Friday, January 26, 2018


တာဝန်မယူနိုင်ဘဲ ခွဲတမ်းနှင့် နေရာ၊ ယူသည့်အလေ့အထမရှိဟု ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌဆို မန္တလေး၊ ဇန်နဝါရီ ၂၄ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် တာဝန်မယူနိုင်ဘဲ ခွဲတမ်းနှင့် နေရာယူသည့် အလေ့အထမရှိဟု ယင်းပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့က မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပသည့် ပါတီဝင် အမျိုးသမီးထုတွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။ “တာဝန်ပေးဖို့ ဆိုတဲ့စကားလုံးမှာ အဲ့ဒီတာဝန်ကို ဘယ်လောက် လုပ်ဆောင်နိုင်သလဲ။ ဘယ်လောက် ကိုယ်ကျိုးစွန့်နိုင်သလဲ။ အဲဒီအပေါ် မူတည်ပြီး နေရာဆိုတာ ဖြစ်လာတာ။ပါတီဝင်များအနေနဲ့ တာဝန်နဲ့နေရာကို ကွဲပြားစေချင်တယ်။ တချို့တွေက တာဝန်ကို နေရာပေးတာလို့ ထင်တယ်။ အဲ့ဒါမျိုး မဟုတ်ဘူး။ အလုပ်လုပ်ဖို့အတွက် တာဝန်တွေ ပေးထားပြီးသား တာဝန်ကိုကျေပွန်အောင် မလုပ်နိုင်ဘဲ ခွဲတမ်းနဲ့ နေရာယူဖို့ မစဉ်းစားပါနဲ့။ ပါတီထဲမှာ အဲ့ဒီအလေ့အထ မရှိပါဘူး”ဟု ၎င်းကပြောဆိုသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် လူငယ်များကို နေရာပေးရန်စီစဉ်ထားရာ လူငယ်များအနေနှင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်လိုကြောင်းလည်း ဦးသန်းဌေးက တိုက်တွန်းပြောကြားခဲ့သည်။ ယင်းအပြင် ပါတီဝင်များအနေနှင့် တိုင်းနှင့်ပြည်နယ်အလိုက် ကော်မတီအလိုက်၊ အခန်းကဏ္ဍအလိုက် မိမိတို့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပုံမှန် တွေ့ဆုံပွဲများ၊ အစည်းအဝေးများ ပြုလုပ်ဆွေးနွေးကာ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါက ပါတီအနေနှင့် တစ်နှစ်အတွင်း ပြန်လည် ထူထောင်လာမည်ဟုလည်း ပြောဆိုသည်။ “ခင်ဗျားတို့ အမြဲတမ်း မရှုံးဘူး၊ အမြဲတမ်းလည်း နိုင်ချင်မှနိုင်မှာ။ အဲ့ဒီ အနိုင်အရှုံးဟာ ကျွန်တော် ပြောပြောနေတဲ့ တိုင်းပြည်အတွက်ထားတဲ့ သစ္စာတရား၊ တိုင်းပြည်အတွက် အလုပ်အကျွေး ပြုလိုတဲ့ စေတနာပေါ်မှာ မူတည်တယ်။ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးလုပ်ရာမှာ ရန်သူမရှိပါဘူး။ အပြိုင်အဆိုင် ဆိုတာပဲရှိတယ်။ ဘာတွေပြိုင်မှာလဲ။ တိုင်းပြည်အတွက်ထားတဲ့ သစ္စာတရားတွေ စေတနာတွေပြိုင်မယ်။ အဲ့ဒါတွေကို နိုင်အောင်ပြိုင်နိုင်တဲ့သူ လုပ်ပိုင်ခွင့်ရမှာပဲ”ဟုလည်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌက ပြောဆိုခဲ့သေးသည်။ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီဝင် အမျိုးသမီးထု တွေ့ဆုံပွဲနှင့် ဒေသထွက် ရိုးရာမုန့်ရောင်းပွဲတော်ကို ဇန်နဝါရီလ ၂၃ ရက်နှင့်၂၄ ရက်နေ့က မန္တလေးမြို့တွင်ကျင်းပခဲ့ပြီး မြို့နယ်အလိုက် ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကာ ရရှိလာသည့် ဆွေးနွေးချက်များပေါ် မူတည်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။ http://ift.tt/2DDsMTL
Source : https://goo.gl/bYs4B4
via IFTTT

No comments:

Post a Comment