Saturday, October 21, 2017


ဇေယျာဖြိုးနေအိမ်တွင် သိမ်းဆည်းခံရသည့် ငွေ သိန်း ၅၀ ရှာဖွေပုံစံတွင် မတွေ့ရဟု ရှေ့နေထွက်ဆို တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင် ပါဝင်ပတ်သက်နေသဖြင့် ဖမ်းဆီးခံထားရသူ ဇေယျာဖြိုး၏ နေအိမ်ကို အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေရာတွင် ပိုင်ဆိုင်မှုအထောက်အထားများအပါအဝင် ငွေသား ၁ သောင်းကျပ်ထုပ် ၅ ထုပ် (ခန့်မှန်းခြေ သိန်း ၅၀ ကျပ်) ဝန်းကျင် ထည့်သွင်းသိမ်းဆည်းခဲ့သော်လည်း ရှာဖွေပုံစံတွင် ရေးသွင်းမထားသည့်အပေါ် ဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပဝင်းက ယနေ့ရုံးချိန်းတွင် ပြောဆိုခဲ့ကြောင်း သိရသည်။ “အမှုနဲ့ မသက်ဆိုင်တာတွေ သိမ်းသွားတယ်။ ပိုင်ဆိုင်မှု အထောက်အထားတွေ၊ ကလေးဓာတ်ပုံတွေ၊ ကလေးကျောင်းမှတ်တမ်းတွေပါသွားတယ်။ ဟုတ်တယ် ငွေသားအုပ်တွေလည်း ပါသွားတယ်။ အဓိကပြောချင်တာက ရှာဖွေပုံစံသည် နည်းလမ်းမကျဘူး။ အပြည့်အစုံဖော်ပြထားခြင်းမရှိဘူးဆိုတာကို ပြောချင်တာ” ဟု ဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပဝင်းက ပြောသည်။ ယနေ့ရုံးထုတ်သို့ တာမွေမြို့နယ်မှ နယ်ထိန်းရဲ ဦးဇော်ဇော်ထွန်း ဆိုသူလည်း သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့ရာ ယင်း စွပ်စွဲချက်အပေါ် ယတိပြတ် တုန့်ပြန်မှု မရှိကြောင်း၊ တာဝန်အရလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း၊ စွပ်စွဲချက်အပေါ် “မသိဘူး” ဟုသာ ပြောဆိုကြောင်း သိရသည်။ “ဇေယျာဖြိုးရှေ့နေ က သူတို့အိမ်မှာဝင်စစ်တော့ ဇေယျာဖြိုးရဲ့ ဇနီး ဒေါ်သီတာလွင်ရဲ့ ဗီရိုထဲက ၁ သောင်းတန်အုပ် ၅ ထုပ် ကို ယူသွားတယ်။ အိမ်ရဲ့ စာချုပ်စာတမ်းတွေလည်း ယူသွားတယ် ပြောတယ်။ ဒါပေမယ့် အဲဒါတွေက ရှာဖွေပုံစံထဲမှာ မပါဘူးလို့ ပြောတယ်ဆိုတော့ ဘယ်လိုရှာကြသလဲတော့ မသိဘူး။ အဲဒီစွပ်စွဲချက်တွေပေါ့။ အခုလို စွပ်စွဲတော့ ရဲတပ်ဖွဲ့ရဲ့ ကိုယ့်ကျင့်သိက္ခာလည်း ထိခိုက်တာပေါ့” ဟု ယနေ့ရုံးချိန်းတွင် တက်ရောက်ခဲ့သည့် ဦးကိုနီရှေ့နေ ဦးခင်မောင်ဌေးက ဧရာဝတီသို့ ပြောသည်။ ရှေ့နေ ဦးခင်မောင်ဌေးက “ဦးကိုနီ ဆုံးတာက ဇန်နဝါရီ ၁၉ ရက်နေ့မှ ဖြစ်တယ်။ အဲဒါကို ရဲတပ်ဖွဲ့က ဇေယျာဖြိုးအိမ်ကို ဝင်ရှာတာ ဇန်နဝါရီ ၄ ရက်ဆိုပြီး လုပ်လာတယ်ဆိုတော့ တော်တော်တော့ ဂွတီးဂွကျနိုင်တယ်။ အလုပ်ကို သေချာမလုပ်ဘူး လို့ ပြောလို့ရတယ်။ အခုစွပ်စွဲချက်တွေလည်း ဒါတွေယူသွားတယ်။ ဒါပေမယ့် ရှာဖွေပုံစံတွေထဲ အဲဒီပစ္စည်းတွေ မပါဘူး။ လာရောက်ထွက်ဆိုတဲ့ တာမွေက နယ်ထိန်းကလည်း ယတိပြတ်တုန့်ပြန်ပြောသွားတာမရှိဘူး” ဟု ရှင်းပြသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့ ရုံးချိန်းကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ ဇေယျာဖြိုးသည် ပြည်ထဲရေးဝန်ကြီးဌာန နှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်မှုများ ရှိခဲ့ဖူးကြောင်း၊ လုပ်ငန်းစာချုပ်၊ အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုခဲ့ဖူးကြောင်း ဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပဝင်းက ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဇေယျာဖြိုး၏ ကုမ္ပဏီရုံးခန်းသို့ ဝင်ရောက်ရှာဖွေခဲ့စဉ်က သေနတ်အိတ် ၂ အိတ်၊ စကားပြောစက် ၂ လုံးနှင့် အဓိက စာရွက်စာတမ်းများ ရရှိခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း အဆိုပါ ပစ္စည်းများသည် ဇေယျာဖြိုးနှင့် ပတ်သက်မှုမရှိကြောင်း ရှေ့နေဖြစ်သူ က ငြင်းဆိုခဲ့သည်။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည့် ရုံးချိန်း ၂၉ ကြိမ်ခန့်ရှိပြီဖြစ်ပြီး သက်သေ ၈၀ ကျော် ရှိသည့် အနက် ၅၀ ဦး စစ်ဆေးပြီးဖြစ်သော်လည်း အမှုတွင် ပါဝင်ပတ်သက်နေသည့် အောင်ဝင်းခိုင် ကို ရဲတပ်ဖွဲ့က ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။ သို့ဖြစ်ရာ တရားခံပြေး ကို ရဲတပ်ဖွဲက လုံးဝ ဖမ်းဆီးရမိခြင်း မရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်များအရ လုပ်ဆောင်ရမည့် အဆင့်များ ဆက်လက်ရှိနေသေးကြောင်း ဦးကိုနီ၏ ရှေ့နေ ဦးခင်မောင်ဌေးက ရှင်းပြသည်။ The post ဇေယျာဖြိုးနေအိမ်တွင် သိမ်းဆည်းခံရသည့် ငွေ သိန်း ၅၀ ရှာဖွေပုံစံတွင် မတွေ့ရဟု ရှေ့နေထွက်ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2l44Uj9
via IFTTT

No comments:

Post a Comment