Monday, January 29, 2018


“တွဲဖက်စားသုံးရန် မသင့်သည့် အစားအစာများ” ပိုစတာ နောက်က အယူသီးမှု “တွဲဖက်စားသုံးရန် မသင့်သည့် အစားအစာများ” ဆိုတဲ့ ပိုစတာကို မြန်မာနိုင်ငံ တဝန်းကပ်ထားကြတာ တွေ့ဖူးပါလိမ့်မယ်။ အထူးသဖြင့် ကျောင်းစားသောက်ဆိုင်တွေ၊ အိမ်တွေရဲ့ ထမင်းစားခန်းနဲ့ မီးဖိုချောင်တွေမှာ ချိတ်ဆွဲ ထားတာ တွေ့နိုင်ပါတယ်။ ဥပမာ ယုန်သားနဲ့မှို အတူတွဲဖက်စားမိရင် တပန်းကန်ကုန်တာနဲ့တောင် ချက်ချင်းသေစေနိုင်တယ် ဆိုတာမျိုးပေါ့။ အဲဒီပိုစတာတွေကို စောင်ရေများများ ရိုက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေကြ၊ ရောင်းချနေကြပါတယ်။ ပိုစတာပေါ်မှာ ဘယ် အစားအစာကို တချိန်တည်းမှာ ဘာနဲ့တွဲစားရင် ဘယ်လို သက်ရောက်မှုရှိတယ်၊ ဘယ်လိုဆိုးကျိုး ရှိတယ် ဆိုတာ ယှဉ်တွဲ ဖော်ပြထားတာပါ။ နမူနာအနေနဲ့ ပြောရရင် ပိုစတာထဲရေးထားတာ သင်ဟာ အာလူးနဲ့ သကြားလုံး တွဲစားမိရင် အော့အန်နိုင်တယ် တဲ့။ နောက်တခုက ကြက်ဥနဲ့ တမာရွက် တွဲစားမိရင် ဇက်ကြောတက်မယ်။ ကနန်းနဲ့ ခရမ်းသီး ရောစားမိရင် သင် အဆိပ် အတောက် မိနိုင်ပါသတဲ့။ အချို့အစားအစာတွေက တွဲစားမိရင် ဓာတ်မတည့်ဘဲ သေစေနိုင်တာတွေ ရှိပါတယ်။ နို့နဲ့ ရှောက်သီးဆို ချက်ချင်း သေနိုင်တယ်ပေါ့။ အချဉ်နဲ့ နို့ တွဲစားမိမှတော့ သေနိုင်တဲ့ အထိ ဖြစ်နိုင်တာ သံသယဝင်စရာတောင် မလိုပါဘူး။ ဒီပိုစတာ တစောင်လုံးမှာ ရေးထားတာတွေက အယူသည်း၊ အကြောက်လွန်ပြီး ရေးထားတာချည်းပါ။ သိပ္ပံနည်းကျ ဓာတ်ခွဲစစ်ဆေး ထားတဲ့ ကောက်ချက်တွေလည်း မဟုတ်ပါဘူး။ ဘယ်သူ ဘယ်တုန်းက ဘယ်လို စနစ်တကျ လေ့လာထားချက် အရ ဆိုတာမျိုးလည်း တိတိကျကျ မတွေ့ရပါဘူး။ “အိမ် အတော်များများရဲ့ မီးဖိုချောင်မှာ အဲဒီပိုစတာတွေ ချိတ်ဆွဲထားကြပါတယ်။ ဘာ အထောက်အထားမှမရှိဘဲ ကြောက်ပြီး ယုံနေကြတာပါ” လို့ မြန်မာ့အစားအစာရေးရာ ရေးသားနေသူ မသိင်္ဂီက ပြောပါတယ်။ “ကျနော် တခါတုန်းက ကြက်သားနဲ့ ကြက်ဟင်းခါးသီးကို ဆိုင်မှာ မှာစားဖူးတယ်။ ဆိုင်ရှင်က အဲဒီ ၂ မျိုး တွဲစားမိရင် သေတတ်တယ် ဆိုပြီး သတိပေးပါတယ်။ ကျနော် နှစ်မျိုးစလုံး စားပစ်လိုက်တယ်။ အခုထိ ကျနော် မသေပါဘူးဗျာ” လို့ မြန်မာလူမျိုး ကိုကျော်စိုးထက်က သူ့ရဲ့ အရဲစွန့် စားသောက်ခဲ့တဲ့ အဖြစ်အပျက်လေးကို ပြန်ပြောပြပါတယ်။ အစားအသောက်နဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကို ဂဃဏနသိချင်တဲ့ အတွက် အာဟာရပညာရှင် ဂျနီဖာမက်ကိုဝစ်ဇ် (Jennifer Markowitz) ရဲ့ http://ift.tt/2DFEGIF ကို ဆက်သွယ်ပြီး မေးကြည့်မိပါတယ်။ ဘယ်အစာနဲ့ ဘယ်အစာ တွဲစားမိရင် ဗိုက်နာတာ၊ မအီမသာဖြစ်နိုင်တာ စသဖြင့် ပေါ့။ အထူးသဖြင့်တော့ “တွဲဖက်စားသုံးရန် မသင့်သည့် အစားအစာများ” ဆိုတဲ့ ပိုစတာမှာ ပါတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတာပါ။ ဂျနီဖာမက်ကိုဝစ်ဇ်က ပိုစတာပေါ်က နမူနာတွေကို လေ့လာဆန်းစစ်ပြီးတော့ “ဒီအစားအသောက် အတွဲတွေက သိပ္ပံနည်းကျ ယုတ္တိရှိရှိ ပေါ်မှာ အခြေခံပြီး ရေးထားတာ မဟုတ်ပါဘူး” လို့ ကောက်ချက်ချပါတယ်။ ဒါပေမယ့် ပိုစတာမှာပါတာတွေက နားမလည်နိုင်လို့ တန်ဖိုးမဲ့တယ်လို့တော့ မဆိုလိုပါဘူး။ “ဒီအစားအသောက် အတွဲတွေဟာ ရိုးရာဓလေ့ထုံးစံပေါ်မှာ အခြေခံထားတဲ့ သဘောပါ” လို့ သူမက ရှင်းပြပါတယ်။ “အယူသီးမှုတွေနဲ့ လက်ခံယုံကြည်မှုတွေက မျိုးဆက်တဆက် ကနေ နောက်တဆက် လက်ဆင့်ကမ်းခဲ့တာမှာ ဒီ အစားအသောက်ကိစ္စ ကလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်” စာရေးသူလည်း အာဟာရနဲ့ ပတ်သက်ပြီး ဂျူးလူမျိုးတို့ရဲ့ ပင်နီဆီလင်နဲ့ တရုတ်ယဉ်ကျေးမှုထဲက ဥတွေ အသုံးပြုပြီး ဖော်စပ်ထားတဲ့ အာဟာရ တခု အကြောင်းကို စဉ်းစားနေမိပါတယ်။ ဒီ အစားအစာတွေကို တွဲဖက် စားသောက်မိက လူ့ကျန်းမာရေး ထိခိုက်စေမယ် လို့ ဂျနီဖာမက်ကိုဝစ်ဇ်က ကောက်ချက် မချပါဘူး။ တခါတုန်းက အဲဒီလို တွဲစားရင်း တခုခုဖြစ်ခဲ့ဖူးတယ် ဆိုတဲ့ အတွေ့အကြုံ တခုတည်းကို တရားသေ မှတ်ယူတာ မျိုး မဖြစ်စေချင်တဲ့ သဘောပါ။ “တွဲဖက်စားခြင်းရဲ့ အကျိုးကျေးဇူးဟာ အမြဲတမ်းအားဖြင့် အာဟာရ တိုးဖို့ အတွက် အထောက်အကူ ဖြစ်စေပါတယ်” လို့ မက်ကိုဝစ်က ရှင်းပြသည်။ တောင်အမေရိကဓလေ့ အရ ပဲကြီးစေ့တွေနဲ့ ထမင်းနဲ့ တွဲဖက်စားတဲ့ အတွဲမျိုး တချို့ကျတော့ သူတို့ကျန်းမာရေး အတွက် ထိရောက်မှု ရှိစေတယ် ဆိုပြီး သုံးဆောင်ကြပါတယ်။ ထမင်းနဲ့ ပဲကြီးစေ့ တွဲစားတာဟာ အမိုင်နိုအက်ဆစ် ဆိုတဲ့ အာဟာရ တမျိုးကို ဖန်တီးပေးပါ။ အဲဒီဓာတ်ဟာ ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်ကို ထိရောက်စွာ အာဟာရနိုင်ဖို့ အတွက် မရှိမဖြစ် ဓာတ်ပါ။ အဲဒီ အတွဲမျိုးက ခန္ဓာကိုယ်လိုအပ်တဲ့ အာဟာရ လုံလုံလောက်လောက် ဖြစ်စေတယ် လို့ သိပ္ပံပညာရှင်တွေ အခုအခါမှာ သိလာကြပါပြီ ဖြစ်လို့ အစားအသောက် အတွဲကို သူတို့ တွဲစားဖို့ ပြင်ဆင်ခဲ့တာ ကြာပါပြီ။ တွဲဖက်စားရင် အကျိုးရှိစေတဲ့ တခြားအစားအသောက် တွေလည်း မက်ကိုဝစ်က ရှင်းပြပါသေးတယ်။ “ငရုတ်ကောင်း အနက်စေ့ဟာ နနွင်းအရည်ကို စုပ်ယူဖို့ အတွက် အားပေးပါတယ်။အလားတူပါပဲ… ငှက်ပျောသီးနဲ့ ဒိန်ချဉ်တွဲစားတာဟာ အစာအိမ် အူလမ်းကြောင်းက မလိုလားအပ်တဲ့ ဘက်တီးရီးယားပိုးတွေ သေစေနိုင်ပါတယ်။ အဲသလိုပဲ ရှောက်ရည်က အန်တီအောက်ဆီးဒင့် ပါဝင်တဲ့ လက်ဖက်စိမ်း အာဟာရ လူ့ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်အောင် အထောက်အကူပြုပါတယ်” လို့ သူက ရှင်းပြပါတယ်။ တွဲဖက်မစားသင့်ဘူး ဆိုတဲ့ ပိုစတာအတိုင်း တကယ်ဖြစ်တာ၊ မဖြစ်တာ အပထား၊ ယုန်သားနဲ့ မှိုကို မြန်မာပြည် ကျောင်းတွေက စားသောက်ဆိုင်တွေမှာတော့ သင် ဘယ်လိုမှ တွေ့ရမှာ မဟုတ်ဘူး။ (www.orlandosentinel.com တွင် ဖော်ပြထားသည့် These food combinations could kill you, Myanmar health poster claims ကို ဆီလျော်အောင် ဘာသာပြန်သည်။) The post “တွဲဖက်စားသုံးရန် မသင့်သည့် အစားအစာများ” ပိုစတာ နောက်က အယူသီးမှု appeared first on ဧရာဝတီ.
Source : http://ift.tt/2nkI4Sp
via IFTTT

No comments:

Post a Comment