ဆက်သွယ်ရေး အော်ပရေတာ သုံးခုအနက် အူရီးဒူး သည် ဝင်ငွေခွန် ထမ်းဆောင်နိုင် ခြင်း မရှိသော်လည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် တယ် လီနောက ဝင်ငွေခွန်ထမ်းဆောင် ခဲ့ကြောင်း ဇန်နဝါရီ တတိယပတ် က ပြည်တွင်းအခွန်များ ဦးစီးဌာန ထုတ်ပြန်ချက်စာရင်းအရ သိရသည်။ ၂၀၁၆-၁၇ အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဝင် ငွေခွန် ကျပ်ဘီလီယံ ၁၀၀ နှင့် အထက်၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၅၀ အောက် ပေး ဆောင်ပြီး တယ်လီနောက ဝင် ငွေခွန် ၂၄ ဘီလီယံကျော်၊ ကုန် သွယ်လုပ်ငန်းခွန် ကျပ်နှစ် ဘီလီယံအောက် ပေးဆောင်ခဲ့ သည်။ အူရီးဒူးသည် ဝင်ငွေခွန် ပေး ဆောင်နိုင်ခြင်း မရှိသော်လည်း ကုန်သွယ်လုပ်ငန်းခွန် တစ်ဘီလီယံအောက် ပေးဆောင်ခဲ့သည်။ ဝင်ငွေခွန် ပေးဆောင်ရာ တွင် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် နိုင်ငံပိုင်အဖွဲ့အစည်း များအနက် အဆင့်(၂)နေရာတွင် ရပ်တည်ပြီး တယ်လီနောက နိုင်ငံခြားကုမ္ပဏီများအနက် အ ဆင့် ၅ နေရာ၌ ရှိသည်။ ဆက်သွယ်ရေးလိုင်စင်ရရှိ ပြီး လေးနှစ်တာကာလအတွင်း ဝင်ငွေခွန် ကျပ်ဘီလီယံ ၂၀၀ ကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် ၅၆ ဘီလီယံကျော် ပေးဆောင်ထားကြောင်း တယ်လီနောက ကြေညာသည်။ နိုင်ငံခြား ကုမ္ပဏီများ၏ အခွန်ပေးဆောင်မှုကို ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန် ရာ ဝင်ငွေခွန်ပေးဆောင်သည့် ကုမ္ပဏီ ၂၆၉ ခုနှင့် ကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်သည့် ကုမ္ပဏီ ၂၉၉ ခုရှိသည်။
Source : http://ift.tt/2DSt3BC
via IFTTT
No comments:
Post a Comment