Sunday, January 28, 2018


အလံပြောင်းလဲအသုံးပြုမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ယခင်ပါတီ အလံကို အလံသစ်ဖြင့် ပြောင်းလဲအသုံးပြုရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားကြောင်း သိရသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ အရ နိုင်ငံပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် `စီ´ လမ်းထောင့်၊ အမှတ် ၅ တွင် ပါတီရုံးချုပ် တည် ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယင်းပါတီ၏ အလံကို ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်းကို တင်ပြလာသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။ ယင်းသို့ တင်ပြလာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အလံပုံစံသစ်ကို ကန့်ကွက်လိုပါကလည်း ၇ ရက်အတွင်း ခိုင်လုံသော အထောက်အထားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်နိုင်ကြောင်းလည်း ကြေညာထားသည်ကို တွေ့ရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယခင်အသုံးပြုသည့် အလံအစား ယခုပြောင်းလဲ လျှောက်ထားသည့် အလံတွင် ငါးထောင့်ကြယ်တစ်လုံးသာ ပါဝင်လာပြီး မည်သည့်ရုပ်ပုံနှင့် စာလုံးများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ The Ladies News http://ift.tt/2rMMVBr
Source : http://ift.tt/2rMMVBr
via IFTTT

No comments:

Post a Comment