ဗိုလ်ချုပ်ရုပ်ရှင် ကျပ်သန်း ၁၅၀၀ ကျော်သုံးပြီး ရိုက်မည် နေပြည်တော်၊ ဇန်နဝါရီ ၂၅ မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးကို ကျပ်သန်းပေါင်းတစ်ထောင် ငါးရာကျော်အသုံးပြုပြီ ၂၀၁၉ ခုနှစ်တွင် အပြီးရိုက်ကူးသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီညှိနှိုင်း အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် ကျပ် ၃ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းပြည်တွင် စီးပွားရေးဖွံ့ဖြိုးမှုမရှိခြင်း၊ ပြည်သူများ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် တတ်နိုင်သမျှ ချွေချွေတာတာဖြင့် ရိုက်ရန် ညွှန်ကြားသဖြင့် လက်ခံရရှိထားသော အလှူငွေ ကျပ်သိန်းပေါင်း ၈၄၀၀ အပါအဝင် နောက်ထပ် အလှူရှင်များလှူမည့် အလှူငွေကျပ်သိန်း ပေါင်း ၇၀၀၀ တို့ကို ပေါင်းလိုက်လျှင် ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် အသုံးပြု၍ ၂၀၁၉ တွင် အပြီးရိုက်ကူးသွားမည်ဟု ပြောကြားသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားဖြစ်မြောက်ရေးနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်တို့မှ သမိုင်း အချက်အလက်များကို အထောက်အကူ ပေးသွားမည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ်တို့ ဘန်ကောက်တွင်သွေးဖောက်၍ သစ္စာပြုခဲ့သည့် ဖလား၊ သွေးစုပ်ခဲ့သည့် ပိုက်တို့သည် မော်ကွန်းတိုက်တွင်ရှိပြီး တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် မှတ်တမ်းနှင့် ဓာတ်ပုံများ၊ စစ်လက်နက် အသုံးအဆောင်များနှင့် မိန့်ခွန်း စသည်တို့ကို ရယူမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အချိန် ၂ နှစ်ယူမည်ဖြစ်ပြီး ဇာတ်ညွှန်းကို ၆ လ အချိန်ယူရမည့်အပြင် ရိုက်ကူးရေးအတွက် ၆ လ ပြင်ဆင်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်တွင် စတင် ရိုက်ကူးမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားသည်။
Source : https://goo.gl/Juxujt
via IFTTT
No comments:
Post a Comment