Monday, January 29, 2018

The Ladies News

ဖေ့စ်ဘုတ်အကောင့်များ အပိတ်ခံရခြင်းကြောင့် မိမိပြောကြားလို သည်များကို Youtube မှ ပြောကြားမည်ဟုဆိုသည့် ဆရာတော်ဦးဝီရသူ ဦးဝီရသူ၏ ဖေ့စ်ဘုတ်အကောင့်နှင့် ပေ့ခ်ျကို ဖေ့စ်ဘုတ်စည်းမျဉ်း စည်းကမ်းနှင့် မညီသည့်အတွက်ကြောင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဖေ့စ်ဘုတ်အကောင့်များ အပိတ်ခံရခြင်းကြောင့် မိမိပြောကြားလိုသည်များကို Youtube မှတစ်ဆင့် ပြောကြားမည်ဟု ဆရာတော် ဦးဝီရသူက ဗီဒီယိုဖိုင်ဖြင့် မိန့်ကြားထားသည်။ ဦးဝီရသူက `ပြည်တွင်း ပြည်ပကသူတွေ ဝိုင်းပြီးအနိုင်ကျင့်ခံနေရတယ်၊ ပြည်တွင်းမီဒီယာတွေ တင်က နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ အနိုင်ကျင့်မှုကို ခံနေရတဲ့ မစိုးရိမ်ကျောင်းတိုက်က ဦးဝီရသူကို ဇူကာဘတ်ကပါ အခုတစ်ခါမှာ အနိုင်ကျင့်လိုက်တာ ဖြစ်တယ်´ ဟု မိန့်ဆိုခဲ့သည်။ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ဗီဒီယိုဖိုင်ဖြင့် Youtube မှ မြန်မာပြည်သူပြည်သားတို့ကို ဆက်သွယ် ပြောကြားမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု မိန့်ကြားခဲ့သည်။ The Ladies News
Source : http://ift.tt/2DIFDjq
via IFTTT

No comments:

Post a Comment