Monday, January 29, 2018


တရုတ်နှစ်ကူး နီးချိန် သကြား Re-export ခွင့်ပြုမည့် ကောလာဟလ ထွက်ရှိပြီး ဈေးနှုန်း ကျဆင်း ပြည်တွင်းသို့ Re-export သကြားကို ပြန်လည် တင်သွင်းခွင့် ပြုမည်ဆိုသော ကောလာဟလ ထွက်ရှိပြီးနောက် ယခုလအတွင်း ပြည်တွင်း သကြားဈေး ကျသွားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ပြည်ပနိုင်ငံများမှ ကုန်စည်အား ပြည်တွင်းသို့ တင်သွင်းပြီး ဈေးကွက် လိုအပ်ချက်ရှိသော အခြားပြည်ပ နိုင်ငံသို့ ပြန် တင်ပို့ခြင်း (Re-export) လုပ်ငန်းတွင် သကြားကို ၂၀၁၅ ခုနှစ် စက်တင်ဘာက စတင်ခွင့်ပြုခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းက Re-export အဓိက တင်ပို့သော တရုတ် ဝယ်လိုအား လျော့ကျပြီး ပြည်တွင်း တွင် သကြား များလာသောကြောင့် ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ယာယီ ရပ်ဆိုင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန (စီးပွား/ကူးသန်း) မှ သိရသည်။ Re-export ပြန်လည် ခွင့်ပြုတော့မည် ဆိုသည့် ကောလာဟလ များထွက်နေခြင်း၊ တရုတ်နှစ်ကူး ကာလ နီးလာချိန် တရုတ်သို့ တင်ပု့ိမှု လျော့ကျခြင်း၊ ပြည်တွင်းတွင် သကြားများ ပုံလာခြင်း တို့ကြောင့် လက်ရှိပြည်တွင်း သကြား ဈေး သည် ယခုလ တတိယပတ်မှ စတင်၍ တဖြည်းဖြည်း ဈေးကျလာခြင်း ဖြစ်သည်ဟု ဆိုသည်။ “အခုချိန်မှာ Re-export ကို ပြန် အသက်သွင်းလိုက်မယ် ဆိုရင် ကြံ သကြား Supply chain တခုလုံး ကမောက်ကမ ဖြစ်သွား နိုင်တယ်။ ပြည်တွင်း ဈေးကွက်အတွက် အကြီးအကျယ် သက်ရောက်မှု ရှိသလို ကြံတောင်သူတွေလည်း ဒုက္ခ ရောက်သွားလိမ့်မယ်”ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ ဦးဝင်းဌေး က ဧရာဝတီ ကို ပြောသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ပြည်တွင်း သကြားဈေးသည် တပိဿာလျှင် ကျပ် ၁၃၀၀ ကျော်ရှိခဲ့ရာ လက်ရှိ ဈေးကွက် တွင် ၁၂၅၀ ကျပ် ဝန်းကျင်အထိ ဈေးကျသွားရာ တရုတ်နှစ်ကူး ကာလအတွင်း အရောင်းအဝယ် အေးနိုင်ပြီး နှစ်ကူး ပြီးချိန်မှသာ ဈေးတက်နိုင်ခြေ အလားအလာ ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ခန့်မှန်းသည်။ ပြည်တွင်း၌ Re-export သကြား တင်သွင်းခွင့် ပြုခြင်းသည် နိုင်ငံအတွက် သွင်းကုန်မှတဆင့် အခွန်ရရှိခြင်း၊ ပြည်တွင်း ကုန်သည် လုပ်ငန်းရှင်များ အကျိုးအမြတ်ရခြင်း၊ စားသုံးသူအတွက် ပြည်တွင်း သကြားဈေးကိုလည်း ထိန်းညှိခြင်းတို့ အတွက်ကြောင့် ဖြစ်သည်ဟု စီးပွား/ကူးသန်း