သဘာ၀ ဘေးအန္တရာယ်တွေက စူပါမွန်းဖြစ်စဉ်နဲ့ ဆက်စပ်သလား စူပါမွန်း ဖြစ်စဉ် စူပါမွန်း (Supermoon) ဆိုတာ လနဲ့ ကမ္ဘာ အလွန်နီးကပ်လာပြီး၊ အနီးဆုံး လပြည့်ညကို ခေါ်တာပါ။ စူပါမွန်း ဖြစ်နေချိန်မှာ လနဲ့ ကမ္ဘာတို့ရဲ့ ပုံမှန် အကွာအဝေး ဖြစ်တဲ့ ၃၈၄,၄၀၀ ကီလိုမီတာ (၂၃၈,၈၅၅ မိုင်) အကွာအဝေးက ၃၅၆,၅၇၇ ကီလိုမီတာ (၂၂၁,၅၆၆ မိုင်) အကွာမှာ ရှိနေပါတယ်။ ဒါကြောင့် လကို ကမ္ဘာကနေ ကြည့်ရင် ပုံမှန်လ အရွယ်အစားထက် ၁၄ ရာခိုင်နှုန်းထိ ပိုကြီးလာပြီး တောက်ပမှုကလည်း ၃၀ ရာခိုင်နှုန်း ပိုလာနိုင်တယ်လို့ နာဆာက ခန့်မှန်းပါတယ်။ လနဲ့ ပတ်သက်ပြီး ပင်လယ်ရေနဲ့ ဒီရေ ဆိုင်ရှုာ အဖွဲ့အစည်းတွေက “စူပါမွန်းဖြစ်စဉ်နဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ မြေငလျင်ကြီးတွေ လှုပ်ရှားမှု၊ မီးတောင်ပေါက်ကွဲမှုတွေက ဆက်စပ်နေတယ်လို့ ခန့်မှန်းပြောဆိုနေကြပေမယ့် လက်ရှိ အချိန်အထိ အထောက်အထား ထင်ထင်ရှားရှား မပြနိုင်သေးပါ။ စူပါမွန်း ဝေါဟာရ စူပါမွန်းဆိုတဲ့ ဝေါဟာရကို နက္ခတ္တဗေဒပညာရှင် ရစ်ချတ်နိုးလ်လီ (Richard Nolle) က ၁၉၇၉-ခုနှစ်မှာ အမည်ပေးခဲ့တာ ဖြစ်ပြီး မူရင်းအဓိပ္ပာယ်က ပတ်လမ်းတခုဖြင့် ကမ္ဘာကို လှည့်ပတ်နေတဲ့ လ ဟာ နေ၊ လ၊ ကမ္ဘာတို့ တတန်းတည်း ကျရောက်တဲ့ အချိန်မှာ ကမ္ဘာနှင့် အနီးကပ်ဆုံး အကွာအဝေးသို့ ရောက်ရှိနေစဉ် တွေ့မြင်ရတဲ့ အခြေအနေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ စူပါမွန်းဆိုတဲ့ ဝေါဟာရကို ပညာရပ် အခေါ်အားဖြင့် perlgee syzygy ဟု ခေါ်ပါတယ်။။ အဓိပ္ပာယ်က နေ၊ လ၊ ကမ္ဘာတို့ တတန်းတည်း ကျရောက်နေစဉ် လသည် ကမ္ဘာနှင့် အနီးဆုံး အကွာအဝေးသို့ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်မျိုးကို လပြည့် (full moon)၊ ဒါမှမဟုတ် လဆန်း (new moon) တွေမှာ ကြုံတွေ့ရတတ်ပါတယ်။ ဖြစ်ပေါ်တဲ့ ကြိမ်နှုန်း Full moon cycle ဆိုတဲ့ နေရယ်၊ လ ရယ်၊ ကမ္ဘာရယ် တတန်းတည်း ကျရောက်တဲ့ ဖြစ်စဉ် တခုနဲ့ တခု ကြာမြင့်ချိန်က အကြမ်းအားဖြင့် ၄၁၁ ဒသမ ၈ ရက်တွင် တကြိမ် ဖြစ်ပေါ်လေ့ရှိပါတယ်။ တနည်းအားဖြင့် full moon ၁၄ ကြိမ် ဖြစ်ပေါ်တိုင်း စူပါမွန်း တကြိမ် ဖြစ်ပေါ်လေ့ရှိတာပါ။ full moon cycle တကြိမ်တွင် စူပါမွန်း ၃ ကြိမ် ဖြစ်ပေါ်လေ့ရှိပါသည်။ ဒီရေအပေါ် ဘယ်လိုသက်ရောက်သလဲ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာ ရေပြင်များ အပေါ် နေနှင့်လ တို့ရဲ့သက်ရောက်မှုကြောင့် လဟာ လပြည့် ဒါမှမဟုတ် လဆန်းတိုင်း ကမ္ဘာပေါ်ရှိ သမုဒ္ဒရာတွေထဲမှာ ဒီရေလှိုင်းအကြီးဆုံး ဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် လရဲ့ ဆွဲငင်အားကြောင့် ဒီရေ အတက်အကျ အား အကောင်းဆုံး ဖြစ်ပါတယ်။ယင်းကို perlgean sprlngticle လို့ ခေါ်ပါတယ်။ ဒီရေအပေါ် သက်ရောက်တဲ့ အားက an inverse-cube law ရဲ့ ပြောင်းလဲနေမှုကြောင့် ဒီရေလှိုင်းရဲ့ အားပမာဏက ပျမ်းမျှ ထက် ၁၉ ရာခိုင်နှုန်းခန့် ပိုမိုအားကောင်း နိုင်ပါတယ်။ သို့ပေမယ့် နေရာဒေသ အလိုက် အပြောင်းအလဲ ရှိတတ်တဲ့ အတွက် ဒီရေအပေါ် လရဲ့ သက်ရောက်မှု ကြီးကြီးမားမား မတွေ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ စူပါမွန်းဖြစ်စဉ်အတွင်း အင်္ဂလန်နိုင်ငံ Sol-ent ဒေသမှာ သင်္ဘော ၅ စီး နစ်မြုပ်ခဲ့ရတာဟာ စူပါမွန်းနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပြောဆိုတာတွေ ရှိခဲ့ပေမယ့် အခုထိတော့ သက်သေ အထောက်အထား မပြနိုင်သေးပါ။ အဲဒီနှစ်မှာပဲ ဂျပန်နိုင်ငံ တိုဟာကူ (Toha ku) ဒေသမှာ ရေအောက်မြေငလျင် လှုပ်ခဲ့တာနဲပ အတူ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်ခြင်း၊ တဖန် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာမှာ လှုပ်ခတ်ခဲ့တဲ့ ရေအောက်မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်ခြင်း စတာတွေဟာ စူပါမွန်း ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုပေမယ့် ခိုင်လုံတဲ့ အထောက်အထားတော့ မပြနိုင်သေးပါ။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ သဘာ၀ ဘေးအန္တရာယ်တွေက စူပါမွန်းဖြစ်စဉ်နဲ့ ဆက်စပ်သလား ဆိုတဲ့ အဖြေကိုတော့ ပညာရှင်တွေ စူးစမ်းရှာဖွေလျက် ရှိပါတယ်။ The post သဘာ၀ ဘေးအန္တရာယ်တွေက စူပါမွန်းဖြစ်စဉ်နဲ့ ဆက်စပ်သလား appeared first on ဧရာဝတီ.
Source : http://ift.tt/2BGyDSD
via IFTTT
No comments:
Post a Comment