Sunday, January 28, 2018


Sony ရဲ့ Mirrorless ကင်မရာ Alpha A7R III အဆင့်မြင့် မော်ဒယ်သစ် Tech Radar လို Website ကတော့ Sony ရဲ့ Mirrorless ကင်မရာ Alpha A7R III အဆင့်မြင့် မော်ဒယ်သစ်ကို လက်ရှိ ဈေးကွက်ထဲမှာ ဝယ်ယူဖို့ အကောင်းဆုံး Mirrorless အမျိုးအစား ကင်မရာလို့တောင် ဆိုထားပါတယ်။ သူ့ရဲ့ အားသာချက် အနေနဲ့ သဘောကျစရာက 42.2 MP ရှိတဲ့ Lens နဲ့ တစက္ကန့်ကို ရိုက်ချက် ၁၀ ချက်ထိ ရိုက်ကူးနိုင် တယ်၊ ပြီးတော့ IS က နောက်ဆုံးပေါ် နည်းပညာကို သုံးနိုင်မှာ ဖြစ်ပြီး 5-axis နဲ့ ဖြစ်ပါတယ်။ EVF က အရွယ်အစားလည်း ကြီးမားသလို တောက်ပမှုလည်း အားကောင်းမယ်။ AF စနစ်က မြန်လည်း မြန်တယ်၊ စွမ်းဆောင်ရည်လည်း ကောင်းတယ်။ ပြီးတော့ ကင်မရာကို လက်ထဲမှာ ကိုင်တွယ် အသုံးပြုရမှုက တော်တော်ကို အဆင်ပြေတယ် လို့ ဆိုထားတာပါ။ ဒါပေမယ့် ဘက်ထရီ သက်တမ်းက အခုထက် ပိုပြီး အသုံးပြုနိုင်ဖို့ သင့်တယ် လို့ မှတ်ချက်ပေးထားတာ တွေ့ရသလို Touch စနစ်နဲ့ သုံးနိုင်တဲ့ မျက်နှာပြင်စနစ်ပါရှိပေမယ့် Limited ပုံံစံ ဖြစ်နေပြီး မျက်နှာပြင် တခုလုံး Touch နဲ့ မရပါဘူး။ SD ကတ်ပေါက်က တပေါက်စာပဲ ပါသလို UHS-II စနစ်ကိုပဲ ဖတ်ပေးနိုင်တာ တခုက အားနည်းနေစေ သလို ဖြစ်နေပါတယ်။ Sony ကနေ အခု နောက်ဆုံး ထုတ်လုပ်ရောင်းချလာတဲ့ မော်ဒယ် ဖြစ်ပြီး ရုပ်ထွက် ကြည်လင် ပြတ်သားမှု ဦးစားပေး ပုံစံနဲ့ ဖန်တီးထားတဲ့ Mirrorless တန်းဝင် မော်ဒယ်ပါ။ ရှေ့ထွက် Alpha A9 မော်ဒယ်မှာ ပါရှိတဲ့ အားသာချက် အားလုံးကို ထည့်သွင်း ဖန်တီးထားတယ်၊ အားနည်းချက်တွေကို ပြင်ဆင်ထားတာလည်း တွေ့ရပါတယ်။ အထူးသဖြင့် အဆိုပါ A9 မော်ဒယ်က ပြိုင်ဘက် Nikon D850 နဲ့ အရည်အသွေး အတူလောက် ဖြစ်နေလို့ အခု မော်ဒယ်ကို ပိုကောင်းအောင် အဆင့်မြှင့် ထုတ်လုပ်လာခြင်းမျိုးပါ။ တပ်ဆင် ဖန်တီးထားမှု အပိုင်းမှာ CMOS အာရုံခံစနစ်ကို ထည့်ထားတာ တွေ့ရတယ်၊ Full-frame အနေနဲ့ ရိုက်ကူးနိုင်မယ်၊ ကင်မရာပေါ်မှာ ၃ လက်မ အရွယ် ပြသမျက်နှာပြင်စနစ်ကို ထိန်းချုပ်မှု အတွက်ရော ပုံတွေ ပြန်ကြည့်ဖို့ အတွက်ပါ ထည့်ထား ပါတယ်။ ဒီစနစ်က OLED နဲ့ ဖြစ်ပြီး ရှေ့ထွက် A9 က စနစ် အတိုင်းပါပဲ။ ISO ချိန်ယူနိုင်မှုမှာ 50 ကနေ 102,400 အထိ ရလာပြီး အဓိက ပြိုင်ဘက် Nikon D850 ရဲ့ ISO32 ကို ကောင်းကောင်း နောက်ကောက်ချလိုုက် နိုင်ပါတယ်။ ရုပ်သံ ရိုက်ကူးနိုင်မှု အနေနဲ့တော့ 4K ရုပ်ထွက်ကို 3840×2160 p နှုန်းနဲ့ ရိုက်ကူး နိုင်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ HLG ဆိုတဲ့ Hybrid Log-Gamma စနစ်သစ် သုံးနိုင်အောင် ထည့်သွင်း ဖန်တီးထားတာ တွေ့ရပြီး သူက HDR စနစ်လိုပဲ ရုပ်ထွက် ပိုကောင်းအောင် လုပ်ဆောင်ပေးမယ့် စနစ် ဖြစ်ပါတယ်။ Full HD လို ရုပ်ထွက်နဲ့ လိုချင်တယ် ဆိုရင်လည်း ရနိုင်ပြီး တစက္ကန့်ကို ၁၂၀ ရိုက်ချက်နှုန်းနဲ့ပါ ရိုက်နိုင်မယ့် မော်ဒယ်ပါ။ ကိုယ်ထည်ပိုင်း ကတော့ မဂ္ဂနီစီယမ်နဲ့ Alloy သားကို ရောစပ်ဖန်တီးထားပြီး ပေါ့ပါးဖို့ရော အကြမ်းခံနိုင်မှုနဲ့ လက်ကိုင် အသုံးပြုရမှု အပိုင်းမှာပါ ချောမနေအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ အထူးသဖြင့် Auto Focus နဲ့ အမြန် ချိန်တွယ် ရိုက်ကူးမှုတွေမှာ လက်အတွင်း အသားကျပြီး တည်ငြိမ်မှု ရှိအောင် ကိုယ်ထည် ဒီဇိုင်း ဖန်တီးထားမှု ကောင်းမွန်တာ တွေ့ရပါတယ်။ AF-ON ခလုတ်ကိုလည်း သီးသန့် ထည့်ပေးထားတာ တွေ့ရပါတယ်။ ဖုန်နဲ့ ရေငွေ့တွေ ကင်မရာ အတွင်း မဝင်နိုင်အောင် အာမခံ ပုံစံနဲ့ ဖန်တီးထုတ်လုပ်ထားတယ် လို့လည်း ဆိုပါတယ်။ ကင်မရာက အလေးချိန် ၆၅၇ ဂရမ်ပဲ လေးပါတယ်။ Auto Focus အပိုင်းမှာတော့ Sony ရဲ့ သိသာတဲ့ အဆင့့်မြှင့်ထားမှုကို တွေ့နိုင်ပါတယ်။ Phase-detection ကို ၃၉၉ နဲ့ Contrast-detedtion ကို ၂၅ ကနေ ၄၀၀ အတွင်းထိ ချိန်ညှိရိုက်ကူးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Auto Focus ရဲ့ မြန်နှုန်းကလည်း တော်တော်ကို တိုးတက် မြန်ဆန်လာတာပါ။ အထူးသဖြင့် အလင်းနည်း အနေအထားမှာ Auto Focus ရဲ့ မြန်နှုန်းက ရှေ့ထွက် မော်ဒယ်တွေထက် ၂ ဆလောက် ပိုမြန်လာပါတယ်။ အလင်းဆကိုလည်း -3EV ထိအောင် ချိန်နိုင်လာပါတယ်။ Nikon D850 မှာ ဆိုရင် အလင်းဆကို -4EV ထိ ချိန်နိုင်တာပါ။ ပြီးတော့ Flexible Spot ဆိုတဲ့ mode အသစ် တွေ့ရပါတယ်။ သူက Auto Focus ပုံစံ ၃ မျိုး ရွေးချယ် ရိုက်ကူးနိုင်မှာပါ။ Focusing (ချိန်ယူရိုက်ကူးနိုင်မှု) လည်း မြန်ဆန်လာပါတယ်။ အထူးသဖြင့် Single Servo Mode နဲ့ ဆိုရင် ကင်မရာက အရမ်းကို မြန်ပါတယ်။ Eye AF ကိုလည်း အဆင့်မြှင့်ထားမှု တွေ့ရပါတယ်။ Alpha 9 က စနစ် ဖြစ်ပေမယ့် နည်းပညာပိုင်း ဖန်တီးမှု ပိုကောင်းလာပါတယ်။ Auto Focus -C mode သုံးချိန် Eye-Auto Focus က တွဲဖက် လုပ်ဆောင်လုပ်ဆောင်မှု တွေ့ရပြီး သင် လိုချင်တဲ့ ပုံရိပ်ကို တဆက်တည်း ချိန်ဆ ရိုက်ကူးနိုင်မှု အားကောင်းလာစေပါတယ်။ Burst ရိုက်ကူးနိုင်မှု အနေနဲ့တော့ အရင်က တစက္ကန့်ကို ရိုက်ချက် ၅ ချက်ပဲ ရနေရာကနေ စွမ်းဆောင်ရည်ကို ၁ ဆ မြှင့် လာပြီး အခု မော်ဒယ်မှာ တစက္က့န်ကို ရိုက်ချက် ၁၀ ချက် ရလာပါတယ်။ ပြီးတော့ Sony ရဲ့ 5-axis ရုပ်ထွက် တည်ငြိမ်မှု နည်းပညာကိုလည်း ထည့်ထားတာ တွေ့ရပါတယ်။ ရှေ့ထွက် A7R II မှာ 4.5 Stop Sys ပါရှိခဲ့ရာကနေ အခု A7R III မှာတော့ 5.5 ထိအောင် ရှိလာပါတယ်။ ဒါဟာ တုန်ခါမှုနဲ့ ရုပ်ထွက်ဝေဝါးမှုကို အကောင်းဆုံး လျှော့ချလာနိုင်တာ ဖြစ်ပြီး အထူးသဖြင့် တစက္ကန့်ကို ရိုက်ချက် ၁၀ နှုန်းနဲ့ ရိုက်နေချိန် Shutter ရဲ့ တုန်ခါမှုနဲ့ ဖြစ်လာတဲ့ ရုပ်ထွက် ဝေဝါးမှုကို လျှော့ချလာနိုင်တာပါ။ မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၃၁၉၀ နဲ့ ရောင်းချနေတာ တွေ့ရပြီး လက်ရှိ ဈေးကွက်မှာတော့ ပြိုဘက် အနေနဲ့ 45.2MP Nikon D850 နဲ့ 50MP ပါဝင်တဲ့ Canon EOS 5DS တို့ ရှိနေပေမယ့် စွမ်းဆောင်ရည်နဲ့ နည်းပညာ အားကောင်းလာမှု အရတော့ ပြိုင်ဘက် မော်ဒယ်တွေထက် ရွေးချယ်စရာကောင်းတဲ့ မော်ဒယ်လို့ ဆိုရမှာပါ။ Ref: www.techradar.com The post Sony ရဲ့ Mirrorless ကင်မရာ Alpha A7R III အဆင့်မြင့် မော်ဒယ်သစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2ngHGFi
via IFTTT

No comments:

Post a Comment