Wednesday, October 4, 2017


အီဂျစ်သို့ ပေးပို့သည့် မြောက်ကိုရီးယား လက်နက်မှောင်ခို သင်္ဘော စူးအက်၌ ဖမ်းဆီးခံရ တရားမဝင်လက်နက်များ တင်ဆောင်လာသော ကမ္ဘောဒီးယားအလံတင်ထားသည့် မြောက်ကိုရီးယား သင်္ဘောတစီးကို အီဂျစ်အာဏာပိုင်တို့က ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်သည့် လျှို့ဝှက်သတင်းတရပ်ကို ဝါရှင်တန်သတင်းက မနေ့က ဖွင့်ချရေးသားလိုက်သည်။ ပြီးခဲ့သည်နှစ် သြဂုတ်လအတွင်းက စူးအက်တူးမြောင်းမှာ ခုတ်မောင်းနေသည့် ဂျီရှန်းအမည်ရှိ မြောက်ကိုရီးယားသင်္ဘော ကို အမေရိကန်တို့၏ သတင်းပေးချက်အရ အီဂျစ်အာဏာပိုင်တို့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ သင်္ဘောပေါ်မှာ လျို့ဝှက် တင်ဆောင်လာသည့် အမေရိကန် ဒေါ်လာ ၂၃သန်းခန့် တန်ဖိုးရှိ RPG ရော့ကက်လောင်ချာ အလက် ၃သောင်းကို ရှာဖွေတွေ့ရှိကြောင်း ဖော်ပြထားပြီး၊ ထိုသတင်းကို အမေရိကန်အပါအဝင် အများစုက ဖုံးအုပ်ထားခဲ့သည်။ ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူခြင်းကို ခံထားရသည့် မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူသူမှာ မည်သူဆိုသည်ကို ကွဲကွဲပြားပြား မသိရသော်လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများ အဆိုအရ အီဂျစ်စီးပွားရေးသမားများက ဝယ်ယူကာ အီဂျစ်စစ်ဘက်ဆိုင်ရာသို့ ရောင်းချခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ငွေပေးချေမှုနှင့် ပတ်သက်၍ ကုန်ပစ္စည်းပေးအပ်ခြင်းသို့မဟုတ် ငွေသားပေးချေခြင်း ဆိုသည်ကိုမူ ရှင်းလင်းခြင်းမရှိသေးပေ။ ဤဖြစ်ရပ်သည် ကုလသမဂ္ဂပိတ်ဆို့အရေးယူမှု အကြားမှ မြောက်ကိုရီးယား၏ အကြီးမားဆုံး လက်နက်ခဲယမ်း ရောင်းချမှု ကိုဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ အားလုံးအံအားသင့်သွားစေခဲ့သည့် အီဂျစ်ကိုယ်တိုင် ဝယ်ယူခဲ့သည့် RPG ရော့ကက် လောင်ချာများ တွေ့ရှိမှုကို အသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဝါရှင်တန်နှင့် ကိုင်ရိုအကြား ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီးမှာ အီဂျစ်အနေနဲ့ မြောက်ကိုရီးယားနဲ့ လျို့ဝှက်ဆက်သွယ် နေကြောင်း အမေရိကန်က စွပ်စွဲခဲ့ပြီး၊ အရေးယူမှုပြုလုပ်ဖို့လည်း ပြောဆိုခဲ့သည်။ ဝါရှင်တန်ရှိ အီဂျစ်သံရုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အားလုံးအတိုင်း ဆက်လက်လိုက်နာသွားမည် ဖြစ်ပြီး၊ ယင်းဆုံးဖြတ်ချက်ကို ဆန့်ကျင်ကာ မြောက်ကိုရီးယားထံမှ စစ်ဘက်ပစ္စည်းများ ဝယ်ယူတင်သွင်းသွားမည် မဟုတ် ကြောင်း၊ အီဂျစ်အနေဖြင့် အမေရိကန်နှင့် ပွင့်လင်းမြင်သာမှုရှိရှိ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လက်နက်မှောင်ခိုမှုကို လည်း တိုက်ဖျက်နေကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် အမေရိကန်နှင့် ကုလသမဂ္ဂ တို့က မြောက်ကိုရီးယားလက်နက်များ အီဂျစ်သို့ တင်ပို့မှုကို တွေ့ရှိခဲ့ခြင်းကြောင့် အမေရိကန် အစိုးရ အနေဖြင့် အီဂျစ်အား ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီပေးမည့်ကိစ္စမှာ နှောင့်နှေးသွား စေခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် မဟာမိတ်များက ပိတ်ဆို့ဒဏ်ခတ်မှုပြုထားလင့်ကစား အဖိုးနှုန်းချိုသာသည့် စစ်လက်နက်ပစ္စည်းများကို မြန်မာအပါအဝင် အီရန်၊ ကျူးဘား၊ ဆီးရီးယား၊ အီရစ်ထရီးယားနှင့် အခြားသော အကြမ်းဖက် အဖွဲ့ ၂ဖွဲ့ထံရောင်းချနေသည့်အပြင် အီဂျစ်ကဲ့သို့သော အမေရိကန်၏ မဟာမိတ်နိုင်ငံများကိုပါ ရောင်းချပေးနေကြောင်း အကဲခတ်သမားများကဆိုသည်။ အဆိုပါ ဂျီရှန်းသင်္ဘောသည် သက်တမ်းလွန်သင်္ဘောတစီးဖြစ်ပြီး၊ မြောက်ကိုရီးယား ဟေဂျူးဆိပ်ကမ်း မှ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး သင်္ဘော ကပ္ပတိန်အပါအဝင် သင်္ဘောသား ၂၃ဦး၊ မြောက်ကိုရီးယား ကွန်မြူနစ် ပါတီမှ နိုင်ငံရေးအရာရှိ တဦးပါဝင်သည်။ အီဂျစ်သည် ၁၉၇၀ခုနှစ်မတိုင်မီက ဆိုဗီယက်အပါအဝင် မြောက်ကိုရီးယားနှင့် မဟာမိတ်အဖြစ် စစ်ရေးဆက်ဆံမှု အပြည့် အဝရှိခဲ့ပြီး၊ အီဂျစ်- အစ္စရေး ယွန်ကပူးစစ်ပွဲအပြီးမှာ အီဂျစ်လေတပ်၏ လေယာဉ်မှူးများကို မြောက်ကိုရီးယားက လေ့ကျင့် ပေးခဲ့မှုများ ရှိခဲ့သည်။ ယခု ဂျီရှန်း လက်နက်တင်သင်္ဘော ဖမ်းမိသည့် ကိစ္စနှင့် ပတ်သက်ပြီး အီဂျစ်အနေဖြင့် အနောက်အုပ်စုနှင့် ပထမဆုံး ထိပ်တိုက်ရင်မှုဖြစ်ပြီး၊ မည်မျှပင် ငြင်းဆိုစေကာမူ ရှုပ်ထွေးပွေလီမှုများက နောက်ဆက်တွဲ ပေါ်ပေါက်လာပြီဖြစ်ကြောင်း အနောက်အုပ်စု သံတမန်များက ပြောဆိုနေသည်။ ယခု မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူခြင်းကိစ္စတွင် ဝယ်ယူလိုက်သည့်အီဂျစ်ကုမ္ပဏီကို သံတမန် အသိုင်းအဝိုင်းက သိရှိထားကြသော်လည်း အမည်အားဖြင့်အတိအကျ ထုတ်ဖော်ခြင်း မရှိသေးသည်မှာ ထူးခြားချက်တစ်ခုဖြစ်သည်ဟု ဝါရှင်တန်ပိုစ်က ဆိုသည်။ The post အီဂျစ်သို့ ပေးပို့သည့် မြောက်ကိုရီးယား လက်နက်မှောင်ခို သင်္ဘော စူးအက်၌ ဖမ်းဆီးခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2xYnNst
via IFTTT

No comments:

Post a Comment