Monday, January 29, 2018


၁၉၆၂ ခုနှစ် အာဏာသိမ်းရသည့် အကြောင်းပြချက်ကို မြန်မာသမိုင်းအဖွဲ့ ပြန်လည် သုတေသနပြုမည် နေပြည်တော်၊ ဇန်နဝါရီ ၂၈ ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ပါလီမန် အစိုးရ အစိုးရကို ၁၉၆၂တွင် တပ်မတော်က ပြည်ထောင်စုပြိုကွဲရန် လက်တစ်လုံးအလိုတွင် တပ်မတော်က အာဏာသိမ်းလိုက်ရသည်ဟု အကြောင်းပြချက် ဟုတ် မဟုတ်ကို မြန်မာသမိုင်းအဖွဲ့က ပြန်လည် သုတေသနပြုရန် ညွှန်ကြားထားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာတွင် မြန်မာသမိုင်းအဖွဲ့က သုတေသနပြုနေသော မြန်မာ့သမိုင်းဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေမည့်အခြေအနေနှင့်ပတ်သက်ပြီး The Voice သတင်းစာက သီးသန့် တွေ့ဆုံမှုပြုလုပ်စဉ် ပြည်ထောင်စုဝန်ကြီးက အသိပေး ပြောကြားခြင်းဖြစ်သည်။ မြန်မာ့သမိုင်းဆိုင်ရာ စာအုပ်စာတမ်းများ ရေးသားထုတ်ဝေရာတွင် အပိုအလိုမရှိဘဲ ပကတိဖြစ်ပျက်ခဲ့သော အမှန်အတိုင်း ရေးသားရန်၊ ၁၉၆၂ ခု အာဏာသိမ်းသည့်အကြောင်းပြချက်ကို ဟုတ် မဟုတ်ကို ပြန်လည် သုတေသနပြုနိုင်ရန် အာဏာသိမ်းလိုက်ရသည့်ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသော ရှမ်းစော်ဘွား မျိုးဆက်များ ရှိနေသေးသဖြင့် ၎င်းတို့တွေ့ဆုံမေးမြန်းပြီး ဖြေကြားသမျှ အကုန်လုံးကို ရေးမှတ်သားခြင်း နှုတ်ပြောသမိုင်းနှင့် အသံဖမ်းဖြင်းတို့ကိုဆောင်ရွက်ထားရန် ၎င်းက ထပ်လောင်း ပြောကြားသည်။ “ဟုတ် မဟုတ်ကို အထောက်အထားတွေ ရသလောက် အကုန်ယူမှာ စာတွေ အကုန်ကူးမှာ ဒါကိုပြန်လုပ်မယ်”ဟု သူရဦးအောင်ကိုကဆိုသည်။ ၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့် အစိုးရအဖြစ် အာဏာ လွှဲပြောင်းပေးပြီးနောက် တစ်နှစ်ခွဲ အကြာတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း၊ ၁၉၆၂ ခု အာဏာသိမ်းသည့်ကိစ္စတွင် အစိုးရထံသို့ ကြိုတင်ပြီ တပ်မတော်က ဖြစ်ပေါ်နေသည့် အခြေအနေကို ဆွေနွေးပြီးမှ အာဏာသိမ်းယူမှု လုပ်လိုကြောင်း ပြောလာခဲ့လျှင် ဝန်ကြီးချုပ်က အာဏာလွှဲပေးရန် ဝန်မလေးဟု ဦးနုက မိသားစုကို ပြောပြခဲ့ဖူးသည်ဟု ဝန်ကြီးချုပ် ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနုက သူ့အမြင်ကို ရှင်းလင်းပြောကြားသည်။ “စစ်အာဏာရှင်စတာ ၁၉၆၂ ကြောင့်ပဲ၊ ဘယ်လိုမှန်နိုင်မလဲ ယနေ့အထိ တိုင်းပြည်ဆင်းရဲတာ စစ်အာဏာရှင်ကြောင့်ပါ မဆလ စိတ်ဓာတ်က ကြီးစိုးတုန်း ခိုးတာ Corrupt ဖြစ်တာ ၆၂ က အစပါပဲ”ဟု ဖဆပလအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ဦးကျော်ငြိမ်းသားဖြစ်သူ ဦးဘိုဘိုကျော်ငြိမ်းက ဆိုသည်။ မြန်မာ့သမိုင်းအဖွဲ့က ထုတ်ဝေခဲ့သော ၁၉၆၂ မှ ၁၉၇၄ အထိ ရေးသားထားသည့်စာအုပ်တွင် အပြည်အစုံ မပါသဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက မြန်မာသမိုင်းအဖွဲကို အသစ်ပြန်ဖွဲ့စည်းရာတွင် တော်လှန်ရေးကောင်စီ အာဏာသိမ်းရသည့် အကြောင်းရင်းကို ပြန်လည်ပြုစုရန် လိုသည့်အတွက် တာဝန်ယူ ရေးသားနေသည်ဟု မြန်မာသမိုင်းအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာကျော်ဝင်းက ပြောကြားသည်။ http://ift.tt/2EhcIUX
Source : http://ift.tt/2EhcIUX
via IFTTT

No comments:

Post a Comment