နယ်မြေကျော်လွန် ဝင်ရောက် ဆက်ကြေးကောက်ခံသည့် RCSS/SSA အဖွဲ့များအား ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်းရှိ ကျောက်မဲ-သီပေါ သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် RCSS/SSA အဖွဲ့မှ နယ်မြေကျော်လွန်ဝင်ရောက်၍ အရပ်သားအသွင်ဖြင့် အရပ်ဝတ်များ ဝတ်ဆင်ပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများထံမှ အဓမ္မဆက်ကြေး ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသဖြင့် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက တပ်မတော် စစ်ကြောင်းမှ ခရီးသွားများအသွင်ဖြင့် သွားရောက် ရှင်းလင်းခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ရှင်းလင်းဆောင်ရွက်စဉ် ဘော်ကြိုကျေးရွာအရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာတွင် ခရီးသွား ပြည်သူများထံမှ အရပ် ဝတ်များ ဝတ်ဆင်၍ ဆက်ကြေး ကောက်ခံလျက်ရှိသည့် RCSS/SSA အဖွဲ့ဝင် ၂ ဦးအား တွေ့ရှိခဲ့ရာ တပ်မတော် စစ်ကြောင်းမှ ရှင်းလင်းစဉ် RCSS/SSA အဖွဲ့ဝင် ၁ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ကျည် ၆ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။ ကျန်အဖွဲ့ဝင် ၁ ဦးမှာ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာမှ အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ ရာ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်း လင်း လျက်ရှိကြောင်း သိရသည်။ အဆိုပါနယ်မြေသည် ယခင်က တည်ငြိမ်အေးချမ်းလျက်ရှိရာမှ ယခုအခါ RCSS/SSA အဖွဲ့များ၏ နယ်မြေကျော်လွန် ဝင်ရောက်၍ ခရီးသွားပြည်သူများအား အဓမ္မဆက်ကြေး ကောက်ခံမှုများကြောင့် ခရီးသွားပြည်သူများ သွားလာရာတွင် စိုးရိမ်ပူပန်လျက်ရှိကြောင်းနှင့် ဘော်ကြိုဘုရားကြီးသို့ လာရောက် ဖူးမြော်ကြသည့် အခြားဒေသမှ ပြည်သူများနှင့် နိုင်ငံခြားသားများ ဘုရားဖူးလာရောက်ခြင်းအပေါ် ထိခိုက်နိုင်ကြောင်းဖြင့် သတင်းထုတ်ပြန်ထားသည်။ The Ladies News
Source : http://ift.tt/2n9m4uz
via IFTTT
No comments:
Post a Comment