Sunday, January 28, 2018


လူ့အခွင့်အရေးလှုပ်ရှားသူများသည် ဆူဆူပူပူလုပ်သူတစုဟု ဒူတာတေက ဒေါ်အောင်ဆန်းစုကြည်ကို ပြော လူ့အခွင့်အရေးလှုပ်ရှားသူများသည် ဆူဆူပူပူလုပ်သူတစုသာဖြစ်သောကြောင့် ၎င်းတို့နှင့်ပတ်သက်ပြီး စိတ်ရှုပ်စရာမလိုကြောင်း ပြည်ပတွင် အပြင်းအထန်ဝေဖန်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေက ပြောဆိုကြောင်း အိန္ဒိယမှ လာသော သတင်းများအရ သိရသည်။ ဒူတာတေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦးစလုံး တက်ရောက်နေသည့် နယူးဒေလီတွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ၏ ဖိလစ်ပိုင်-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ မိန့်ခွန်းတွင် ထိုသို့ ဒူတာတေကပြောဆိုကြောင်း သိရသည်။ “ကျနော်တို့ ကျနော်တို့နိုင်ငံအကြောင်း၊ ကျနော်တို့ အကျိုးစီးပွားအကြောင်း ပြောကြတယ်။ ကျနော်က လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဂရုမစိုက်ဘူး။ တကယ်တော့ သူတို့တွေက ပူညံပူညံအုပ်စုပဲလို့ ပြောခဲ့တယ်” ဟု ဒူတာတေက ပြောကြောင်း ရိုက်တာ သတင်းတပုဒ်က ရေးထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မှ တိုက်ခိုက်မှုများနှင့် ဘင်္ဂလားဒေ့ရှ်သို ဒုက္ခသည် သိန်းချီထွက်ပြေးသောကြောင့် နိုင်ငံတကာ ဝေဖန်မှုကို ခံနေရသလို ဒူတာတေသည်လည်း လူ ၃၉၀၀ ခန့်သေဆုံးစေသော မူးယစ်ဆေးဝါးတိုက်ဖျက်မှုလှုပ်ရှားမှုကိုလည်း လူ့အခွင့်အရေးသမားများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ “သူမဟာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်တယ်ဆိုတဲ့အချက်နဲ့ ချောင်ပိတ်မိနေတာ ကျနော်စိတ်မကောင်းဘူး။ အခုတော့ ပူညံပူညံနဲ့ အကြီးအကျယ် ဝေဖန်ခံနေရပြီ” ဟု ဒူတာတေက သူ၏ မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။ The post လူ့အခွင့်အရေးလှုပ်ရှားသူများသည် ဆူဆူပူပူလုပ်သူတစုဟု ဒူတာတေက ဒေါ်အောင်ဆန်းစုကြည်ကို ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2FmYgdd
via IFTTT

No comments:

Post a Comment