Sunday, January 28, 2018

အသစ္ထြက္လာတဲ့ 2018 Lexus RX 350L

အသစ်ထွက်လာတဲ့ 2018 Lexus RX 350L Lexus ရဲ့ RX မော်ဒယ်တွေက လက်ရှိ ပြည်တွင်းမှာတောင် လူကြိုက်များ စီးနင်းနေတဲ့ ဇိမ်ခံ SUV မော်ဒယ်တွေပါ။ တကယ်တော့ ကားတစ်စီး ထုတ်ပြီ ဆိုတာနဲ့ လိုအပ်တာက ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ များများ ရှိနေဖို့ပါပဲ။ အရင်နှစ်တွေ အထိအောင် RX မော်ဒယ်ကို ခုံသုံးတန်းနဲ့ ရနိုင်အောင် ထုတ်လုပ်ဖို့ ဝယ်လက်တွေက ဆန္ဒရှိပေမယ့် Lexusက မထုတ်ခဲ့ပဲ အခု ၂၀၁၈ မော်ဒယ်အတွက်ကိုတော့ ခုံသုံးတန်းနဲ့ မော်ဒယ် လာပါပြီ။ RX 350L လို့ အမည်အသစ် ပေးပြီး ဒီဇိုင်းအားလုံး အသစ် ဖြစ်အောင် ဖန်တီးထားတာပါ။ RX ရဲ့ နောက်ဆက်တွဲလို့လည်း ဆိုနိုင်သလို မော်ဒယ်ခွဲလို့လည်း သတ်မှတ်နိုင်မှာ ပါ။ ဒီတော့ ခုံသုံးတန်းနဲ့ မိသားစုသုံး မော်ဒယ် လိုချင်သူတွေ အတွက်တော့ စိတ်ဝင်စားစရာပါ။ မော်ဒယ်မှာ သဘောကျစရာ ကောင်းတဲ့ အချက်က အတွင်းခန်းပါပဲ၊ တပ်ဆင် ပစ္စည်း အရည်အသွေး ထိပ်တန်း အဆင့် ရှိတယ်၊ အရည်အသွေး အကောင်းဆုံးလို့ ဆိုနိုင်တယ်၊ ပြိုင်ဘက် မော်ဒယ်တွေထက် ပိုမို မာကျောတဲ့ ကိုယ်ထည်နဲ့ ကောင်းမွန်တဲ့ ဒီဇိုင်းကို တွေ့ရပါတယ်။ ပြီးတော့ လုံခြုံစိတ်ချရမှု စနစ်၊ တန်းတူ ပြိုင်ဘက်တွေထက် နည်းပညာ ပိုစုံအောင် သုံးနိုင်တယ်၊ ထည့်သွင်းပါရှိမှု များပြားတယ်၊ နောက်ဆုံးပေါ် နည်းပညာတွေ သုံးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ နောက်ဘက် ဝန်တင်ခန်း ကျယ်ဝန်းပါတယ်၊ တတိယ ထိုင်ခုံတန်းကို ခေါက်သိမ်းလိုက်မယ် ဆိုရင် နောက်ဘက် ဝန်တင်ခန်း တော်တော်ကို ကျယ်သွားပါတယ်၊ သဘောကျစရာပါ။ ဒါပေမယ့် နောက်ဘက် ခုံတန်းက အရွယ်ရောက် ခရီးသည် လိုက်ပါမှု အတွက် သေးနေ၊ ကျဉ်းနေပါတယ်၊ ကလေးတွေ ထားရှိ စီးနင်းဖို့လောက်ပဲ ကောင်းပြီး အမေရိကလို ဈေးကွက်မှာတော့ လူကြိူက်များဖို့ အားနည်းစေနိုင်ပါတယ်။ တတိယ ထိုင်ခုံတန်း ခေါက်လိုက်ရင်သာ နောက်ဖက် ဝန်တင်ခန်းက ကျယ်ဝန်း ကောင်းမွန်ပေမယ့် ခုံတန်းခင်းထားချိန်မှာ နောက်ဘက် ဝန်တင်ခန်းက ပြိုင်ဘက် မော်ဒယ်တွေထက် ပိုကျဉ်းနေပါတယ်။ နည်းပညာပိုင်း အစုံအလင်ပါရှိပေမယ့် ဖန်တီးထားမှု နည်းနည်း ရှုပ်နေသလို ဖြစ်နေပြီး မောင်းနှင် အသုံးပြုချိန်မှာ အခက်အခဲ အနည်းငယ် ရှိစေနိုင်ပါတယ်။ မော်ဒယ်ခွဲ ထုတ်လုပ်မှု အနေနဲ့တော့ Base နဲ့ Luxury ဆိုပြီး ၂ မျိုး ရနိုင်ပါတယ်။ တပ်ဆင် အင်ဂျင်စနစ်ကတော့ တမျိုးတည်းပါ၊ ၃ ဒသမ ၅ လီတာသုံး V6 အင်ဂျင် ဖြစ်ပြီး သူက ရုန်းအား ၂၆၃ ပေါင်/ပေမှာ မြင်းကောင်ရေ ၂၉၀ အားထိ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဂီယာပိုင်းမှာတော့ ၈ ချက်သုံး Auto တမျိုးတည်းပဲ ရနိုင်ပေမယ့် ရုန်းအားယူ စနစ်မှာတော့ ရှေ့ဘီးယက် စနစ်နဲ့ ဘီးစုံယက် စနစ် ၂ မျိုး လာပါတယ်။ ဆီတဂါလံကိုတော့ ၂၃ မိုင်ထိ ပျမ်းမျှ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ၁၈ လက်မ ဘီးတွေကို တပ်ဆင်ထားပါတယ်၊ ရှေ့မီးကြီးတွေကို LED နဲ့ ဖန်တီးထားတယ်၊ မီးကြီးတွေက အတင်၊ အချ စနစ် ပါရှိတယ်၊ နောက်ပြီးကလည်း LED၊ နေ့မီးတွေလည်း LED၊ နောက်ဘက်ခန်း သီးသန့်မှန် ပါရှိတယ်၊ Keyless နဲ့ သုံးနိုင်မယ်၊ သားရေ အခင်းအကျင်း အပြင်အဆင်၊ ရှေ့ဘက် ထိုင်ခုံတန်းက Power နဲ့ ပုံစံ ၈ မျိုး ပြောင်းနိုင်တယ်၊ လက်ကိုင်ဘီးကလည်း Power နဲ့ စိတ်ကြိုက် အနေအထား ချိန်နိုင်တယ်။ နောက်ဘက် ထိုင်ခုံတန်းတွေ အားလုံး လိုအပ်ရင် ခေါက်သိမ်းနိုင်မယ်။ တတိယ ထိုင်ခုံတန်း အသိမ်း၊ အထုတ်က Power နဲ့ လာတယ်။ ယာဉ်မောင်း ထိုင်ခုံမှာ မှတ်ဉာဏ်စနစ် ပါတယ်၊ လမ်းကျဉ်း အချက်ပြစနစ်၊ ရှေ့ဘက်၊ နောက်ဘက် ယာဉ်လမ်းကြောင်း အခြေအနေပြ စနစ်၊ အရေးပေါ် ဘရိတ်စနစ်၊ ပတ်လည် အာရုံခံ အချက်ပြစနစ်၊ ဂြိုလ်တု အခြေပြု မြေပုံစနစ်တွေလည်း ပါတယ်။ နောက်ဘက် ပါကင် အာရုံခံစနစ်ရော ရိုက်ကူး ကင်မရာပါ ထည့်ထားပါတယ်။ အဲဒီစနစ်တွေ အတွက် ၈ လက်မ အရွယ် မျက်နှာပြင်ပါရှိပြီး၊ အသံပိုင်း အတွက် စပီကာ ၁၂ လုံးထိအောင် ပတ်လည် စနစ်နဲ့ ထည့်ထားပြီး Mark Levinson အသံထွက် စနစ်နဲ့ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲမှာ ဘာမှ ပြန်ပြီး ထပ်ထည့်စရာ မလိုအောင် ကောင်းတဲ့ မော်ဒယ်ပါ။ ဒါပေမယ့် အတွင်းခန်း နည်းနည်း ကျဉ်းနေတယ်၊ တတိယ ထိုင်ခုံတန်း ပါရှိပေမယ့် မိမိက မိသားစု ဘယ်နှစ်ယောက်၊ ဘယ် အရွယ်တွေ လိုက်ပါ စီးနင်းမယ် ဆိုတာ ပြန်ထည့်တွက်ဖို့ လိုမယ် ထင်ပါတယ်။ နည်းပညာပိုင်း၊ အင်ဂျင်၊ ဆီစား၊ စွမ်းဆောင်ရည်၊ မောင်းနှင်ရမှုရော လိုက်ပါ စီးနင်းရမှု အပိုင်းမှာပါ စိတ်ကြိုက် ဖြစ်ပါတယ်။ အတွင်းခန်း အနေအထား တခုကို လက်ခံနိုင်တယ်၊ အဆင်ပြေတယ် ဆိုရင်တော့ အခုနှစ် ဇိမ်ခံ မော်ဒယ် အဖြစ် ဈေးကွက်ထဲ ရောက်လာတဲ့ ရွေးချယ်စရာ အကောင်းဆုံး မော်ဒယ်လို့ ဆိုချင်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၅၅၀၀၀ နဲ့ မော်ဒယ်ခွဲ အပေါ် မူတည်လို့ ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ Ref: www.edmunds.com The post အသစ်ထွက်လာတဲ့ 2018 Lexus RX 350L appeared first on ဧရာဝတီ.
Source : http://ift.tt/2DFE99Q
via IFTTT

No comments:

Post a Comment