်း ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးအတွက် မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ် ကောလိပ် အသီးသီးတွင် ဆက်လက်တောင်းဆိုသွားမည်ဟု တိုက်ပွဲကော်မတီဝင် ကိုနောင်ထက်အောင်က ပြောသည်။ The post ပညာသင်ခွင့်များ ရပ်စဲမှု ၃၆ ဦးအထိ ရှိလာ appeared first on ဧရာဝတီ.
Source : http://ift.tt/2Gqaa7y
via IFTTT

No comments:

Post a Comment