မှ သိရသည်။ တရုတ်ဈေးကွက် လိုအပ်ချက်နှင့် ပြည်တွင်း ထုတ်လုပ်မှုအပေါ် မူတည်၍ Re-export သကြား တင်သွင်းမှုကို ပြန် ခွင့်ပြု သင့်၊ မသင့် သုံးသပ်နေဆဲ ဖြစ်ကြောင်း စီးပွား/ကူးသန်း လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီ ကို ပြောသည်။ “လောလောဆယ်မှာ ဘက်ပေါင်းစုံက ပြန်သုံးသပ်နေဆဲ ကာလပါ။ ကိုယ့်နိုင်ငံမှာ ထုတ်နိုင်တယ်ဆိုရင် Re-export ဆိုတာ ခွင့်ပြုစရာတောင် မလိုဘူးလေ။ အဲဒီလိုပဲ ကိုယ့်နိုင်ငံက မထုတ်နိုင်ဘဲ စီးပွားရေး အခွင့်အလမ်း တခုကို ပိတ်ပင် တာလည်း မဖြစ်သင့်ဘူးလေ။ ဒါကြောင့် ဘက်ပေါင်းစုံက စဉ်းစားပြီး ရလာတဲ့ သုံးသပ်ချက်အပေါ် မူတည်ပြီး မှ ခွင့်ပြုဖို့၊ မပြုဖို့လုပ်မှာပါ” ဟုလည်း ၎င်းက ပြောပြသည်။ ပြီးခဲ့သည့်နှစ်က သကြားဈေး ကောင်းသဖြင့် ယခင်နှစ်ထက် ကြံစိုက်ပျိုးမှုကို ၃၅ ရာခိုင်နှုန်း တိုး၍စိုက်ကြကြောင်း၊ ယခင် နှစ်က ကြံတတန်လျှင် ၅ သောင်း ကျပ်ဖြင့် သကြားစက်ရုံများက ဝယ်ယူခဲ့ကြပြီး ယခုနှစ်တွင် တတန်လျှင် ၄၅၀၀၀ ကျပ် ဝယ်ယူကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ စစ်ကိုင်းတိုင်း ကသာမြို့ရှိ ကြံစိုက် တောင်သူ ဦးဇော်ဝင်းက “သကြားဈေးကျရင် ကြံဈေးပါ လိုက်ချပေးရတယ်။ အလုပ်သမား ရှားလို့ လုပ်အားခတွေ အရမ်းမြင့်တဲ့အချိန်မှာ အခုလို ဈေးကျတော့ ကျနော်တို့အတွက် အရင်းက ပိုကြီး သွားပြီးလေ။ တွက်ခြေ မကိုက်တော့ဘူး။ ဒါတွေကို နိုင်ငံတော်အပိုင်းက သေချာ သိဖို့လိုပါတယ်။ ပြည်တွင်း ထုတ် လုပ် မှု အပိုင်းကို ဖွံ့ဖြိုးစေချင်ရင် တကယ် ဖွံ့ဖြိုးလာအောင် လုပ်ပေးသင့်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။ Re-export သကြားကို ဘရာဇီး၊ ထိုင်း၊ အိန္ဒိယ နိုင်ငံတို့မှ ပြည်တွင်းသို့ ရေလမ်းကြောင်းဖြင့် တင်သွင်းကာ ကုန်းလမ်း ဖြင့် မူဆယ် နယ်စပ်ဂိတ်မှ တဆင့် တရုတ်နိုင်ငံ သို့ အဓိက တင်ပို့ရောင်းချလျက် ရှိသည်ဟု ဆိုသည်။ ၂၀၁၆-၁၇ ကြံရာသီနှစ်တွင် ပြည်တွင်းမှ ထွက်ရှိသော သကြားအား ပြည်ပသို့ တင်ပို့မှုပမာဏသည် တန်ချိန် ၁သိန်း ကျော် နှင့် ပြည်တွင်းဖြန့်ဖြူးမှုသည် တန်ချိန် ၇သိန်းကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်း မှ သိရသည်။ The post တရုတ်နှစ်ကူး နီးချိန် သကြား Re-export ခွင့်ပြုမည့် ကောလာဟလ ထွက်ရှိပြီး ဈေးနှုန်း ကျဆင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2BAm23n
via IFTTT

No comments:

Post a Comment